ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှတ်တမ်း - Kanbawza Tai News

Breaking

Boxed(True/False)

Monday, December 30, 2019

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှတ်တမ်း

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကာ လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၆၄ ခု မေးမြန်းခဲ့ကာ အဆို ခု အား တင်သွင်းခဲ့ရာ ခုအား အတည်ပြု၍ ခုကို မှတ်တမ်း တင်နိုင်ခဲ့ပြီး ဥပဒေ(မူကြမ်း) ခုကိုလည်း အတည်ပြုနိုင်ခဲ့ကာ အစီရင်ခံစာများကို လွှတ်တော်တွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
.
ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ် ()မှ ဒေါ်နန်းစံဟွမ်၏ပြည်ထောင်စုလမ်းမကြီးဖြစ်သော လားရှိုး-မန်စံ-နမ္မတူ လမ်းမ ပေါ်ရှိ နမ့်ဆီဝေါတံတားအား သံကူကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ၂၀၂၀ -၂၀၂၁ ခုနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တင်ပြတောင်းခံ သွားမည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းအောင်ခမ်း၏မိုင်းပန်မြို့နယ်ရှိ နမ့်ပန်ချောင်းအပိုင်းဖြစ်သည့် ဟွေကျောင်း ချောင်းဆုံမှ ကန်မောက်လျံကျေးရွာအထိ ()မိုင်()ဖာလုံ အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် သဲ၊ နုန်းများဆက်လက်တူး ဖော်ပေးမည်မေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှရန်ပုံငွေ ခွဲဝေရရှိမှုပေါ် မူတည်၍ ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးအေးမင်းစိုး၏ရွာ ငံမြို့၊ မြို့ကုန်းရပ်ကွက် မြောက်ဘက်မြေနေရာအား စံကိုက် ဘောလုံးကွင်းအဖြစ် ဖော်ထုတ်ပေးရန် အစီအစဉ်ရှိမရှိမေး ခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ၄င်းဘောလုံးကွင်းကို၂၀၁၈-၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်ဘတ် ဂျက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စံကွက်ဘောလုံးကွင်းအဖြစ် တည်ဆောက်နိုင်ရန် မြေဧရိယာ () ဧက ရရှိမှသာ စံကိုက်ကွင်းအဖြစ် ခွင့်ပြုပေးသွားမည် ဖြစ် ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်ဆန်းဒေး၏ရှမ်းပြည်နယ်အတွင်း ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကဏ္ဍတွင် ပြည်နယ်အစိုးရ၏ ကူညီဆောင်ရွက်နေမှု ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်း ရှဲန်တစ်လုံမှပြည်နယ်အစိုးရအနေဖြင့် စီမံကိန်း ၁၉ ခုကို စီ စဉ်ဆောင်ရွက်လျက် ရှိပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးဒါဝိဒ်၏မိုင်း ဆတ်မြို့နယ်၊ မိုင်းတွမ်းပေါ် ကျေးရွာအုပ်စု၊ အူးဖူဒေ့ကျေးရွာမှ ခကြားဒေကျေးရွာချင်းဆက် ကျောက်ခင်းလမ်းအား ပြုပြင်ထိန်း သိမ်းပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ၂၀၁၈-၂၀၁၉ ခုနှစ်တွင် လမ်းအား  မိုင် ခင်းကျင်းပေးခဲ့ပါ ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးတင်ဝင်း၏မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာမှ ပုံလုံကျေးရွာသွားလမ်း ()မိုင်()ဖာလုံအား မြေသားလမ်းချဲ့ ထွင်ခြင်း၊ ကျောက်ရောမြေခင်းခြင်းနှင့် ၎င်းလမ်းပေါ်ရှိ အရှည် (၂၀)ပေ၊ အမြင့်(၁၀)ပေ၊ အကျယ်(၁၈)ပေတံတားအား ဘေ လီတံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေး ခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလတ်တလောတွင် မြေသားလမ်းကို တိုးချဲ့ပေး သင့်ပါကြောင်း၊ ၄င်းလမ်းသည် ကျေးလက်လမ်းတွင် ပါဝင်ခြင်း မရှိပါကြောင်း၊ မြို့နယ်စီမံကိန်းရေးစွဲရေးကော်မတီမှ ဦးစားပေး တင်ပြလာပါက ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ပါ ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးတင်ဝင်း၏မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာမှ ဖာ လန်သို့သွားသည့် ကုန်ထုတ်လမ်း()မိုင်အား လမ်းချဲ့ထွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံကျော်မှ၈၄ ဒသမ ၆ရ သန်း ကုန်ကျမည်ဖြစ်ကြောင်း မိုင်းယန်းမြို့နယ် စီမံကိန်း ရေးဆွဲရေးကော်မတီမှ ဦးစားပေးအ လိုက် တင်ပြလာပါက ပြည်နယ်အတွင်းလျာထားပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးအောင်ထွဏ်း၏နမ့်ဆန်မြို့နယ်၊ လုံတောက်-လီလုကျေးရွာအုပ်စု ချင်းဆက် လမ်းပေါ်ရှိ လီလု-မန်ပိန်း သစ်သားတံတားအား ပြန်လည်ပြု ပြင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ၂၀၁၅-၂၀၁၆ ခုနှစ်မှ ကျေးလက်လမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြင်ဆင် ရန် ငွေချထားပေးခြင်း မရှိသဖြင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးမှ ပြည်ထောင်စုထံ တင်ပြထားပါကြောင်းပြန် လည်ဖြေကြားခဲ့သည်။
.
ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးသိန်းဇော်မိုး ရှမ်းပြည်နယ်အတွင်းတင်ဒါအောင်မြင်သော ကုမ္ပဏီများ မှ လုပ်ဆောင်ခွင့်ရရှိသော လုပ်ငန်းများသို့ ကွင်းဆင်းရာတွင် တာဝန်ခံများမတွေ့ရှိရမှုအပေါ် တင်ဒါစည်းကမ်းအရ မည်ကဲ့ သို့ အရေးယူဆောင်ရွက်မည်မေးခွန်းနှင့် စပ်လျဉ်း၍  ပြည် နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ၎င်းသည် အနည်းဆုံး ()ရက် ကြိုတင်အကြောင်းကြားရမည် ဖြစ်ကြောင်း ထိုနည်းအတိုင်း မဟုတ်ပါက  တင်ဒါစည်းကမ်း အတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ပြည့်ဖြိုးအောင် မှမိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲ၊ တာကြန့်ကျေးရွာ အုပ်စု၊ ကော်ဆမ်မိန်းကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်) ကျောင်း(ကော်ဆမ်မိန်း)တွင် ကျောင်းဆောင်သစ် ထပ်မံတိုး ချဲ့ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးမှုမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်လူမှုရေးဝန်ကြီး  ဒေါက်တာမျိုးထွန်းမှ၂၀၁၉ -၂၀၂၀ ပြည့်နှစ် ပြုပြင်နိုင်ရန်(၁၀)သန်းရရှိ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြို့နယ်စီမံကိန်းမှ တင်ပြလာမှုအပေါ် အာရ်စီ တစ်ထပ် ရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည် ဖြေ ကြားခဲ့သည်။
.
ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးသန်းထိုက်၏ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ပေးပို့တိုင်ကြားခဲ့သည့် တိုင်ကြား စာများမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ၂၀၁၈ ခုနှစ်မှ ယနေအချိန် ထိ တိုင်စာပေါင်း ၄၁ စောင် ရရှိကြောင်း၊ တိုင်စာပေါင်း(၃၆) စောင် စိစစ်ဖြေရှင်းမည်ဖြစ်ကြောင်း၊ ကျန်()စောင်အား စိစစ် လျက်ရှိကြောင်း၊ အရေးယူမှု အနေဖြင့် နိုင်ငံဝန်ထမ်း()ဦး ပြည်ထောင်စု အစိုးရမှ  နယ်ပြောင်းရွှေ့ရန် ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းအား ပြည်နယ်ဝန်ကြီးချုပ်မှ နောင်တွင် လုပ် ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် သတိပေး ဆုံးမ ထားကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းခင်ထားရီ၏ရှမ်းပြည်နယ်အတွင်းအခြေခံပညာကျောင်းများတွင် တိုင်း ရင်းသားဘာသာစာပေ ပြဋ္ဌာန်းပုံနှိပ်စာအုပ်များကို ပညာသင် နှစ်အလိုက် စဉ်ဆက်မပြတ် ထုတ်ဝေပေးရန် အစီအစဉ် ရှိ/ ရှိမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက် တာမျိုးထွန်းမှ၂၀၂၀-၂၀၂၁ ခုနှစ် ထုတ်ဝေသွားမည်ဖြစ် ကြောင်း စာရင်းများအား နေပြည်တော်ထံတင်ပြထားကြောင်း" ပြန်လည် ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးညီညီ()ဦးညီလေးချမ်း၏ရှမ်းပြည်နယ်တွင် ဆည်မည်မျှရှိပြီး၊ ရေပေး ဝေနိုင်သည့် ဧက၊ ရရှိသည့် အခွန်အခ၊ လျှပ်စစ်ဓါတ်အားထုတ် လုပ်နိုင်သည့် ဆည်နှင့် ရရှိသည့် အခွန်အခများကို စီမံဆောင် ရွက်ပေးမှုမေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှဆည်(၄၂)ခုရှိပြီး၊ စိုက်ဧကပေါင်း(၄၆၃၅၇)ဧက ဖြစ်ပြီး ရေခွန်အဖြစ် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၃၄၈၀၈၃၂၇ ဒသမ ၅၀ ကျပ် ရရှိ ကြောင်း၊ လျှပ်စစ် ထုတ်ယူမှုမှာ ဇော်ဂျီမှ ထုတ်ယူလျက်ရှိ ကြောင်း၊ ပြည်သူထံမှ ဓါတ်အား အခွန်အခများအား နိုင်ငံ ဘဏ္ဍာတို့ ခွဲဝေလျက်ရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးညီညီ()ဦး ညီလေးချမ်း၏  ရှမ်းပြည်နယ်တွင် ၁၉၄၅ခုနှစ်၊ ရဲအက်ဥပဒေ အာဏာသက်ရောက်ခြင်း ရှိ/မရှိနှင့် ပညာပေးဟောပြောပွဲများ ကို မည်သို့ စီမံဆောင်ရွက်ပေးမည်" မေးခွန်းနှင့် စပ်လျဉ်း၍  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှပုဒ်မ(၃၄)မှ(၄၀)အထိ အာဏာ သက်ရောက်လျက်ရှိသော မြို့နယ်များမှာ( တောင်ကြီး၊ ကလော၊ လွိုင်လင်၊ လွယ်မွေ၊ နမ္မ တူရှိပြီး ကျန်မြို့နယ်များတွင် မရှိပါကြောင်း၊ ဥပဒေရုံးများတွင် မေးမြန်းနိုင်ပါကြောင်း၊ ပညာပေးများအနေဖြင့် ခရိုင်ရုံးများမှ ဆောင်ရွက်လျက်ရှိကြောင်း" ပြန်လည် ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးညီညီ() ဦးညီလေးချမ်း၏  "ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂ဝ ပညာ သင်နှစ်၌ ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသူ/ ကျောင်းသားများအား ငွေကြေးထောက်ပံ့ခြင်းကို စီမံဆောင် ရွက်ပေးမှု" မေးခွန်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင် သန်းမောင်မှ၂၀၁၇-၂၀၁၈ ခုနှစ်တွင်မီး ၄၃၀၅ အတွက် တစ်ဦးလျှင်()သောင်းနှုန်းဖြင့် ၁၂၉ ဒသမ ၁၅သန်း၊ တိုက်ပွဲ ရှောင်(၁၆၃)ဦး အတွက် တစ်ဦးလျှင်()သိန်း ၁၆၃ သန်း၊ ရွာ ငံ မသန်စွမ်းသူ (၁၂)ဦး၊ တစ်ဦးလျှင်()သောင်းနှုန်းဖြင့် (၁၂)သိန်း ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကျောင်းသား/သူများ တွက် မူ/လယ်/ထက် အတွက် ထောက်ပံ့ပေးရန် အစီအစဉ် မရှိပါကြောင်း " ပြန်လည်ဖြေကြားခဲ့သည်။
.
ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းထွန်း ဉာဏ်၏ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ တော့ဆန်-မင်းကုန်း လမ်း အရှည်()မိုင်ခန့်အား ကျောက်လမ်းအဖြစ် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှနယ် စပ်ဒေသ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး ရန်ပုံငွေတွင် မြို့ နယ်အလိုက် ရာခိုင်နှုန်းဖြင့် ခွဲဝေပေးမှုအပေါ် မြို့နယ်စီမံကိန်း ရေးဆွဲရေးကော်မတီမှ မြို့နယ်ဦးစားပေးအလိုက် လျာထား တင်ပြလာပါက ရန်ပုံငွေခွဲဝေရရှိမှုအပေါ် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းလုံ၏  မိုင်းကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်း အဆောက်အအုံ၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း များနှင့် ဆရာ/ဆရာမများ လိုအပ်နေသည့်ကိစ္စနှင့် ပတ်သက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ၂၀၁၉-၂၀၂၀ တွင် ၂၅၀ ဒသမ ၇၉၃ သန်းခွဲရရှိထားပြီး နွေရာသီကျောင်း ပိတ်ရက်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကွန်ဗျူတာ ဝယ်ယူရန်အတွက်လည်း တင်ဒါခေါ်ယူရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ပညာရေးကောလိပ်ဆင်း ဆရာ/ဆရာမများခန့်ထား ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းပြန်လည်ဖြေကြား ခဲ့သည်။
.

.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးညီညီ()ဦးညီလေးချမ်း၏မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များတွင် ၂၀၁၆ ခုနှစ်မှ ယနေ့ထိ ဂျုံ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အခြားသီးနှံများ စိုက်ပျိုးထွက်ရှိမှု၊ ထွက်ကုန်များကို စီမံဆောင် ရွက်နေမှုနှင့် အခွန်ငွေရရှိမှုမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှဒေသ ခံ ပြည်သူ့စစ်များမှ ကုမ္ပဏီထောင်၍ ပြည်တွင်းအခွန် ဦးစီးဌာန တွင် အခွန် ရာခိုင်နှုန်း ပေးသွင်းရကြောင်း၊ ထိုကုမ္ပဏီများ၏ ဝင်ငွေခွန်၂၅ ရာခိုင်းနှုန်းသာ ဝင်ငွေခွန် ကောက်ခံခြင်းဖြစ်ပြီး သီးနှံတစ်မျိုးတည်းအလိုက် ဝင်ငွေခွန် ကောက်ခံပေးခြင်း မရှိ ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးညီညီ() ဦးညီလေးချမ်း၏ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများ ဟဲဟိုးလေဆိပ်မှ ပင်းတယနှင့် ဘော်ဆိုင်းမြို့များသို့ အချိန်တို အတွင်း သွားလာနိုင်ရန်အတွက် ကျောက်ချောလမ်းသို့မဟုတ် ကတ္တရာလမ်း ပြုလုပ်ပေးရန် မည်သို့ စီမံဆောင်ရွက်ပေး မည်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေးမှဟဲဟိုးလေဆိပ်အား အဆင့်မြှင့် တင်မည်ဖြစ်သဖြင့် ၎င်းလမ်းသည်လည်း ကင်းလွတ်မည် ဟုတ်သည့်အတွက် လက်တလောတွင် ဆောင်ရွက်ပေးနိုင် မည် မဟုတ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.

တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှိုင်း ထွန်းအောင်ကကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ ခြေခံပညာမူလတန်း(လွန်) ကျောင်း (ဝမ်ငုတ်)တွင် စာသင်ခုံ များ၊ အိမ်သာနှင့် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် စီမံဆောင်ရွက်ပေးမှုမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ  ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စာသင်ခုံအတွက် အခြေခံပညာဦးစီးဌာန နေပြည် တော်သို့ တောင်းခံထားကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ () ခန်းတွဲ အိမ်သာအတွက် တောင်းခံလာသဖြင့် အခြေခံပညာ ဦးစီးဌာန နေပြည်တော်သို့ တင်ပြထားကြောင်းနှင့် ထိုကျောင်း တွင် အဝီစိတွင်းရှိသဖြင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာနှင့် ညှိ နှိုင်း၍ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ပြန်လည် ဖြေကြားခဲ့သည်။
.
လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းအောင်မျိုး ကျော်၏ရင်းနှီးမြှုပ်နှံသူများအတွက် အဟန့်အတား ဖြစ်နေ သည့် မြေအသုံးချမှု ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် မြေယာဘဏ်(Land Bank) အစီအစဉ်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံကိန်းရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီ အနေဖြင့် မည်သည့် မြေအမျိုးအ စားတွင် ရင်းနှီးမြုပ်နှံရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန/ ထွေ အုပ်တို့တွင် လျောက်ထားနိုင်ကြောင်းနှင့်  ရင်းနှီးမှု ကော်မတီ အတွက် ကုန်စည်ပြပွဲများ ကျင်းပကာ နိုင်ငံခြားရင်းနှီး မြုပ်နှံမှု ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည် ဖြေကြား ခဲ့သည်။
.
ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစဝ်အောင်မြတ်()ဦးအောင်မြတ်၏တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာ အုပ်စု၊ သရက်ပင်လှ ကျေးရွာနှင့် ဘော်ဆိုင်းလမ်းမကြီးအထိ ဒေသကုန်ထုတ်လမ်း()မိုင်အား ဖောက်လုပ်ပေးရန် အစီအ စဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ " အဆိုပါ လမ်းအား ဖောက်လုပ်မည်ဆိုပါက တောင်သူ(၂၃)ဦး ပိုင်မြေ ကို ဖောက်ထုတ်ရမည် ဖြစ်သဖြင့် တောင်သူများ၏ သဘောတူ ညီမှုနှင့် အတူမြို့နယ် စီမံကိန်းရေးဆွဲရေး ကော်မတီမှ တင် ပြလာမှုအပေါ် ပြည်နယ်ဘဏ္ဍာတွင် လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးဆန်းဝင်း အောင်() ဦးအောင်အောင်၏ရှမ်းပြည်နယ်အတွင်းရှိ ရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားများမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင် ဘာလအထိ တရားဝင် ခွင့်ပြုထားသော တရုတ်နိုင်ငံသား (၆၈၃)ဦးရှိပြီး တရားမဝင်(၅၁၄)ဦးရှိကာ ၁၉၄၇ နိုင်ငံသား ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ဗီီဇာစည်းကမ်း ဖောက်ဖျက်သော နိုင်ငံသားများကိုလည်း ပုဒ်မ (-/ -) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း " ပြန်လည် ဖြေကြား ခဲ့သည်။
.
မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးဆန်းဝင်းအောင် ()ဦးအောင်အောင်၏ပြည်နယ်အတွင်း လောင်းကစားဝိုင်း များ လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်များအလိုက် လောင်းကစားဝိုင်းများ ဖွင့်လှစ်လျက်ရှိသူများကို အမြန်ဆုံး ရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ..၂၀၁၉ ရက်နေ့မှ ၃၁.၁၁.၂၀၁၉ ရက်နေ့အထိ လောင်း ကစား ကျား(၂၆၅) ဦး (၉၅)ဦးတို့အား ဖမ်းဆီးအရေးယူ လျက်ရှိကြောင်း  ရဲ/ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် အညီ ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း " ပြန်လည် ဖြေကြား ခဲ့သည်။
.
ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါက်တာဝဏ္ဏ စိုး၏ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများနှင့် ပတ်သက်၍ လုပ် ငန်းစီမံကိန်းများ လျာထားခြင်း၊ ခွင့်ပြုပေးခြင်းနှင့် မည်သို့ ဆောင်ရွက်နေသည်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှရသုံးမှန်းခြေ ငွေ စာရင်းအား ပြည်ထောင်စုစီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးရုံးမှ ရေးဆွဲပြီး ဒုတိယပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ထံတင်ပြရကြောင်း၊ ဒုဝန်ကြီးမှ စိစစ်ပြီး ပြည်ထောင်စုဝန်ကြီး ထံတင်ပြရကြောင်း ဝန်ကြီးမှ စိစစ်ပြီး ဒုတိယသမ္မတထံ တင် ပြရကြောင်း ဒုတိယသမ္မတမှ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး အတည် ပြုကာ ဘဏ္ဍာရေးဝန်ကြီးမှ အမိန့်ထုတ်ပြန်ရကြောင်းပြန် လည်ဖြေကြားခဲ့သည်။
.
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးမျိုးမင်းထွန်း၏တောင်ကြီး-မိတ္ထီလာ ပြည်ထောင်စုလမ်းမကြီးနှင့် တောင်ကြီး -အေးသာယာ စက်မှုဇုန်သွား လမ်းဆုံတွင် သုံးဖက်မြင်မီးပွိုင့် ()ခု (သို့မဟုတ်) လမ်းအမှတ်အသားများ ပြုလုပ်ပေးရန် စီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ " ရှမ်းပြည်နယ် အစည်း ဝေးအမှတ်စဉ်(၁၇/၂၀၁၉)ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် လျာ ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ပြန်လည်ဖြေကြားခဲ့ သည်။
.
မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးသန်းဝင်း၏မိုင်းဆတ်မြို့နယ်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လမ်း ထောင့်မှ အမှတ်() အထက်တန်းကျောင်း လမ်းဆုံထိနှင့် စျေးအနောက်ဘက် မိုင်းဆတ်တောင်တန်း ကားဂိတ်မှ လေ ယာဉ်ကွင်းထိ လမ်းသွယ်နှစ်ခုအား ကျောက်ချောလမ်း/ ကွန် ကရစ်လမ်း/ ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ပေးနိုင်ခြင်း ရှိ /မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ " ၂၀၂၀-၂၀၂၁ ခုနှစ်တွင် နှစ်အလိုက် လျာထားကာ ဘဏ္ဍာငွေ ရရှိမှုအပေါ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။
.
နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးလင်းအောင်ဆွေ ကျေးလက်ဒေသဖွံ့ဖြိုးရေးနယ်မြေနှင့် နယ်စပ်ဒေသ တိုင်း ရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးနယ်မြေများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ နတလရန်ပုံငွေကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနယ် မြေကဲ့သို့ ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့် လွင်မှ၂၀၂၀-၂၀၂၁ ခုနှစ်တွင် နတလ ရန်ပုံငွေတွင် ထည့် သွင်း လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ကြောင်းပြန် လည် ဖြေကြားခဲ့သည်။
.
ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးအိုက်မွန်း၏ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ မိုင်းယုကျေးရွာနှင့် မန်နိမ်းအွန်ကျေးရွာအုပ်စု၊ မန်နိမ်းအွန်ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်းပြုလုပ်ပေးရန်၊ (၁၀)ပေ တံတား ()ခုနှင့် Box Culvert (၁၀)ခုကို မည်သည့်ဘဏ္ဍာ ရေးနှစ်တွင် ပြုလုပ်ပေးမည်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှမြေ သားလမ်းမိုင်(၂၀)အား လတ်တလောတွင် ဆောင်ရွက်ပေးနိုင် မှု မရှိပါကြောင်း၊ မြို့နယ် စီမံကိန်းရေးဆွဲရေး ကော်မတီမှ မြို့ နယ်ဦးစားပေးအလိုက် တင်ပြလာပါက အနီးစပ်ဆုံး ဘဏ္ဍာ နှစ်တွင် လျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးညီညီ() ဦး ညီလေးချမ်း၏ရှမ်းပြည်နယ်တွင် အာဖရိက ဝက်အပြင်းဖျား ရောဂါကာကွယ်ရန် မည်သို့ ကြိုတင်စီမံ ဆောင်ရွက်နေသည်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှအဆိုပါ ရောဂါသည် မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ဝင် ရောက်လာခဲ့ကြောင်း  ရှမ်းပြည်နယ်အတွင်းရှိ ၄၉ မြို့နယ်တွင် လက်ကမ်းစာစောင် ၈၄၃၈၄ စောင်အား ရွာပေါင်း (၃၁၆)ရွာ တွင် ပညာပေး ဖြန့်ဝေထားကြောင်း၊ နယ်စပ်ဂိတ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဌာနတို့မှ ဆေး ဖြန်းခြင်း ဝက်မွေးမြူရေးခြံ ၂၆၃၁ ခြံအား ရောဂါ ရှိ/မရှိ စစ်ဆေး ခဲ့ကြောင်းနှင့် စည်ပင်သာယာရေး သားသတ်ရုံမှ အသားများ သည် ဆေးမှတ်ချက်ဖြင့် အန္တရာယ်အကင်းဆုံးဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးညီညီ()ဦးညီလေးချမ်း၏၂၀၁၉ ခုနှစ်၌ ရှမ်းပြည်နယ်အတွင်းတွင် ရာသီတုပ်ကွေး မည်မျှဖြစ်ခဲ့ပြီး သေဆုံးသူ မည်မျှရှိကြောင်းနှင့် ပညာပေး အစီအစဉ်များ စီမံဆောင်ရွက်နေမှုမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှရှမ်း ပြည်နယ်တောင်ပိုင်းတွင် ရာသီတုပ်ကွေး(၁၄)ဦး ဖြစ်ပွားခဲ့ပြီး ()ဦးသည် H1N1 ဖြစ်ပွားပြီး ရှမ်းမြောက်တွင် ()ဦးဖြစ်ပွား ခဲ့ကာ၊ H1N1()ဦးရှိပြီး ရှမ်းရှေ့တွင် ()ဦးဖြစ်ပွားကာ H1N1 မတွေ့ရှိရပါကြောင်းနှင့် ကျေးရွာများတွင် စစ်ဆေးခြင်း၊ သီး ခြား ကုသဆောင်ထားရှိခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ လူပေါင်း ၇၂၉၀ ဦးအား ကာကွယ်ဆေး ထိုးပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးလင်းအောင် ဆွေ၏နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်း လိုအပ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွင်းဆင်းစိစစ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှသက်ဆိုင်ရာ နယ်မြေများ အလိုက် ဝန်ကြီးများ တာဝန်ခွဲဝေ၍ ပြည်သူများ၏ လိုအပ် ချက်များအား ဆောင်ရွက်ပေးရန် စီမံထားကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးသန်းဝင်း၏မိုင်းဆတ်မြို့နယ်၌ နိုင်ငံတော် အစိုးရနှင့် ချုပ်ဆိုထားသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခြင်း စာချုပ်ပါ စည်းကမ်း များ ဖောက်ဖျက်နေသည့် လွယ်ဆမ်ဆုံ ကုမ္ပဏီလိမိတက်မေး ခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ "၁၄..၂၀၁၆ ရက်နေ့တွင် ၎င်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းစာချုပ်သည် နှစ်(၃၀)ဖြစ်ကာ စာ ချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်ပါက စစ်ဆေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါက်တာဝဏ္ဏ စိုး၏ကျိုင်းတုံမြို့နယ်၊ အတွင်းရှိ မိုင်းကိုင်၊ နမ့်ခတ်၊ မိုင်းငွန်း၊ တာလုတာလေ၊ ပန်မတ်၊ ဝမ်တာပင်း၊ နောင်တောင်း၊ မိုင်းနော့ ဖာတ၊ နမ့်အင်းနှင့် မိုင်းလပ်ကျေးရွာအုပ်စုရှိ စုစုပေါင်း ကျေး ရွာ(၁၀၃)ရွာတွင်  တယ်လီဖုန်း နှင့် Internet အသုံးပြုနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် မည်သို့ စီမံဆောင်ရွက် ထားသည်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှတာဝါတိုင်တည် ဆောက်ရန် စစ်ဆေးဆောင်ရွက်ခဲ့ပြီး တာဝါတိုင်တပ်ဆင်ပေးနိုင်ခြင်း မရှိ သေးပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်ရီရီဝင်း၏  မိုး မိတ်မြို့၏ အရှေ့ဘက်()မိုင်ခန့်တွင် တည်ဆောက်ထားသော ခရိုင်ရုံး အဆောက်အဦများနှင့် ခရိုင်မြို့သစ်စီမံကိန်းမေးခွန်း နှင့် စပ်လျဉ်း၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ၎င်းရုံးသည် ထွေအုပ်/တရားရုံး၊ ဥပဒေရုံး၊ ရဲ၊ စီမံကိန်းရေးစွဲရေးရုံး၊ စိုက်ပျိုးရေးရုံး၊ လမ်းဦးစီး ဌာနရုံးတို့ဖြစ်ပြီးလက်နက်ကိုင်များအနေဖြင့် လူသစ်စု(၂၃) ကြိမ်၊ ထိတွေ့မှု()ကြိမ်၊ မိုင်း()ကြိမ်ဖြစ်ပွားခဲ့သဖြင့် ဝန်ထမ်းများသည် လုံခြုံရေး အနေဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခြင်း မရှိကြောင်း၊ မြေ(၂၀၄)ဧကအား ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန မှ ဆောင်ရွက်လျက်ရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်ရီရီဝင်း၏လူ့ အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်စဉ်များ မဖြစ်ပေါ်စေရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ပြည်သူလူထုများ သိ ရှိစေရန်အတွက်  စီမံဆောင်ရွက်ပေးမှုမေးခွန်းနှင့် စပ်လျဉ်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှ ဦးမှလူ့အခွင့်ရေး ဖောက်မှုဖြစ်စဉ်အား ထွေအုပ်/ရဲ/ရပ် ကွက်/ကျေးရွာ အုပ်ချုပ်ရေးနယ်မြေမှူး/ဆယ်အိမ်မှူးတို့ထံ တွင်လည်း တိုင်ကြားနိုင်ပါကြောင်း၊ လစဉ် လုံခြုံရေးအစည်း အဝေး ကျင်းပရာ၌လည်း ပညာပေးရေး၊ လူကုန်ကူးခြင်း မခံ ရအောင် ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစဝ်အောင်မြတ် () ဦးအောင်မြတ်၏အထက်ကျိုင်းတောင်း ရေအားလျှပ် စစ်စီမံကိန်းအား နောက်ဆုံး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာငွေ ရရှိမှုနှင့် မည်သည့် အချိန်ကာလတွင် လျှပ်စစ်ဓာတ်အား ထုတ် လုပ်နိုင်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက် အသုံးပြုနိုင်မည်ကို သိရှိလိုပါသည်မေးခွန်းနှင့် စပ် လျဉ်း၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး  ဦးစိုင်းရှဲန် တစ်လုံမှ " ယခုတွင်(၅၀ ဒသမ ၈၉)ရာခိုင်နှုန်း အထိပြီးစီးကာ တပ်ဆင်ရမည် စက်ပစ္စည်း ရောက်ရှိလာပါက ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း " ပြန်လည် ဖြေ ကြားခဲ့သည်။
.
ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းထွန်း ဉာဏ်၏ကျောက်မဲမြို့နယ်ရှိ တင်ဒါအောင်မြင်ထားသော Green Hope Company မှ ပုဂ္ဂလိကအမှိုက်သိမ်းစနစ် ဆောင် ရွက်ရန် ပြည်နယ်အစိုးရသို့ တင်ပြထားခြင်းအား ဆောလျင် စွာ ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှပြည် နယ်ဝန်ကြီးချုပ်မှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန် အမိန့်ရရှိထားပြီး ဥပဒေချုပ်နှင့် စာချုပ်ချုပ်ဆိုရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း " ပြန်လည် ဖြေကြားခဲ့သည်။
.
သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းခင်ထားရီ၏သိန္နီမြို့အထွက် Oriental Highway Company Toll Gate အနီးတွင် အချိန်ပြည့်ရှိနေသည့် ပြည်နယ်၊ ခရိုင်၊ ဒုစရိုက်နှိမ် နင်းရေးအဖွဲ့ဝင်နှင့် စစစ၊ CID အဖွဲ့များမေးခွန်းနှင့် စပ်လျဉ်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ၎င်းနေရာတွင် ဓါတ်အားခွဲရုံရှိသဖြင့် ရဲ + ဦး ပြည် နယ် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ + ဦး ခရိုင်ရဲမှူး အမိန့်ဖြင့် ခရိုင်ဒုစရိုက်နှိနင်းရေးမှ + ဦးဖြင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမိန့်ဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း စစစ၊ CID တာ ဝန်ချထားခြင်း မရှိကြောင်း၊ လုံခြုံရေးဆောင်ရွက်ရန်အတွက် တာဝန်ပေးခြင်း ဖြစ်ပြီး မော်တော်ယာဉ်များထံမှ ငွေကြေး တောင်းခံကြောင်း၊ သက်သေများဖြင့် တင်ပြလာပါက ရဲစည်း ကမ်း/ဌာနဆိုင်ရာ စည်းကမ်းဖြင့် အရေးယူသွားမည် ဖြစ် ကြောင်း " ပြန်လည် ဖြေကြားခဲ့သည်။
.
မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းလင်းမြတ် ပင်လုံမြို့ရှိသမိုင်းဝင် ပင်လုံ ကတိကဝတ်စာချုပ် ချုပ်ဆို ရာနေရာ အထိမ်းအမှတ် ကျောက်တိုင်ပေါ်တွင် ကမ္ပည်းမော် ကွန်း ရေးထိုးထားမှုမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှထိုကျောက်တိုင်နှင့် ပတ် သက်၍ ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်အားအမည် လွဲမှားနေမှုအား တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ် (၇၃) နှစ်ပြည့် ပြည်ထောင်စုနေ့မတိုင်မီ အပြီး ပြင်ဆင်သွားမည်ဖြစ် ကြောင်းနှင့် နိုင်ငံခေါင်းဆောင်များ လက်မှတ်ရေးထိုး ပုံတူပန်း ချီကားကို ၃၁.၁၂.၂၀၁၉ ရက်နေ့တွင် အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းလင်းမြတ် မိုင်းရှူးမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး (CSR) လက်ကျန် ရန်ပုံငွေဖြင့် လုပ်ငန်းငယ်များ ဆောင်ရွက်ရန် တင်ပြတောင်းခံ မှုအား ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ" မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဒေါက်တာညီညီအောင်မှဝန်ကြီးချုပ်မှ ၁၃.၁၂.၂၀၁၉ ရက်နေ့တွင် ခရိုင်အဆင့် သယံဇာတနှင့် ပတ် ဝန်းကျင် ထိန်းသိမ်းရေးကော်မတီအား ဖွဲ့စည်းပေးခဲ့ကာ ဒေ သဖွံ့ဖြိုးရေး ကျပ်(၇၈၆)သိန်းမှ ငွေကျပ်(၇၅၀)သိန်းအား ထုတ် ယူကာ ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းပြန်လည်ဖြေ ကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါက်တာ ဝဏ္ဏ စိုး၏ကျိုင်းတုံမြို့နယ်၊ အမှတ်()ရပ်ကွက်၊ သစ်တစ်ပင်တောင် ကုန်းအတက် ကတ္တရာလမ်းအား နိုင်လွန်ကတ္တရာ(AC) လမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ် လျဉ်း၍ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ၎င်းအား ပြုလုပ်မည် ဆိုပါက ကျပ်သန်း ၄၁၇.၅၅ သန်းကုန် ကျမည် ဖြစ်သဖြင့် လက်တလောတွင် ဆောင်ရွက်ပေးရန် စီအစဉ်မရှိပါကြောင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။
.
သီပေါမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းစမ်းစမ်း အေး၏၂၀၁၇-၂၀၁၈ပညာသင်နှစ်၊ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်၌ တိုင်းရင်းသားဘာသာ စာပေသင်ကြားသော ဆရာများ၏ ထောက်ပံ့ကြေး  မေးခွန်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှနေ့စား/လပေး  T A () ရက်လျင် (၄၇၀၀)ကျပ်အား လပေး() ဆရာ/ LTတစ် (၃၀၀၀၀)ကျပ် တိုင်းရင်းသားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ထောက်ပံ့ကြေး ပေးဆောင်ရန် ..၂၀၁၉ ရက်နေ့တွင် ခရိုင် ပညာရေးမှူးရုံးသို့ စာရင်းပြုစုရန် ဖုန်း၊ ဖက်စ်၊ နုတ်မိန်းဖြင့် ညွန်ကြားထားကြောင်းနှင့် စာရင်းများပြုစု၍ ပညာရေးမှူးရုံးမှ အခြေခံပညာဦးစီးဌာန နေပြည်တော်သို့ တင်ပြထားကြောင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာတို့ တင်ပြ၍ ညွန်ကြားချက်ရရှိပါက ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
မိုင်းယန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ဦးတင်ဝင်း၏မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာ အတွက် ကုန်းမြင့်လယ်ယာ(၉၅)ဧက ဖော်ထုတ်ပေးရန် အစီ အစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှယင်း ကိစ္စအား ကုန်းမြင့်လယ်ယာဖော်ထုတ်ရေး ဦးစီးဌာနမှ သစ် တော ကြိုးဝိုင်းမြေ၊ အခြားဌာနပိုင် မြေ ဟုတ်/မဟုတ်အား ကွင်းဆင်း စိစစ်လျက်ရှိကြောင်းနှင့် မြို့နယ်စီမံကိန်း ရေးစွဲရေး ဦးစီးဌာန ဦးစားပေး တင်ပြလာမှုအပေါ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် လျာထားပေးသွားမည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး လွှမ်းမိုးအောင် " ရပ်စောက်မြို့နယ် ပါမဲကျေးရွာအုပ်စု (၁၁)မိုင်ကျေးရွာ တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ မရှိ၍ ဆက်သွယ်ရေးတာ ဝါတိုင် တစ်ခုအား အစိုးရ အစီအစဉ်ဖြင့် စိုက်ထူ ဖွင့်လှစ်ပေး နိုင်မည့် အစီအစဉ် ရှိ/မရှိ" မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှတာဝါတိုင် စိုက်ထူရန် မေမနေရာ အခက်အခဲ ရှိသဖြင့် ၂၀၁၉-၂၀၂၀ MPT မှ လုပ်ပေးရန် အစီအစဉ် မရှိပါကြောင်း အခြားပုဂ္ဂလိက ကုမ္ပဏီများ တင်ပြလာပါက လုပ်ငန်း သတ်မှတ်ချက်နှင့် အညီ စစ်ဆေးပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
လင်းခေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းအောင် မျိုးကျော်၏၂၀၂ဝ ပြည့်နှစ် နွေရာသီကာလ၌ ရှမ်းပြည်နယ် အတွင်းရှိ မြို့များတွင် လျှပ်စစ်ဓာတ်အား အချိန်မှန်မှန် ရရှိ ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြင် ဆင် ဆောင်ရွက်ထားရှိမှုမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လျှပ် စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှပြည်ထောင် စုလျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနမှ လုံလောက်သောလျှပ်စစ် ဓါတ်အားများ ထုတ်လုပ်ရရှိအောင်စီမံနေပါကြောင်း ရှမ်းပြည် နယ်တွင် ဓါတ်အားထုတ်လုပ်မှု ဆောင်ရွက်နေသော်လည်း ဒေသခံအချို့မှ ရေအားလျှပ်စစ် လုပ်ငန်းအား ကန့်ကွက်လျက် ရှိကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းရှူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() မှ ဒေါ်နန်းကောင်ခမ်း မိုင်းရှူးမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ရုံးအ ဆောက်အအုံသစ်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက် လုပ်ပေးမည်ကို သိရှိလိုပါသည် " မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံကျော်မှ၎င်းအား ၂၀၁၉-၂၀၂ဝ ခု ဘဏ္ဍာရေးနှစ်တွင် အကြီးစားပြင်ဆင်မှု တင်ပြတောင်းခံခဲ့သော်လည်း  ခွဲဝေရာ တွင် ပါဝင်ခြင်း မရှိဘဲ ရန်ပုံငွေအား ဆက်လက်တောင်းခံပေး သွားမည် ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး သက်ပိုင်ထွန်း၏ရှမ်းပြည်နယ်အတွင်းရှိ တိုင်းသား ပြည်သူများ စားသုံးဆီကို ကျန်းမာရေးနှင့် ညီညွတ်ပြီး လုံခြုံစိတ်ချစွာ စားသုံးနိုင်ရေးနှင့် ယုံကြည်မှု ပိုမိုမြင့်တက်လာနိုင်ရေး  စီမံဆောင်ရွက်ပေးမှု" မေး ခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုး ထွန်းမှ" စျေးကွက်သို့ ရောင်းချမည့် လုပ်ငန်းလိုင်စင်လျှောက် ထားရာတွင် အမှတ်တံဆိပ်၊ ထားသိုမှု၊ သုံးစွဲရန် အညွန်း၊ ထောက်ခံချက်များဖြင့် အချက်အလက်ပြည့်စုံစွာဖြင့် နေပြည် တော်သို့ တင်ပြရကြောင်း၊ နေပြည်တော်မှ စိစစ်ပြီး ကျန်းမာ ရေး ကိုက်ညီပါက တစ်နှစ် စတင်ပြုလုပ်ခွင့်ပြုကြောင်း၊ ရှမ်း ပြည်နယ်တွင် (၇၃)မျိုး ရောင်းချရန် နေပြည်တော်သို့ တင်ပြ ထားရာ ၎င်းအနက်မှ ()မျိုး ရောင်းချထုတ်လုပ်ခွင့်ပြုထား ကြောင်း၊ ရှမ်းပြည်နယ်တွင် ရောင်းရာတွင် စံနှင့် မကိုက်ညီ သော အမှုပေါင်း(၁၀၃)မှု ပင်းတယမြို့တွင် တိုင်ကြာမှု ဖြစ်ပွားခဲ့ရာ နမှုနာ ဝယ်ယူပြီး နေပြည်တော်သို့ ပို့ဆောင်ပေး ပြီး နေပြည်တော်မှ စားသုံးရန် မသင့်သဖြင့် ထုတ်လုပ်သူအား ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ဆီပိဿာပေါင်း ၂၈၈၀ အား အမှိုက်ကျင်းတွင် မြေမြုပ်ခဲ့ကြောင်းပြန်လည် ဖြေကြား ခဲ့သည်။
.
မိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ ဦးဆန်းဝင်း အောင်() ဦးအောင်အောင်၏မိုင်းတုံမြို့နယ်၊ နားကောင်း မူးကျေးရွာ ပတ်ဝန်းကျင်နှင့်  တာချီလိတ်မြို့အတွင်းရှိ ကာရာ အိုကေဆိုင်များအား တရားဝင် ဖွင့်လှစ်ခွင့်ပြုထားခြင်း ရှိ/မရှိ" မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှတာချီလိတ်တွင် ကာလာအိုကေ လုပ်ငန်း လိုင်စင် မရှိပါကြောင်း လုပ်ငန်းလိုင်စင်ရှိက စည်းကမ်းချက်များ မလိုက်နာပါက ပထမအကြိမ် ဒဏ်ငွေ ၁၀၀၀၀ မှ ၅၀၀၀ ကျပ်၊ ဒုတိယအကြိမ် လုပ်ငန်းလိုင်စင် ရုပ်သိမ်းကာ ဒဏ်ငွေ ဆ၊ တတိယအကြိမ်တွင် အမှုဖွင့် အရေးယူဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
မိုးနဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းမျိုးမြင့်၏  ရှမ်း ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးများတွင် မီတာရက်လွန်ကြေး ကောက်ခံနေသည့် ကိစ္စ" မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ" ဒဏ်ကြေး မဟုတ်ဘဲ မီးပြန်ဆက်ခသာ ကောက်ခံခြင်း ဖြစ်ကြောင်း" ပြန်လည် ဖြေကြားခဲ့သည်။
.
သိန္နီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းခင်ထားရီ၏၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံ ငွေဖြင့် လားရှိုးမြို့နယ်ရှိ စိုင်းအောင်ဘုန်းမြတ်ကုမ္ပဏီနှင့် တန့် ယန်းမြို့နယ်ရှိ ရတနာရှမ်းမြေကုမ္ပဏီတို့မှ တာဝန်ယူဆောင် ရွက်နေသည့်လုပ်ငန်း  မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူ မှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျောင်းပေါင်း (၄၅)ကျောင်း ရှိရာ ()ကျောင်းစီခွဲပြီး တင်ဒါခေါ်စေရာတွင် ၎င်းဒေသတွင် စိုင်းအောင်ဘုန်းမြတ် ကုမ္ပဏီတစ်ခုတည်းတာ လျောက်သ ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ တန့်ယန်းမြို့ တွင်လည်း (၁၂)ကျောင်း ရရှိရာ()ကျောင်း()ခုခွဲ၍ တင်ဒါခေါ်ဆောင်ရာ ရတနာရှမ်းမြေကုမ္ပဏီမှ ရရှိခဲ့ကြောင်း လုံခြုံရေးအရလုပ်ငန်း များ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ပြီးစီးမှု ရာခိုင် နှုန်းအလိုက်တာ ငွေထုတ်ယူ ခွင့်ပြုခဲ့ကြောင်း ကျန်ဘဏ္ဍာ ငွေများအား နိုင်ငံတော်ထံ ပြန်လည်အပ်နှံပေးပြီး ဖြစ်ကြောင်း၊  စာချုပ်စည်းမျဉ်းအရ ဒဏ်ကြေးအား နိုင်ငံတော်သို့ ထပ်မံပေး ဆောင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင်  ၎င်းကုမ္ပဏီ ()ခုအား ကျန်းမာရေး၊ ပညာရေး၊ အားကစား ဆိုင်ရာများအား ချထားပေးခြင်း မရှိပါကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းခတ်မြို ့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းဝန်းဆမ်၏ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း လမ်းမကြီးဖြစ်သော မိုင်းခတ် လမ်းအပိုင်း၌ မြို့အဝင်လမ်းနှင့် မိုင်းဟန်ကျေးရွာအဝင် တောင်တက်လမ်းအား ၁၂ ပေမှာ ၁၈ ပေ ကတ္တရာ အဆင့်သို့ တိုးမြှင့်ခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလာမည့် ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေ ခွဲဝေရရှိမှုပေါ် မူတည် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းစံဟွမ်၏မဟာဓာတ်အားလိုင်း ဖြတ်သန်းသွားသောဒေသရှိ ပြည်သူ များ၏ အိမ်ခြံမြေနှင့် မြေယာများ ဥပဒေနှင့်အညီ အသုံးပြုပိုင် ဆိုင်နို်င်ခွင့် ရရှိနိုင်ရန်နှင့် နိုင်ငံတော်မှ ပေးအပ်သောဝန် ဆောင်မှု၏ အကျိုးကို ပြည်သူများမှ အပြည့်အဝ ခံစားခွင့် ရရှိနိုင်ရန် မည်သို့ စီမံဆောင်ရွက်ပေးမည်မေးခွန်းနှင့်စပ် လျဉ်း၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်း ရှဲန်တစ်လုံမှမဟာဓာတ်အားလိုင်း ဖြတ်သန်းသော ဒေသများ ရှိ ပြည်သူများအနေဖြင့် မဟာဓာတ်အားလိုင်း အောက်ရှိ ဗို့ အနိမ့်အမြင့်အလိုက် သတ်မှတ်ထားသော ဒေါင်လိုက်အမြင့် ပေနှင့် လွတ်ကင်းသော သီးပင်စားပင်များ စိုက်ပျိုးနိုင်ပါ  ကြောင်း၊ ရေပြင်ညီ(ဘေးတိုက်) အကွာအဝေးနှင့် လွတ်ကင်းရာ ဧရိယာများတွင် အဆောက်အအုံ ဆောက်လုပ်နိုင်ပါကြောင်း နှင့် မဟာဓာတ်အားလိုင်းများ အသစ်တည်ဆောက်၍ သီးနှံ စိုက်ခင်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ပါက ပြည်သူများ နစ်နာ မှုအပေါ် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်ကွင်းဆင်း၍ သီး နှံလျော်ကြေး တွက်ချက်ပြီး လျော်ကြေးပေးချေမှုများလည်း ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးသန်းထိုက်၏အများပြည်သူနှင့် သက်ဆိုင်သော မြေနေရာများ မြို့အင်္ဂါရပ် နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာရေးတို့ကို ထိခို်က်စေမည့် မြေနေရာများတွင် မြေပေးမိန့်ချထားခြင်း၊ မြေ ငှားဂရန် ထုတ်ပေးခြင်းများကို ပြန်လည်စိစစ် ပယ်ဖျက်ပေးရန် အဆိုအပေါ် လုပ်ငန်းစိစစ်ရေးအဖွဲ့၏ ဆောင်ရွက်ထားရှိမှု အခြေအနေမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှမြေငှား ဂရန်များ ပယ်ဖျက်နိုင်ရန် လုပ်ထုံးလုပ်နည်းနဲ့အညီ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြေငှားဂရန် ထုတ်ပေးထား ခြင်း လတ်တလောတွင် မရှိပါသေးကြောင်းပြန်လည်ဖြေ ကြားခဲ့သည်။
.
ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးသန်းထိုက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည် နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနများ၏ လုပ်ငန်းများကို ပြည် နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီအနေဖြင့် စနှုန်း သတ်မှတ်ထားရှိမှုမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှပညာ ရေးဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းများ ၅၂၁ ခု ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်ရှိ လုပ်ငန်း များ ၂၂၂ ခု ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် Blacklist ထည့် သွင်းထားသော ကုမ္ပဏီ ခု ရှိပါကြောင်းပြန်လည်ဖြေကြား ခဲ့သည်။
.
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးစိုးရန်နိုင်၏က လောမြို့ရှိ ရေအေးကန်ဆည်၏ ကန်ပေါင်မြှင့်တင်ခြင်း၊ နုန်းမြေ များ ဆယ်တင်ခြင်းနှင့် ရေပိုမိုသိုလှောင်နိုင်ရေး အစီအမံများ ဆောင်ရွက်ပေးရန်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စည် ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှကလောမြို့တွင် တစ် ရက်လျှင် ရေဂါလံ သိန်း ပေးဝေလျက် ရှိပါကြောင်း၊ လုပ်ငန်း များအားလုံး ပိုမိုကောင်းမွန်လာစေရန် ကွင်းဆင်းစစ်ဆေးပြီး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြား ခဲ့သည်။
.
ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးခင်မောင်ဝင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ဗေဒါများ၊ ဒိုက်များ၊ ကျွန်းမျောဟောင်းများ ပိတ်ဆို့နေသဖြင့် ဗေဒါဆယ်ယူသည့် လုပ်ငန်းဆောင်ရွက်ခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံ ကျော်မှအင်းလေးကန်အတွက် ရန်ပုံငွေ သီးသန့် ခွဲဝေချထား ခြင်း မရှိပါကြောင်း၊ ဆည်များနှင့် ရေအသုံးချရေးအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဖြင့် ကူညီဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံပြည်သူများအား ဗေဒါဆယ်ယူ ခွင့်လုပ်ငန်းများ ပေးနိုင် ခြင်း မရှိပါကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးအောင်ထွဏ်း နမ့်ဆန်မြို့နယ်၊ နမ့်ဆန်-ကျောက်ဖြူလမ်းပေါ်ရှိ အရှည် (၄၀×၂၀) ပေရှိ သံကူကွန်ကရစ်တံတား၏ ရေလည်တိုင်အား ပြန်လည် ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ဆိုပါ ပြုပြင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများအား အကူအညီတောင်း၍ ကွင်းဆင်း စစ်ဆေးပေးသွားမည် ဖြစ်ပါ ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးစိုးသူထွန်း၏နမ့် စန်မြို့နယ်၊ ခိုလမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆရာ/ဆရာမ အင်အားလိုအပ်ချက်အား စီစဉ်ပေး နိုင်ခြင်း ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန် ကြီး ဒေါက်တာမျိုးထွန်းမှလစ်လပ်ဆရာ/ ဆရာမများအား ခန့်ထားပေးနိုင်ရန် အခြေခံပညာဦးစီးဌာန (နေပြည်တော်)သို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်းပြန်လည်ဖြေကြား ခဲ့သည်။
.
မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးတင်ဝင်း၏မိုင်းယန်းမြို့နယ်၊ မိုင်းလွေ ကျေးရွာအုပ်စု၊ ယန်းခိုင်ကျေး ရွာမှ ဟွေနားကျေးရွာသွားလမ်း()မိုင်အား မြေသားလမ်း ချဲ့ ထွင်ခြင်းနှင့် ကျောက်ရောမြေ ခင်းပေရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန် ကြီး ဦးခွန်ရဲထွေးမှ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြေသားလမ်းချဲ့ ထွင်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ မြို့နယ်စီမံကိန်း ရေးဆွဲ ရေးကော်မတီမှ တင်ပြလာပါက ဦးစားပေး စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးညီညီ()ဦး ညီလေးချမ်း၏တောင်ကြီးမြို့တွင် မိုးသည်းထန်သည့်အခါ ရေကြီးရေလျှံမှုများ ဖြစ်နေ၍ နောင်နှစ်များတွင် မဖြစ်စေရန် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ရေကြီးရေလျှံခြင်း ကြောင့် အသက်ဆုံးရှုံးခြင်း ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှတောင် ကြီးမြို့တွင် အဓိကရေထုတ်မြောင်း ခု ရှိပါကြောင်း၊ ရေ စီးရေလာ ကောင်းမွန်စေရန် ဘဏ္ဍာငွေ ရရှိမှုပေါ် မူတည်၍ ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရေကြီး ရေလျှံခြင်းကြောင့် အသက်ဆုံးရှုံးမှု မရှိပါကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးညီညီ() ဦးညီလေးချမ်း၏ရှမ်းပြည်နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ကြီးကြပ်မှုကော်မတီ၊ အသင်းခွဲ၊ အမှုဆောင်အ ဖွဲ့နှင့် အသင်းခွဲငယ်များ ဖွဲ့စည်းထားမှုနှင့် ပညာပေးဆောင် ရွက်နေမှုမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှခရိုင်အနေဖြင့် ၁၁ ခု ဖွဲ့စည်းထားပါ ကြောင်း၊ မြို့နယ်အနေဖြင့် ၅၀ ခု ဖွဲ့စည်းထားပါကြောင်း၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများတွင် ခုသာ ဖွဲ့စည်းထား နိုင်ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
.
နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးလင်းအောင် ဆွေ၏နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေးရွာအုပ်စု၊ အုံလွိုင်ယဲကျေး ရွာအဝင် သစ်သားတံတားကို ကွန်ကရစ်တံတားအဖြစ် ပြန် လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန် ရဲထွေးမှအဆိုပါ ပြင်ဆင်မှုအတွက် ဦးစားပေး တင်ပြလာ ပါရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေ ခွဲဝေရရှိမှုပေါ် မူတည်၍ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည် ဖြေကြားခဲ့သည်။
.
မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးအားကို၏မိုင်းဖြတ်မြို့၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအထက်နား ရှိ နမ့်လုံချောင်း၌ ရေလွှဲဆည် တည်ဆောက်ပေးပြီး ရေသွယ် မြောင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်မှမြို့နယ်စီမံကိန်း ရေးဆွဲရေးကော် မတီမှ ဦးစားပေးတင်ပြလာပါက ဘဏ္ဍာငွေ ခွဲဝေရရှိမှုပေါ် မူ တည်၍ ခွဲဝေချထားပေးသွားမည် ဖြစ်ပါကြောင်းပြန်လည် ဖြေကြားခဲ့သည်။
 .
အဆိုများ နှင့် ဥပဒေ(မူကြမ်း)များ တင်သွင်းခြင်း
သိန္နီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ဒေါ်နန်းခင်ထားရီ ရှမ်းပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် လုံခြုံရေးရှိစေရန် ရှမ်းပြည်နယ်အစိုးရအနေ ဖြင့် စီမံချက်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး ရန် တိုက်တွန်းကြောင်းအဆိုအား ရှမ်းပြည်နယ်လွှတ်တော် သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ဦးမှ ထောက်ခံ ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ယူခဲ့ကာ ကန့်ကွက်သူ မရှိ၍ အဆိုအား အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးညီညီ() ဦးညီလေးချမ်းမှ မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အကျိုးဆောင်ရှေ့နေများအားထောက် ခံကြောင်း အရေးကြီးအဆိုအား တင်သွင်းရာ တာချီလိတ်မြို့ နယ် မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်တင့်နှင့် ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ် () ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်တို့က ထောက် ခံဆွေးနွေးပြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ က ကန့်ကွက်ဆွေးနွေးပြီး လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အ မှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း ထွဋ်က ဆွေးနွေးပြီးနောက် ရှမ်းပြည်နယ်လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ ကန့်ကွက်သူ ပိုမိုများပြားသောကြောင့် ရှမ်း ပြည်နယ်လွှတ်တော်ဥက္ကဌမှ  အဆိုအား မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးညီညီ() ဦးညီလေးချမ်းက တင်သွင်း သည့်ပြည်နယ်အဆင့်တင်ဒါကော်မတီ၊ ကြမ်းခင်းစျေး  တွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော် မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ များတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ထည့် သွင်းပေးရန် တိုက်တွန်းကြောင်းအဆိုကို နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းနှင့်   ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် () ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးတို့ က ထောက်ခံဆွေးနွေးကြပြီး မဘိမ်းမြို့နယ် မဲဆန္ဒနယ် မှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်း က အကြံပြု ထောက်ခံဆွေးနွေးပြီးနောက် ရှမ်းပြည်နယ် စိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန် ရဲထွေး ကအဆိုကိုမှတ်တမ်းအဖြစ်ထားရှိပေးပါရန် တင်ပြခဲ့၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူကာ ကန့်ကွက်သူ ပိုမိုများ ပြား၍ လွှတ်တော်က အဆိုအား မှတ်တမ်းတင်ကြောင်း ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
.
ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် လွိုင်လင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ဦးခွန်ဒီဂေါလ်မှ ရှမ်းပြည်နယ်သဘာ ဝထွက်တော၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေး ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အစီရင်ခံစာ ဖတ် ကြား ရှင်းလင်းခဲ့ရာ ပြည်နယ်သယံဇာသနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး  ဒေါက်တာညီညီအောင်မှ ဘောတူသဖြင့် ယင်းဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ လွှတ် တော်၏ဆန္ဒကို ခံယူပြီး ကန့်ကွက်သည့် လွှတ်တော်ကိုယ် စားလှယ် မရှိသည့်အတွက် ဥပဒေ(မူကြမ်း)အား အတည်ပြု ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။
.
ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ရှမ်းပြည်နယ်လမ်းများ၊ တံတားများ ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အစီရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကလွှတ်တော်သို့ ဖတ် ကြားတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ကန့် ကွက် သူမရှိ၍ ဥပဒေ(မူကြမ်း)အား အတည်ပြုကြောင်း လွှတ် တော်ဥက္ကဌက ကြေညာခဲ့သည်။
.
ဥပဒေပြုရေးဆိုင်ရာကော်မတီက ရှမ်းပြည်နယ်လျှပ်စစ် ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ အစီရင်ခံစာအား ဥပဒေပြုရေး ဆိုင်ရာ ကော်မတီအဖွဲ့ဝင် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် မှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း ကလွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး၊ လွှတ်တော်၏ အဆုံး အဖြတ်ရယူကာ ကန့်ကွက်သူမရှိ၍ ဥပဒေ(မူကြမ်း)အား အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ သည်။
.
ဥပဒေပြုရေးဆိုင်ရာကော်မတီက အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အစီ ရင်ခံစာအား ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ကွန်ဟိန်း မြို့နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးစိုင်းအောင်ကျော်ဦးက လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး  လွှတ်တော်၏ အဆုံးအဖြတ် ရယူကာ ကန့်ကွက်သူ မရှိ၍ ဥပဒေ(မူကြမ်း)အား အတည်ပြု ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။
.
ရှမ်းပြည်နယ်လွှတ်တော် ရှမ်းပြည်နယ်အစိုးရ၏ အာမခံ ချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီရင်ခံစာအား ကော်မတီအတွင်းရေးမှူး မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်ရီရီဝင်းက လွှတ်တော်သို့ ဖတ် ကြားတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူကာမှတ်တမ်း တင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။
.
ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ တင်ပြသည့်၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလထိ) လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာကို  စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ လွှတ်တော်သို့ ဖတ် ကြားတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူကာ မှတ် တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။
.
ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစီရင်ခံစာကို ကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ ဒုတိယလွှတ် တော်ဥက္ကဌ ဦးစဝ်အောင်မြတ်()အောင်မြတ်မှ လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူကာ မှတ် တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။
.
ရှမ်းပြည်နယ်လွှတ်တော် တောင်သူလယ်သမား၊ အလုပ် သမားနှင့် လူငယ်ရေးရာကော်မတီ၏ အစီရင်ခံစာကို ကော် မတီ၏ ဥက္ကဌဖြစ်သူ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးသန်းထိုက်က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ် တော်၏ အဆုံးအဖြတ် ရယူကာ မှတ်တမ်းတင်ကြောင်း လွှတ် တော် ဥက္ကဌက ကြေညာခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက် တာမျိုးထွန်းမှရှမ်းပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား လွှတ်တော်သို့ တင်သွင်းခဲ့ ရာ ယင်းဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ လွှတ်တော်၏ ဆန္ဒ ကို ခံယူပြီး ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်မရှိ သည့်အတွက် ဥပဒေ(မူကြမ်း)အား အနီးစပ်ဆုံး လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ် မြေယာခွန် ဥပဒေ(မူကြမ်း)အား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လွှတ်တော်သို့ တင် သွင်းရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဆွေးနွေးရန်ရှိပါက ဆွေးနွေးမည့်အချက်များကို  (၁၈..၂၀၂၀)ရက်နေ့ နောက် ဆုံးထားကာ ပြည်နယ်လွှတ်တော်သို့ပေးပို့နိုင်ကြောင်း ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
.
၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ် တော် ပုံမှန်အစည်းအဝေး ကြိမ်နှင့် အထူး အစည်းအဝေး ကြိမ် စုစုပေါင်း အစည်းအဝေး ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)