ဩစတေးလျနိုင်ငံ၊ CQ University တွင် တက်ရောက်မည့် ကျောင်းသားများအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Tuesday, December 24, 2019

ဩစတေးလျနိုင်ငံ၊ CQ University တွင် တက်ရောက်မည့် ကျောင်းသားများအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေး


ကမ္ဘောဇတိုင်း
.
MSI Overseas Education ၏ မိတ်ဘက်တက္ကသိုလ် ဖြစ်သော ဩစတေးလျနိုင်ငံရှိ Central Que-ensland University (Australia) တွင် ကျောင်းလခအတွက် ပညာသင် ဆု ၂၀ ရာခိုင်နှုန်း ပေးအပ်မည်ဖြစ် သောကြောင့် MSI နိုင်ငံခြားပညာ ရေးဝန် ဆောင်မှုတွင် လျှောက်ထား နိုင်ကြောင်း MSI ၏ မန်နေးဂျင်းဒါ ရိုက်တာ ဒေါ်စုစုလှိုင်ထံက သိရ သည်။
.
 
.
ကမ္ဘာ့အသိအမှတ်ပြု ဩစတေး လျ ဘွဲ့ဒီဂရီကို CQ University တွင် မြန်မာနိုင်ငံမှ ၁၀ တန်းနှင့် IGCSE  ‘O’ Level အောင်မြင်သူများ အနေဖြင့် Diploma တန်းမှ စတင်တက်ရောက် နိုင်ပြီး အစိုးရ တက္ကသိုလ်များမှ ပထမနှစ် အောင်မြင်ပြီးသူများ၊ International School မှ Year 12 ပြီးဆုံးထားသူများနှင့် GCE ‘A’ Level ပြီးဆုံးထားသူများ အနေဖြင့် Foun-dation တက်ရောက် သင်ယူရန် မ လိုဘဲ Bachelor တန်း ပထမနှစ်မှ စတင်တက်ရောက် နိုင်မည်ဖြစ် ကြောင်း သိရသည်။
.
ဩစတေးလျနိုင်ငံ၊ Central Queensland မြို့ရှိ CQ Univer-sity ကို ၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး Perth, Adelaide, Sydney နှင့် Melbourne စသောမြို့ကြီး ၅ မြို့တွင် ကျောင်း ပရိဝုဏ်ပေါင်း ၁၄ ခုဖြင့် တိုးချဲ့ဖွင့် လှစ်ထားသည်ကြောင်း သိရသည်။
.
Times Higher Education နှင့် QS University Rankings အရ CQ University သည် The World's Best 'Young Universities' အဖြစ် လည်းကောင်း ၊ Times Higher Education World Rankings အ ရ ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ် ၆၀၀ အတွင်း ပါဝင်သော ကျောင်း တစ်ခုအဖြစ် လည်းကောင်း အသိအ မှတ်ပြုခံထားရပြီး Allied Health, Business and Accounting, Creative, Performing and Visual Arts, Digital Media, Communication and Arts, Education and Teaching, In-formation Systems and Techno-logy, Nursing, Parame-dicine and Health, Service Industries, Transport and Safety Sciences စသည့် ဘာသာရပ် အပိုင်းများကို သင်ကြားပို့ချပေး လျက်ရှိကာ ဘွဲ့ ကြို (Foundation) Diploma တန်း များ၊ Certificate တန်းများနှင့် Master တန်း၊ Ph. D တန်းများအပြင် Master တန်းများ မတက်မီ Gra-duate Diploma တန်းများ၊ Certi-ficate တန်းများကို တက်ရောက် သင်ယူနိုင်ကြောင်း သိရှိရသည်။
.
အတန်းတွင်း သင်ကြားမှုများ အပြင် ရက်သတ္တပတ် ၁၀ ပတ်ကြာ မြင့်သည့် Internship program များ၊ လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိနိုင်သော Work-integrated Learning program များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ နှင့် ပညာရှင်များထံမှ လက်တွေ့အ တွေ့အကြုံများနှင့် အဆက်အသွယ် များ ရရှိနိုင်သော Residential Schools program များ၊ Volunteer လုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများ ပါဝင်သောကြောင့် ဘွဲ့ရပြီးနောက် မိမိနှစ်သက်ရာ သြစတြေးလျနိုင်ငံရှိ လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ရန် အဆင်ပြေစေမည်ဖြစ်သည်။
.
ထို့အပြင် နိုင်ငံပေါင်း ၁၁၅ နိုင်ငံ တွင် ကျောင်းသားဟောင်း အရေအ တွက် တစ်သိန်းကျော် ရှိသည့်အ တွက် မည်သည့်နိုင်ငံတွင်မဆို ပုဂ္ဂိုလ် ရေး နှင့်လုပ်ငန်းပိုင်းဆိုင်ရာအဆက် အသွယ်ပေါင်းများစွာ ရရှိနိုင်သည့် အတွက် တစ်ကမ္ဘာလုံးမှ ကျောင်း သား/သူများနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်နိုင် ခြင်း၊ ဘွဲ့ရပြီးပါက ကျောင်းသားများ အချိန်ပိုင်းနှင့် အချိန်ပြည့် အလုပ် များရရှိနိုင်ရန် CareerHub soft-ware နှင့် ချိတ်ဆက်ထားခြင်း၊ ဘွဲ့ ရပြီးထားသော စီနီယာများထံမှ အ လုပ်ပိုင်းဆိုင်ရာ အကြံဉာဏ်များ တောင်းခံနိုင်သည့် အခွင့်အလမ်း များရရှိစေမည် ဖြစ်သည်ဟု သိရ သည်။
.
CQ University လျှောက်ထား ရန်နှင့် အသေးစိတ်အချက်အလက် များကိုသိရှိလိုပါက MSI Myanmar ရန်ကုန်ရုံးချုပ်နှင့် မန္တလေးရုံးခွဲတို့ တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)