၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်ရှိ မဲပေးမည့်သူများ စာရင်း စိစစ်နေ - Kanbawza Tai News

Breaking

Wednesday, December 4, 2019

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်ရှိ မဲပေးမည့်သူများ စာရင်း စိစစ်နေ


စိုင်းရာဇာ
.
လာမည့် ၂၀၂၀ ပြည့်နှစ် ပြည် လုံးကျွတ် အထွေထွေရွေးကောက် ပွဲတွင် မဲပေးမည့် ရှမ်းပြည်နယ်အ တွင်းရှိ မဲဆန္ဒရှင် ပြည်သူများ စာရင်း များအား စိစစ်လျက်ရှိကြောင်း ရှမ်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
.
.
မဲဆန္ဒရှင်စာရင်းက အတိအ ကျ မရသေးဘူး။ အခုက လူဦးရေစာ ရင်းထပ်တိုးပြီး ကောက်တာရှိတယ်။ တပ်တို့၊ ရဲတို့၊ အကျဉ်းဦးစီးတို့က ဌာနဆိုင်ရာတွေ မပါသေးဘူး။ တရား ဝင်အတိအကျ မသိသေးပါဘူး။ ရပ်ကျေးတွေက လိုအပ်တဲ့ စာရင်းတွေ ကောက်နေတုန်းပဲ ရှိပါသေးတယ်။ အခုက စိစစ်နေတုန်းပါ။ ရတာနဲ့ တရားဝင် ကြေညာပါ့မယ်ဟု ရှမ်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့် ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်စာရင်းများကို ၂၀၁၉ ခုနှစ်၊ နှစ်လယ်ပိုင်းမှ စတင်၍ ကောက်ခံ နေခြင်းဖြစ်ကြောင်း သိရသည်။
.
ဝ တို့၊ မိုင်းလားတို့ကတော့ အ ရင်ကတည်းက ရွေးကောက်ပွဲမလုပ် နိုင်တဲ့ နယ်မြေတွေပါ။ သူတို့ကတော့ မကောက်သေးဘူး။ ရွေးကောက်ပွဲ နီးရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးမှာပါ။ အခုချိန်မှာတော့ ဘယ်နေရာမှာ ကျင်းပမယ်/ မကျင်းပဘူး ဆိုတာ မသိရသေးပါဘူးဟု ၎င်းကဆက် လက် ပြောကြားခဲ့သည်။
.
၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် တစ် နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မဲဆန္ဒပေးခွင့်ရှိသူ လူဦးရေ ၃၇ သန်း ကျော် ရှိမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် တစ်ဦးက သတင်းစာရှင်းလင်းပွဲတစ် ခုတွင် မီဒီယာများသို့ ပြောဆိုထား ခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပြည် လုံးကျွတ်အထွေထွေရွေးကောက် ပွဲကာလက မြန်မာတစ်နိုင်ငံလုံးတွင် မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူလူဦးရေ ၃၄ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats