ကျိုင်းတုံတွင် ကားဝင်တိုက်၍ ဓါတ်တိုင် ပြိုလဲသဖြင့် မီးပြတ်​တောက်​နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, December 2, 2019

ကျိုင်းတုံတွင် ကားဝင်တိုက်၍ ဓါတ်တိုင် ပြိုလဲသဖြင့် မီးပြတ်​တောက်​နေ

ထက်တိုင်း​​​​ေကျာ်
.
ရှမ်းပြည်နယ်အ​ရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက်၊ ဈေးတန်းလေးလမ်းတွင် ဒီဇင်ဘာလ ၁ ရက်၊ ညပိုင်းက ​ကေဘယ်လ်ကြိုးအား ကုန်တင်ယာဥ် တစ်စီးမှ တိုက်မိခဲ့၍ လျှပ်စစ်ဓါတ်တိုင် ၂ တိုင်ပြိုလဲကာ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
Photo - Facebook

ကျိုင်းတုံမြို့အား လျှပ်စစ် ဓါတ်အား ဖြန့်​ဝေ ပေးနေသည့် ဓါတ်တိုင် ၂ တိုင် ပြိုလဲပျက်စီးခဲ့သောကြောင့် မြို့မဈေးနောက်ပိုင်း ၊ နောင်တုန်ကန် ပတ်ဝန်းကျင် အပါအဝင် နေရာအချို့တွင် လျှပ်စစ်မီး ပြတ်တောက်​နေသည်ဟု ကျိုင်းတုံစွမ်းအင် ပုဂ္ဂလိကကုမ္ပဏီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
.
အဆိုပါ ဓါတ်တိုင်များ ပြိုလဲ ပျက်စီးခဲ့​သော လမ်းအား ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်ရပ်ကွက်လူထု ထည့်ဝင်သော ရံပုံငွေဖြင့်ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီးနောက် လမ်းမှာ မူလထက် ပိုမြင့်လာပြီး လမ်းဘေး၌ သွယ်တန်းထားသည့်ဆက်သွယ်ရေး ကေဘလ်တိုင်နှင့် လျှပ်စစ်ဓါတ်တိုင်များမှာ နိမ့်နေလျက်ရှိ​ကြောင်း ဒေသခံများထံမှ သိရသည်။
.
"ကုန်တင်ကားကနေ လမ်းရဲ့ အပေါ်မှာသွယ်တန်းထားတဲ့ ကြိုးကို ဝင်တိုက်မိပြီးတော့ ဓါတ်တိုင် လဲသွားပါတယ်။ ဘယ်ကားလည်း ဆိုတာကိုတော့ စုံစမ်းနေပါတယ်"ဟု ကျိုးတုံမြို့အမှတ် (၁၁၈) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှုး ကျော်ဇောအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
"ခု ဓါတ်တိုင်လဲမှ မဟုတ်ပါဘူး။ မီး မမှန်ဖြစ်နေတာ ကြာပါပြီ။"ဟု ကားဝပ်ရှော့လုပ်ငန်းပိုင်ရှင် တစ်ဦးက ပြောသည်။
.
ကျိုင်းတုံမြို့တွင် ပုဂ္ဂလိကလျှပ် စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းအား ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး ၂၀၁၆ ခုနှစ်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးနိုင်စေရမည်ဟု ကတိကဝတ် ပေးထားခဲ့သော်လည်း ယခုတိုင် အလှည့်ကျ မီးပေးစနစ်ကို ကျင့်သုံးနေရဆဲ ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats