ပညာရေးစုံညီပွဲတော် ကျင်းပရာတွင် ကျောင်းသား/မိဘများထံမှ ငွေကြေး ကောက်ခံပါက အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, December 7, 2019

ပညာရေးစုံညီပွဲတော် ကျင်းပရာတွင် ကျောင်းသား/မိဘများထံမှ ငွေကြေး ကောက်ခံပါက အရေးယူမည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအား ပညာရေးစုံ ညီပွဲတော် ကျင်းပနိုင်ရန်အတွက် ထောက်ပံ့ငွေများ ချထားပေးမည်ဖြစ် ပြီး ကျောင်းသား/ကျောင်းသူများ၊ မိဘများထံမှ ငွေကြေးကောက်ခံမှုများ ရှိပါက တိုင်ကြားသူ ရှိလျှင် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
 
,
ပညာရေးစုံညီပွဲတော် ကျင်းပ နိုင်ရန်အတွက် အခြေခံပညာ ကျောင်းအသီးသီးအား ဒီဇင်ဘာလ အတွင်း ထောက်ပံ့ငွေများ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သတင်းထုတ်ပြန်ထား သည်။
.
တရားဝင်တော့ ကောက်ခွင့်မ ရှိဘူး။ ဒါပေမဲ့ တချို့ကလည်း မိဘ၊ ဆရာက ပေးတာမျိုးလည်း ရှိကောင်း ရှိမယ်။ တိုင်ကြားတာရှိရင်တော့ အ ရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်ဟု ရှမ်းပြည်နယ်အစိုးရ အ ဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ပညာရေးစုံညီပွဲတော် ကျင်းပရန် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းလျှင် ကျပ် ၅ သိန်းနှုန်း ဖြင့် လည်းကောင်း၊ အထက်တန်း ကျောင်းခွဲနှင့် အလယ်တန်းကျောင်း တစ်ကျောင်းလျှင် ကျပ် ၃  သိန်း၊ အ လယ်တန်း ကျောင်းခွဲနှင့် မူလတန်း လွန်ကျောင်း၊ မူလတန်းကျောင်း၊ မူလတန်း ကျောင်းခွဲ၊ တွဲဘက်မူလ တန်းကျောင်းတစ်ကျောင်းလျှင် ကျပ် ၁ သိန်းခွဲစီဖြင့် ဒီဇင်ဘာလအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။
.
အခမဲ့ပညာရေး၊ ငွေမကောက် ရ ဘယ်လိုပဲပြောပြော ကောက်ခံတာ တွေကတော့ ရှိနေတာပါပဲ။ ကျောင်း ဝင်းထဲက အဆောင်ဟောင်းတစ်ခု ပြိုပျက်တော့ မယ်ဆိုပြီး ကျောင်း သား မိဘ တွေဆီက ငွေကောက်ခဲ့တာကို ကြုံခဲ့ရပါတယ်။ တကယ်တမ်းအခမဲ့ ပညာရေးဆိုရင် ကျောင်းသားမိဘ တွေဆီက ငွေကောက်စရာ မလိုပါ ဘူး။ အခုလည်း ပညာရေးစုံညီပွဲ အကြောင်းပြပြီး ဘယ်လိုခေါင်းစဉ် မျိုးနဲ့ ငွေကောက်မလဲဆိုတာ မသိရ သေးပါဘူးဟု တောင်ကြီးမြို့နေ ကျောင်းသားမိဘတစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
၂၀၁၉-၂၀ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်၌ အထက်တန်း ကျောင်း ၂၇၂ ကျောင်း၊ အထက် တန်းကျောင်း(ခွဲ) ၁၉၀ ကျောင်း၊ အ လယ်တန်းကျောင်း၂၈၁ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၇၉၃ ကျောင်း၊ မူလတန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၇၀၁ ကျောင်း၊ မူလတန်းတွဲကျောင်းက ၁၂ ကျောင်းရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats