မောင်မောင်သန်း
(တောင်ကြီး)
.
e-Government လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက် ရာတွင် နိုင်ငံ့ဝန်ထမ်းများမှတစ်ဆင့် ဒေသခံ ပြည်သူများထံ ဆင့်ပွား အ
သိပညာပေးနိုင်ခြင်းဖြင့် နိုင်ငံတော် မှ ရှေ့ဆက်မည့် လုပ်ငန်းများ အခက် အခဲမရှိ
အဆင်ပြေချောမွေ့စွာ ပူး ပေါင်း ဆောင်ရွက်သွားနိုင်မည်ဖြစ် ပြီး သန့်ရှင်းသော
အစိုးရ (Clean Government)၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်
(Good Govenn -ance) အတွက် များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က ပြောကြားခဲ့သည်။
.
.
ရှမ်းပြည်နယ်အတွင်းရှိ ဌာန
ဆိုင်ရာဝန်ထမ်းများအား e-Govern-ment အထောက်အကူပြု အခြေခံ
ကွန်ပျူတာ သင်တန်းဖွင့်ပွဲကို နိုဝင် ဘာလ ၂၅ ရက်က တောင်ကြီးမြို့ ရှိ
ကွန်ပျူတာတက္ကသိုလ် ခန်းမ၌ ကျင်းပရာ အခမ်းအနား တွင် ပြည်နယ်ဝန်ကြီးချုပ်က
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က
နိုင်ငံတော်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင်
သန့်ရှင်း သောအစိုးရ(clean government) ကောင်းမွန်သော
အုပ်ချုပ်မှု စနစ် (good governance) ဖြစ်ပေါ်စေ ရေးမှာ
အရေးကြီးသော အခြေခံအ ချက်ဖြစ်သောကြောင့် ရုံးဌာနများ၌ လုပ်ငန်းများ
ဆောင်ရွက်ရာတွင် e-government စနစ်ဖြင့်စနစ်တကျ
ဆောင်ရွက်နိုင်ခြင်းသည် ဒီမိုကရေစီ ၏ ရည်မှန်းချက်ပန်းတိုင်ကို အောင် မြင်အောင်
အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စ တင်ဖွင့်လှစ်၍ သင်ကြား ပို့ချသော e-government
အထောက် အကူ ပြု အခြေခံကွန်ပျူတာသင်တန်း အား တက်ရောက်သင်ကြား ခြင်းဖြင့်
တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများသည် e-govern-ment ဆိုင်ရာ လုပ်ငန်းများအကောင် အထည်ဖော်ရာတွင် ပိုမိုစိတ်ဝင်စား
လာပြီးမိမိတို့ လုပ်ငန်းများအတွက် လည်း တစ်ဖက်တစ်လမ်းမှ ပိုမိုအထောက် အကူဖြစ်စေနိုင်သည့်
အ ကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ် ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ
ဝန်ထမ်းများအား အခြေခံ ကွန်ပျူတာဘာသာရပ်များ နားလည် တတ်ကျွမ်း စေရန်နှင့် e-Government
ဖော်ဆောင်ရာတွင် ဌာနဆိုင် ရာအသီးသီးမှ လိုက်ပါဆောင်ရွက်
နိုင်ရေးအတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်
အစိုးရအဖွဲ့ပြည်နယ် ဝန် ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်
အဆင့်ဌာနဆိုင်ရာများ၊ တောင် ကြီး ကွန်ပျူတာတက္ကသိုလ်မှနည်း ပြဆရာ/ဆရာမများ
သင်တန်းသူ သင်တန်းသားများ တက်ရောက်ကြ ပြီး၊ သင်တန်းကို နိုဝင်ဘာလ ၂၅ ရက် မှ ၂၉
ရက်အထိ ၅ ရက်ကြာဖွင့် လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရှိရသည်။
.
No comments:
Post a Comment