ရှမ်းပြည်နယ်အတွင်း လောင်းကစားမှု ပပျောက်ရေးအတွက် ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, December 26, 2019

ရှမ်းပြည်နယ်အတွင်း လောင်းကစားမှု ပပျောက်ရေးအတွက် ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အတွင်း လောင်း ကစားမှုများ ပပျောက်ရေးအတွက် အရှိန်အဟုန် မြှင့်တင်၍ ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီး လှဦးက ပြောသည်။
.

.
လောင်းကစားမှုများ လျှော့ နည်း ပပျောက်ရေးအတွက် ရှမ်း ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မည် သို့ စီမံ ဆောင်ရွက်နေသည်ကို သိရှိ လိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုအပေါ်  ဗိုလ်မှူး ကြီး လှဦးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
“လောင်းကစားဝိုင်း တွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူး၊ နယ်ထိန်းတွေကိုယ်တိုင်က လ စဉ်ကြေး ယူထားတယ်လို့ သိရပါ တယ်။ သက်ဆိုင်ရာဌာန၊ ရဲတပ်ဖွဲ့ တွေလည်း ပါဝင်နေတယ်လို့ သိရပါ တယ်။ ဒါကို အစိုးရအနေနဲ့ ဘယ်လို အရေးယူပေးမှာလဲ” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဆန်း ဝင်းအောင်က လွှတ်တော်တွင် မေး မြန်းခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးလှဦးက ရှမ်းပြည် နယ်အတွင်း လောင်းကစားမှုများ ပပျောက်ရေးအတွက် ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်း၍ သတင်းစုံ စမ်းဖော်ထုတ်ခြင်း၊ စစ်ဆေးအရေး ယူခြင်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိကြောင်း၊ လောင်း ကစားမှုများကို စုံစမ်းဖော်ထုတ်ရန်၊ ဖမ်းဆီးရန် ပျက်ကွက်သူ ရဲတပ်ဖွဲ့ ဝင်များ၊ လောင်းကစားမှုတွင် ပါ ဝင်ပတ်သက်သူများကို စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ အသိပေး အရေးယူခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ လောင်းကစားမှု ပ ပျောက်ရေးအတွက် ဖမ်းဆီး အရေး ယူမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
/
ရှမ်းပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၁ လတာ ကာလအတွင်း လောင်းကစားမှု ၁၁၈ မှုမှ တရားခံ စုစုပေါင်း ၃၀၆ ဦးအား အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိ ရသည်။

.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့် စန်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ ပိုင်း၊ တာချီလိတ်မြို့များတွင် တရား မဝင် ဖွင့်လှစ်ထားသည့် လောင်းက စားဝိုင်း အများအပြား ရှိနေပြီး ယင်း လောင်းကစားဝိုင်းများမှာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်နှင့် ဆက်စပ်သူများမှ ဖွင့် ထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)