တာချီလိတ်တွင် ဒေသခံများအား စိုက်ပျိုးမွေးမြူရေး ခေတ်မီနည်းစနည်းများ အသုံးပြုတတ်စေရန် သင်တန်းပို့ချ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, December 3, 2019

တာချီလိတ်တွင် ဒေသခံများအား စိုက်ပျိုးမွေးမြူရေး ခေတ်မီနည်းစနည်းများ အသုံးပြုတတ်စေရန် သင်တန်းပို့ချ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့ရှိ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် နိုဝင်ဘာလ ၂၅ ရက်က ဒေသခံများ အား ခေတ်မီစိုက်ပျိုးရေး နည်းစနစ် များအသုံးပြု တတ်စေရန်နှင့် တိ ရစ္ဆာန်များတွင် ရောဂါကျရောက်ပါ ကအချိန်မီကုသနိုင်သည့် နည်းစနစ် များ တတ်မြောက်စေရန်အသက် မွေးသင်တန်းဖွင့်လှစ် သင်ကြားပေး ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ သင်တန်းကို တာချီ လိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျေး လက်နေပြည်သူများ သိသင့်သိ ထိုက် သည့် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ် များ၊ သီးနှံရောဂါပိုး ကာကွယ်ခြင်း အကြောင်း သိကောင်းစရာများ၊ တိရစ္ဆာန် ကုသရေးဆိုင်ရာ သိ ကောင်းစရာများကို သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
.
ဒီဘက်ဒေသမှာ စိုက်ပျိုးရေးဆို ရင်လည်း မိရိုးဖလာနည်းတွေပဲ အ သုံးများတယ်။ ဒါကြောင့် ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်တွေ သင်ကြား ပေးခဲ့တာပါ။ မွေးမြူရေးဆိုရင်လည်း ရောဂါကျရောက်လာရင် အသက်မ ဆုံးရှုံးအောင် ကာကွယ်နိုင်မယ့် နည်း လမ်းတွေ သင်ကြားပေးခဲ့ပါတယ်ဟု တာချီလိတ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက ပြော သည်။
.
သင်တန်းကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ၅ ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး တာချီလိတ်မြို့ နယ်အတွင်းရှိ မိုင်းဖုန်း (ခ) ကျေးရွာ အုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ နား ယောင်းကျေးရွာအုပ်စု၊ မိုင်းဟဲကျေး ရွာအုပ်စုနှင့် ဖန်မင်ကျေးရွာ အုပ်စု တို့မှ သင်တန်းသား ၂၅ ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းဖွင့်ပွဲသို့ တာ ချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ၊ တာချီလိတ်မြို့ နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုး၊ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော် လတ်၊ တာချီလိတ်မြို့နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦး စီးမှူး ဦးကျော်ကျော်နိုင်နှင့် သင်တန်း သားများ တက်ရောက်ခဲ့ကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)