လွိုင်လင်တွင် သိန်း ၃၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ တွေ့ရှိခဲ့သော်လည်း သယ်ဆောင်လာသူ လွတ်မြောက်သွား - Kanbawza Tai News

Breaking

Wednesday, December 4, 2019

လွိုင်လင်တွင် သိန်း ၃၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ တွေ့ရှိခဲ့သော်လည်း သယ်ဆောင်လာသူ လွတ်မြောက်သွား


ဇေယျာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့တွင် ငွေကျပ်သိန်း ၃၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၃ ရက်၊ ညပိုင်းက တွေ့ရှိပြီး သိမ်းဆည်း ရမိခဲ့သော်လည်း သယ်ဆောင်လာသူမှာ ထွက်ပြေးသွားခဲ့သဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လွိုင်လင်မြို့အထွက်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး သွားကားလမ်း၌ ဒီဇင်ဘာလ ၃ ရက်၊ ည ၉ နာရီခွဲကျော်ခန့်က မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်သည် နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေး၍ လိုက်လံတားဆီးရာ မော်တော်ယာဉ်အား လမ်းဘေးတွင် ရပ်တန့်ထားသည်ကိုတွေ့ရသဖြင့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ပီနံအိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် တန်ဖိုးငွေကျပ် သိန်း ၃၄၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀ဝဝဝ ပြားကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူအား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats