လားရှိုးတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, December 4, 2019

လားရှိုးတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပ


ရှမ်းကြီး (LSO)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံတွင် ဒီဇင်ဘာလ ၃ ရက်က ဌာနဆိုင်ရာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါပွဲအား လားရှိုးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေရောင်အနာဂတ် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် လားရှိုးမြို့အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ မသန်စွမ်းသူများအတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
.
“လူ့အဖွဲ့အစည်းအတွင်းမှာ မသန်စွမ်းတွေဆိုတာလည်း ရှိတယ်။ မသန်စွမ်းတွေရဲ့ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ မသန်စွမ်းတွေရဲ့ အရေးတွေ၊ ကျွန်တော်တို့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို လူ့အဖွဲ့အစည်းတစ်ခုလုံးက သတိထားမိ လာအောင် ကျင်းပခြင်းဖြစ်ပါတယ်” ဟု ရွှေရောင်အနာဂတ် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုလင်းသူဟန်က ပြောသည်။
.
အခမ်းအနားတွင် မသန်စွမ်းသူများမှ အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဝှီးလ်ချဲ ၂ စီးအား ပေးအပ် လှူဒါန်းကာ အားပေးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
“မသန်စွမ်းတွေအတွက် အခမ်းအနား လုပ်ပေးတာ၊ လှုပ်ရှားမှုတွေ လုပ်ပေးတာ တွေ့ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ အိမ်တွင်းမှာရှိနေတဲ့ ကျွန်တော်တို့လို ဘဝတူညီအစ်ကိုတွေ အများနည်းတူ အပြင်ထွက်လာကြပါ။ မသန်ပေမဲ့လည်း စွမ်းနေကြတယ်၊ အခွင့်အရေးရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု အခမ်းအနား တက်ရောက်လာသူ ကိုကျော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အခမ်းအနားသို့ လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေရောင်အနာဂတ် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ မြို့နယ်များနှင့် လားရှိုးမြို့ရှိ မသန်စွမ်းသူများ၊ လားရှိုးမြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့ အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats