ရွေးကောက်ပွဲနဲ့ ရေချိန်လျော့နေတဲ့ ပြည်သူများ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, December 28, 2019

ရွေးကောက်ပွဲနဲ့ ရေချိန်လျော့နေတဲ့ ပြည်သူများ


အောင်ဆန်းဝင်း
.
ဒီအသက်အရွယ်ရောက်တဲ့အထိ တစ်ခါမှမဲမပေးခဲ့ဖူးဘူး။ ဘယ်အစိုးရပဲတက်တက် ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်လေး နားအေးပါးအေး လုပ်ရရင်တော်ပါပြီ။ ပြည်သူတွေအလုပ်အကိုင် အဆင်ပြေအောင် လုပ်ပေးနိုင်ရင် အဲ့ဒီအစိုးရကို ပြည်သူကအသိ အမှတ်ပြုမှာပဲလေ။ ပြည်သူတွေကျပ်တည်းနေတဲ့ အစိုးရမျိုးက တော့ ဘယ်သူမှ လိုချင်မှာမဟုတ်ဘူးပေါ့။ တစ်ခါမှမဲမပေးခဲ့ဖူး တော့ လာမယ့်ရွေးကောက်ပွဲမှာလည်း မဲပေးဖို့ အစီအစဉ်မရှိပါဘူး။ အစိုးရအဆက်ဆက် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အခက်အခဲမျိုးစုံ ကို မနည်းကျော်ဖြတ်လာရတာ။ မဲသွားပေးတော့လည်း ကိုယ့်အ တွက်ဘာတွေထူးခြားလာမှာလဲ။ ဘာတွေပြောင်းလဲသွားမှာလဲဆို တာ ဘာတစ်ခုမှ သေချာမသိနိုင်တဲ့ အရာမဟုတ်ဘူး။ တောင်ကြီး မြို့၊ မြို့မစျေးကြီးမှာ ကုန်ဆိုင်ဖွင့်ထားတဲ့ အသက် ၇၅ နှစ်အရွယ် အမယ်အိုတစ်ယောက်ရဲ့စကားသံ။
.
၇၅ နှစ်အသက်အရွယ်ရောက်လာတဲ့ထိ တစ်ကြိမ်တစ်ခါမှ မဲမပေးခဲ့ဖူးဘူးလို့ အမယ်အိုကပြောတယ်။ နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပေးဖို့အစီအစဉ်မရှိဘူးလို့ ဆက်ပြောပါ တယ်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်နေတဲ့ အလုပ်အကိုင် အဆင်ပြေဖို့ လိုတယ်တဲ့။ နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ရွေး ကောက်ပွဲချိန်ရောက်ရင် မဲပေးပိုင်ခွင့်ရှိတဲ့ အသက်အရွယ် အား လုံး မဲရုံသွားပြီး တန်းစီမဲပေးတာကို ရုပ်မြင်သံကြား သတင်းတွေထဲ တွေ့ဖူးတယ်။ သတင်းစာတွေထဲမှာလည်း ဖတ်ရတယ်။ မဲပေးခြင်း ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ကိုယ့်အခွင့်အရေးကို အသုံးချပြီး ကိုယ်လိုချင်တဲ့ အစိုးရကို ရွေး ချယ်တင်မြှောက်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မဲပေးခြင်းဆိုင် ရာ ပတ်သက်ပြီး အားနည်းချက် အမြောက်အများဖြစ်တာကို ပြည်သူတွေကြားမှာ မြင်တွေ့နေရတယ်။
.
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကာလရောက်ရင် ပြည်သူတွေ ဘယ်ပါတီကို မဲပေးမလဲ။ ဘယ်ကိုယ်စားလှယ်လောင်းကို ရွေး ချယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ၂၀၁၅ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အမေ့လျော့ခံရပ်ကွက်နေပြည်သူတွေကြား ခပ်ပါးပါးဝင် စပ်စုကြည့်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ အသက်အရွယ်အပိုင်းအခြား မျိုးစုံက လူတွေနဲ့ တတ်သလောက်မှတ်သလောက် စကားပြော ကြည့်တယ်။ ပညာတတ်အသိုင်းအဝိုင်းနဲ့ စာဖတ်တဲ့လူတွေက ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ စာပေဖတ်ရှုမှုအားနည်းပြီး ပညာနည်းပါးတဲ့လူတွေ ရွေးကောက်ပွဲအကြောင်း စိတ်မဝင်စားကြ ဘူး။ လူငယ်နဲ့ လူရွယ်တချို့ သူတို့ရဲ့နိုင်ငံသား အခွင့်အရေးရှိတာ ကို သိပုံတောင်မရှိတဲ့ အနေအထား။ အသက် ၆၀ ကျော်နောက် ပိုင်းအများစုက ရွေးကောက်ပွဲနဲ့ မဲပေးတဲ့အလုပ်ကို စိတ်ဝင်စားခြင်း လုံးဝမရှိတာများနေတယ်။
.
လွှတ်တော်ကိုယ်စားလှယ်တွေကို မြင်ဖူးချင်တဲ့ ပြည်သူ တွေကြားထဲလျှောက်သွားရင်း အလွန်အံ့သြစရာကောင်းတာတစ် ခုကိုလည်း တွေ့ရပါသေးတယ်။ အသက် ၃၀ ပတ်လည်လောက်ရှိ တဲ့ လူရွယ်တချို့ပါ။ လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုံးဝ စိတ်ဝင်စားခြင်း မရှိသလို၊ ၂၀၁၅ တုန်းကလည်း မဲပေးခြင်း မရှိခဲ့ ဘူးလို့ပြောကြတယ်။ စကားပြောကြည့်တဲ့ ယောက်လုံး တက္က သိုလ်က ဘွဲ့အသီးသီး ရထားသူတွေဖြစ်ပါတယ်။ နိုင်ငံ့အရေးဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့အတွက် အရွယ်ကောင်းတွေ နိုင်ငံရေး စိတ် ဝင်စားခြင်းမရှိတာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုတစ်ခုလို့ ဆိုရမှာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ အချိန်မှာ နိုင်ငံသား တစ်ယောက်အခွင့်အရေးဖြစ်တဲ့ မဲပေးခြင်းအလုပ်ဟာ အလွန်အင် မတန်အရေးကြီးပါတယ်။ သက်ဆိုင်သူအားလုံးကို ကိုယ့်တာဝန် ကိုယ်ကျေဖို့ လိုအပ်ပါတယ်။
.

.
ဒီလိုလေလွင့်ဆုံးရှုံးနေတဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကျင်း ပတဲ့အချိန် မဲရုံရောက်လာအောင် စည်းရုံးရမှာ သက်ဆိုင်ရာပါတီ တွေရဲ့ တာဝန်ဖြစ်တဲ့အတွက် ပြည်သူတွေကြား လူလုံးပြ အလုပ် လုပ်ဖို့ လိုအပ်နေပါတယ်။ လက်ရှိလွှတ်တော် ကိုယ်စားလှယ် တွေရဲ့ အနေအထားကတော့ နေ့စဉ်ထုတ်သတင်းစာတွေမှာပါတဲ့ တစ်ကွက်ကာတွန်းတွေ အတိုင်းဖြစ်နေပါတယ်။ ပျောက်ခြင်းမလှ ပျောက်လို့ ဘယ်တောင်ဘယ်ကမ်း လိုက်ရှာရမှန်းတောင် မသိပါ ဘူး။ မဟာသမုဒ္ဒရာထဲလွှတ်တဲ့ စူဠလိပ်ကမျက်စိလည် လမ်းမှား ပြီး သောင်ကမ်းရှိရာ ဆိုက်ချင်ဆိုက်လာမယ် ကိုယ်စားလှယ်တော် ကြီးများကတော့ ကမ်းမမြင်လမ်းမမြင် ဖြစ်နေလားတော့ မပြော တတ်။ လိုတဲ့အချိန်အရောက်ပြီးလာရတဲ့အခါ မေ့တတ်တာမျိုးမ ဖြစ်ဖို့တော့ မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြီးများ သတိချပ်သင့်ပါတယ်။
.

ကျွန်တော်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအကြောင်း စိတ်ဝင် စားတယ်။ မဲပေးဖို့လည်း စိတ်ကူးထားတယ်။ ခက်တာက ဒီအ သက်အရွယ်ရောက်တဲ့အထိ တစ်ခါမှ မဲမပေးဖူးဘူး။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲတုန်းကလည်း မဲပေးဖို့စိတ်ကူးရှိသွားပေမယ့် သွားမပေး ဖြစ်ဘူး။ ဘာလို့မဲသွားမပေးလဲဆိုတော့ ချီတုံချတုံဖြစ်နေတာ။ အများစုက ပြောင်းလဲချိန်တန်ပြီဆိုပေမယ့် ကျွန်တော့်စိတ်ထဲ ဘယ်လိုပြောင်းလဲမလဲဆိုတာ စဉ်းစားတယ်။ နိုင်ငံတော်ကြီးတစ်ခု လုံး ချက်ချင်းလက်ငင်းပြောင်းလဲဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး လေ။ အပြောင်းအလဲဖြစ်ဖို့ လိုအပ်နေမှန်းတော့သိတယ်။ အဓိက ကတော့ ရပ်ကွက်ထဲဘယ်ကိုယ်စားလှယ်မှ မလာတော့ မဲဘယ် လိုပေးရမလဲဆိုတာ မသိဘူး။ ၂၀၂၀ အတွက်တော့ ကိုယ့်ဘာ သာကိုယ် ကြိုတင်လေ့လာနေတယ်။ သေချာပေါက်မဲပေးဖြစ်လိမ့် မယ်လို့ အသက် ၄၀ အရွယ် လုပ်ငန်းရှင်တစ်ယောက်ကပြောပါ တယ်။
.
ရွေးကောက်ပွဲဆိုင်ရာနဲ့ မဲပေးခြင်းကို ပြည်သူတွေစိတ်ဝင်စားမှု ကင်းမဲ့လာတဲ့ အရေးကြီးဆုံးနောက်ထပ်အချက် တစ်ခုက ဆင်းရဲ ကျပ်တည်းမှုလို့ ဆိုကြပါတယ်။ လက်ရှိအစိုးရလက်ထက် စီးပွား ရေးလုပ်ငန်းတွေ ရပ်တန့်သလောက်ဖြစ်နေတဲ့အတွက် ပြည်သူ လူထုလက်ထဲ စီးဆင်းလည်ပတ်မှု မရှိသလောက် ဖြစ်နေတယ်လို့ လည်း ပြောဆိုကြပါတယ်။ လက်တွေ့ကျကျ သုံးသပ်ရရင် လက် ရှိအစိုးရလက်ထက် ပြည်သူလူထု ဆင်းရဲကျပ်တည်းမှုများ၊ လုပ်အကိုင် အခွင့်အလမ်းရှားပါးပြီး ဆင်းရဲတွင်း နက်သည်ထက် နက်လာတာ လူတိုင်းလက်ခံရမယ့် ပကတိအရှိတရား တစ်ခုပါ။ ရေပြည့်အိုးတွေသာ ရေဆက်ဖြည့်နိုင်ပြီး ရေမဲ့အိုးတွေ ရေခန်း ခြောက်သလို ဖြစ်နေပါတယ်။ အစိုးရအနေနဲ့ သက်တမ်းတစ်ရပ် ကုန်လွန်ကာနီး အချိန်အထိ ပြည်သူလူထုကြားက ဆင်းရဲတွင်းပြ ဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။
.
လက်ရှိအစိုးရက သူကိုယ်တိုင် အကျပ်အတည်းပေါင်းစုံကြား ကနေ အစိုးရဖြစ်လာတာဆိုတော့ လုပ်ရကိုင်ရခက်တာတွေရှိလိမ့် မယ်ထင်တယ်။ တိုင်းပြည်တိုးတက်ရေးမှာ အဓိကကျတဲ့ ငြိမ်းချမ်း ရေးကိစ္စတွေမှာ လိပ်ခဲတည်းတည်းနဲ့ တန့်နေတယ်။ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကလည်း အခုချိန်ထိ နေ ရာစုံမှာ တိုက်ပွဲတွေဖြစ်နေတုန်းဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ ရှေ့ဆက်မလုပ်နိုင်တာမျိုးပေါ့။ နိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက် ရင်လည်း တိုးတက်ပြောင်းလဲလာတာ မတွေ့ရသေးဘူး။ အရင် အစိုးရတွေနဲ့စာရင် အကျဘက်တောင်ရောက်သလိုဖြစ်နေတယ်။ အခုဆိုရင် သက်တမ်းကသိပ်မကျန်တော့ဘူး၊ လာမယ့်ရွှေး ကောက်ပွဲအတွက် အတော်ကြီးကြိုးစားမှရလိမ့်မယ် ထင်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေနဲ့ လူငယ်လူရွယ်အားလုံးမဲလာပေးအောင် စည်းရုံးဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
.
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပတဲ့အချိန် မြန်မာနိုင်ငံ အတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၂ သန်းကျော်ရှိတယ်လို့ စစ်တမ်း တစ်ခုအရ သိရပါတယ်။ အဲ့ဒီ ၄၂ သန်းကျော်ထဲမှာ ပထမဆုံးမဲ ပေးပိုင်ခွင့်ရှိသူဦးရေ သန်းကျော်ပါဝင်တယ်လို့ ဆိုထားပါတယ်။ အဲဒီ သန်းကျော်မဲပေးခွင့်ရှိတဲ့ ဦးရေက အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မယ့် လူငယ်တွေပါ။ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကအခန်းကဏ္ဍမှာရှိနေတဲ့ ရွှေလက်ပိုင်ရှင် များ လို့ဆိုရင်လည်း ရနိုင်ပါတယ်။ ပထမဆုံးအကြိမ် မဲပေးကြမှာ ဖြစ်တဲ့အတွက် မဲပေးခြင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူငယ်တွေအ ခက်အခဲရှိနိုင်ပါတယ်။ ဒီအခက်အခဲကို ကျော်ဖြတ်ပြီး သူတို့နဲ့ သက်ဆိုင်တဲ့ မဲရုံမှာ အောင်မြင်စွာမဲပေးနိုင်ဖို့ သက်ဆိုင်ရာပါတီဝင် ကိုယ်စားလှယ်တွေ အခုချိန်တည်းက ကြိုတင်စည်းရုံးလမ်းပြဖို့ လို အပ်ပါတယ်။
.
အနာဂတ်နိုင်ငံတော် တိုးတက်ရေးအတွက် လူငယ်တွေ အဓိ ကအခန်းကဏ္ဍမှာ ပါဝင်ကြောင်း၊ လူငယ်တွေရဲ့ လုပ်ကိုင်နိုင်စွမ်း ကို အဘက်ဘက်က မြှင့်တင်ပေးဖို့ အစိုးရအနေနဲ့ ခံယူထား ကြောင်း မကွေးတက္ကသိုလ်မှာ ပြုလုပ်တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးတိုး တက်ရေး ပွဲတော်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ မြန်မာနိုင်ငံလူဦးရေ ၃၃ ဒသမ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ် ကနေ ၃၅ နှစ်အတွင်း လူငယ်လူရွယ်တွေဖြစ်ပါတယ်။ လတ်တ လောပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အနာဂတ်နိုင်ငံတော် ဦး ဆောင်မယ့် လူငယ်လူရွယ်တွေအနေအထားကတော့ အားရစရာ သိပ်မရှိပါဘူး။ နိုင်ငံတော်သမ္မတကြီးပြောသလို အဘက်ဘက်အ မြန်ဆုံးမြင့်ပေးဖို့ လိုအပ်နေပါတယ်။ လူငယ်တွေအသိဉာဏ်ဖွံ့ဖြိုးမှ ၂၀၂၀ မဲရုံရှိရာ ရောက်လာမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)