တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, December 26, 2019

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် အထိ
.

တနင်္ဂနွေ
.
စီးပွားရေးရပ်တန့်နေသေးသော်လည်း ငွေကြေးအကူအညီများတော့ ရလာလိမ့်မည်။ အိမ်တွင်းရေး ရှုပ်ထွေးနေလိမ့်မည်။ ခက်ခဲသော အနေအထား တစ်ခုကို ကျော်ဖြတ်ရလိမ့်မည်။ ငွေကြေးပျောက်ဆုံးရလိမ့် မည်။ မိတ်ဆွေကောင်းနဲ့ တွေ့မည်။ သားသမီးကိစ္စ ဆောင်ရွက်ရမည်။ စိတ်မောရလိမ့်မည်။ သူတစ်ပါး ကူညီခံရမည်။ ကုန်သည်များ အရောင်းပြန်ကောင်းလာပြီး အကျိုးအမြတ် ရလိမ့်မည်။ လှောင်ကုန်မြတ်လိမ့် မည်။ ဝန်ထမ်းများ နေရာ၊ ရာထူး အပြောင်းအလဲ ပေါ်ပေါက်မည်။ ပွဲစားများ အိမ်ငှားတည့်လိမ့်မည်။ ငယ် သူများ အချစ်ရေးကိစ္စတွင် ချစ်သူပေးသော သတင်းကောင်း ကြားသိရမည်။ ကျန်းမာရေးကိစ္စများတွင် နားနာမည်။ ယားယံခြင်း စသည်ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၇)ဖြစ်သည်။
ယတြာ။            ဘုရားတွင် သစ်သီးလှူပါ။
.

တနင်္လာ
.
စက်ပစ္စည်းဝင်မည်။ အလဲအထပ်လည်း လုပ်ရတတ်သည်။ ကားရှိသူများ ကားအသေးစား ပွတ်မိ လိမ့်မည်။ ဝေးကွာနေသောသူများနဲ့ ပြန်ဆုံတွေ့ရလိမ့်မည်။ အစားအစာကောင်းများ စားရကံပေါ်မည်။ ပွဲတစ်ခုခု သွားလာရမည်။ အလုပ်စီးပွားရေးများ ပြန်ကောင်းမွန်လာမည်။ ငွေအထူးဝင်လာမည်။ ကုန်သည် များမှာ အကြွေးပြန်ကောက်ရလိမ့်မည်။ ဝန်ထမ်းများ တာဝန်ကြောင့် ခရီးထွက်ရမည်။ ခရီးထွက်ရမည်။ ပွဲစားများ အလုပ်ရပ်တန့်နေဦးမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်း ရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ဝမ်းကိုက်မည်။ ခြေလက်ထိခိုက်မှု အသေးစားဖြစ်မည်။ ကံကောင်းစေ သော ဂဏန်းများမှာ (၂/၅/၆)ဖြစ်သည်။
ယတြာ။            စေတီတွင် ပန်းနီလှူပါ။
.
အင်္ဂါ
.
ကားဝင်ခြင်း၊ ကားအလဲအထပ်ပြုခြင်း ကြုံမည်။ ကားကြောင့် ငွေဝင်ခြင်းမျိုးလည်း ကြုံတတ်ပါသည်။ မာလကာသီး မစားရ လာဘ်လွဲမည်။ စီးပွားရေးကိစ္စများ တိုးချဲ့ရန်ပေါ်ပေါက်မည်။ အကြံအစည်သစ်များ ဖြစ်ပေါ်မည်။ အဝေးမှ ဧည့်သည်လာမည်။ အလုပ်ရှုပ်ထွေးပြီး ပိနေလိမ့်မည်။ ရွှေမဝယ်သင့်သောကာလ ဖြစ်သည်။ ကုန်သည်များမှာ အရောင်းအဝယ်ကိစ္စ ရှုပ်ထွေးနေစေလိမ့်မည်။ ဝန်ထမ်းများ သင်တန်းပေါ် ခြင်း၊ ပညာလေ့လာရခြင်းကြုံမည်။ ပွဲစားများ ပွဲခရလိမ့်မည်။ ကြွေးဆပ်နိုင်လိမ့်မည်။ ငယ်သူများ အချစ် ရေးတွင် ချစ်သူနဲ့ စားသောက်ဆိုင် အတူသွားရခြင်း၊ ရုပ်ရှင်အတူကြည့်ရခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စ တွင် သွားကိုက်လိမ့်မည်။ ကံကောင်းစေသောဂဏန်းမှာ (၀/၂/၉) ဖြစ်သည်။
ယတြာ။            စေတီမှာ တံခွန်လှူပါ။
.

ဗုဒ္ဓဟူး
.
ခိုက်ရန်နည်းနည်းကြုံမည်။ မိသားစုအတွင်း ပျော်ရွှင်ကျေနပ်စရာတော့ ပေါ်ပေါက်လာမည်။ ငွေကြေး အထွက်များသည်။ ထီပေါက်လာလိမ့်မည်။ ခရီးဝေး သွားလာရမည်။ ကောင်းသောအကြံဉာဏ်များပေးသူ ပေါ်လာမည်။ စီးပွားရေးအပူများနေမည်။ နေအိမ်အတွင်း ပစ္စည်းပျက်နေလိမ့်မည်။ ကုန်သည်များ စာရင်း အင်း ပျောက်ဆုံးတတ်သောကြောင့် သတိထားပါ။ ဝန်ထမ်းများမှာ စာရင်းလွဲခြင်း၊ ကွာဟခြင်းများ ကြုံပါ မည်။ ပွဲစားများပွဲခရတော့မည်။ ငယ်ရွယ်သူများမှာ ချစ်သူအတွက် အပူသောကနည်းနည်းတွေ့ပါမည်။ ကျန်းမာရေးကိစ္စတွင် ကိုယ်လက်ကိုက်ခဲညောင်းညာနေမည်။ ကံကောင်းစေသောဂဏန်းမှာ (၃/၅/၇) ဖြစ် သည်။
ယတြာ။            သံဃာတော်ကို ဖိနပ်လှူပါ။
.

ကြာသပတေး
.
ပင်ပန်းခြင်း၊ အလုပ်ပိနေခြင်း။ အိမ်မနေလိုခြင်း စသော အကြောင်းများ ကြုံမည့်ကာလဖြစ်ပါသည်။ ငွေဝင်သော်လည်း စုချင်စိတ် မရှိသောကာလလည်းဖြစ်သည်။ ငွေကြေး အဆင်ပြေစေရန် လမ်းရှာလိမ့် မည်။ အတိုက်အခံနည်းနည်းကြုံမည်။ ကြီးသူအတွက် သောကတွေ့မည်။ ရုံးကိစ္စများ ဆောင်ရွက်ရလိမ့် မည်။ ကုန်သည်များမှာ ငွေကြေးမြှုပ်နေမည်။ လိုငွေပြမည်။ ဝန်ထမ်းများ စာရင်းကွာမည်။ အလုပ်ပိမည်။ ပွဲစားများ စျေးတည့်လုနီးကြုံမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ ပြန်ဆုံတွေ့မည်။ ကျန်းမာ ရေးကိစ္စများမှာ မျက်စိနာခြင်း၊ ယားယံခြင်းကြုံမည်။ ကံကောင်းစေသောဂဏန်းမှာ (၄/၅/၈) ဖြစ်သည်။
ယတြာ။            စေတီမှာ မုန့်တစ်မျိုးမျိုး လှူပါ။
.

သောကြာ
.
နေရာဒေသစုံ သွားလာရလိမ့်မည်။ ပစ္စည်းဆန်းများ ဝင်မည်။ အဝတ်အစားသစ်များ ဝင်လာမည်။ ခရီးယာယီသွားလာရမည်။ နေအိမ်သို့ အဝေးဧည့်သည်များ အလည်လာမည်။ ကြီးသူ ကျန်းမာရေးကောင်း မွန်လာမည်။ စီးပွားရေးအကွက်ကောင်း တွေ့မည်။ ကား၊ ဆိုင်ကယ်၊ အရောင်းထွက်မည်။ သူငယ်ချင်းမိတ် ဆွေသစ်ရမည်။ ကုန်သည်များ လှောင်ကုန်မြတ်မည်။ စီးပွားတက်လာမည်။ ဝန်ထမ်းများ တပည့်များက အပူသောက ပေးကြလိမ့်မည်။ ပွဲစားများ ငွေချေးငှားသုံးနေရလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူ ကြောင့် ဝမ်းသာရမည်။ ဂုဏ်ယူရမည်။ ကျန်းမာရေးတွင် လည်ပင်းနာလိမ့်မည်။ အပူနာများ ဖြစ်လိမ့်မည်။ သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (၃/၆/၉)ဖြစ်သည်။
ယတြာ။            စေတီတွင် ယာဂုလှူပါ။
.

စနေ
.
ခိုက်ရန်အသေးစားဖြစ်မည်။ စီးပွားရေးနေရာထိုင်ခင်း စိတ်တိုင်းမကျချေ။ အတိုက်အခံပြုသူပေါ်လိမ့် မည်။ ထီဆုကြီးပေါက်မည်။ ပွပေါက်တိုးမည့်ကာလ ဖြစ်သည်။ လိုချင်သော ပစ္စည်းလည်း ရလိမ့်မည်။ အ ရေးကြီးသော စာရွက်စာတမ်းများ ပျောက်ဆုံးမည်။ နေအိမ်အနည်းငယ်ပြုပြင်ရမည်။ အလှအပ ဆင်ရ လိမ့်မည်။ အစားကောင်း စားရမည်။ ကုန်သည်များမှာ အရောင်းအဝယ် သင့်နေပါမည်။ ဝန်ထမ်းများသင် တန်းပေါ်မည်။ ပညာလေ့လာရမည်။ အလုပ်ကျွမ်းကျင်လာမည်။ ပွဲစားများမှာ အပေါင်ကိစ္စအောင်မြင်ပါ လိမ့်မည်။ ငယ်ရွယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသောလက်ဆောင်ကောင်း ရမည်။ ကျန်းမာရေး ကိစ္စတွင် ဝမ်းပျက်မည်။ လေနာမည်။ ကံကောင်းစေသောဂဏန်းမှာ (၁/၄/၆) ဖြစ်ပါသည်။
ယတြာ။            ဘုရားမှာ ဖျော်ရည်လှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)