ငမူးချီးယားတွေ ထားခဲ့ပြီး နယူးရီးယားကို သွားကြမယ် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Tuesday, December 31, 2019

ငမူးချီးယားတွေ ထားခဲ့ပြီး နယူးရီးယားကို သွားကြမယ်


အောင်ဆန်းဝင်း
.
ဆောင်းက ပီပီသသ အေးတယ်။ အေးစက်စက် ဆောင်း ရောက်တဲ့အချိန် အခါမဲ့မိုးပေါက်တွေက အာရုံ ဝင်နှောက်တယ်။ ပြာလဲ့လဲ့ကောင်းကင်ယံကို မည်းညစ်ညစ် တိမ်ညိုတွေ သိမ်း ပိုက်တယ်။ နှင်းပွင့်ကြွေရမယ့် ဆောင်းမှာ မိုးစက်တွေကျနေ တယ်။ သံသာလေကမ်းက မိုးစက်တင်လေကို လွမ်းရမလား။ အဆိုတော် ကိုင်ဇာသီချင်းလို မိုးရွာရင် မိုးရေချိုးမယ်လုပ်လို့ တော့ မဖြစ်။ (ဒီရာသီဥတုနဲ့ ကိစ္စတုန်းသွားနိုင်တယ်လေ)။ အိပ် တန်းပြန် မိုးပေါက်တွေ ဆောင်းရှိရာကို ဘယ်အရပ်ကမျက်စိ လည် လမ်းမှားလာလည်းတော့ မပြောတတ်။ အရပ်ထဲ ပါးစပ် မိုးလေဝသစခန်းတွေက သူတို့ ထင်ရာမြင်ရာ စိတ်ကူးတည့်ရာ ထုတ်ပြန်ထားတဲ့ သတင်းတစ်ပုဒ်ရှိတယ်။ ၂၀၁၉ ဒီဇင်ဘာလ ကုန်ပိုင်း အအေးလှိုင်းဖြတ်မယ်တဲ့။ အအေးလှိုင်း ဖြတ်တာ မ ဖြတ်တာ မသိပေမယ့် မိုးပေါက်တွေကျလို့ အအေး ပိုလာတာ တော့ အမှန်။
.
.

 ဒီဇင်ဘာ ၃၁ ရက်ညအတွက် လုပ်စရာတစ်ခုပဲရှိ တယ်။ ည ၁၂ နာရီ မထိုးမချင်း ငမူးချီးယားတွေ နယူးရီးယား မအော်မချင်း စိတ်ညစ်ခံနားညည်းခံဖို့ပါ။ ဟုတ်တယ်လေ။ ည ၁၂ နာရီ နယူးရီးယား အော်ဖို့အတွက် ညနေစောင်းတည်းက ဆောင်းဘောက်စ်ကြီးတွေနဲ့ သိုးဆောင်းသီချင်းတွေ တဒိန်းဒိန်း ဖွင့်။ ဘယ်ကီးမှ မဝင်တဲ့အသံနဲ့ စည်းလွတ်ဝါးလွတ်ဆိုတဲ့ အ သံတွေကိုလည်း စိတ်ဆင်းရဲခံပြီး နားထောင်ရတယ်။ ဒီဘက် အိမ်က သိုးဆောင်းသီချင်းနဲ့ ဖိုက်တာကို ဟိုဘက်အိမ်က မနော နဲ့ အပြိုင်ကစ်။ ဝရုန်းသုန်းကားနဲ့ လမ်းမပေါ် ဖိုက်တင်ပလေး တွေလည်း ရှိ။ ဟတ်ပီးနယူးရီးယားကြတာလား အရပ်ကို ဒုက္ခ ပေးတာလား မသဲကွဲတော့ ဘယ်လိုပြောရမှန်းတောင် မသိပါ ဘူး။

.

ဆောင်းနဲ့မိုး နှစ်ခုပေါင်း ထင်တိုင်း ကျဲနေတဲ့ ရာသီဥတု ရိုက်ခတ်မှုက ကျန်းမာရေး အားနည်းချက်ရှိတဲ့လူတွေအတွက် အတော်ကြီး ဂရုစိုက်ရမယ့်အနေအထား။ အခန့်မသင့်ရင် နေ့ ချင်းညချင်း ဆေးရုံဆေးခန်းနဲ့ နှစ်ပါးသွားရနိုင်တယ်။ ခြေလွန် လက်လွန် ဖြစ်သွားမှာကိုလည်း စိုးရိမ်ရတယ်။ ရာသီဥတုရိုက် ခတ်မှုဆိုတာ အသက်ကြီးတာ ငယ်တာ၊ ရှည်တာပုတာ၊ ပိန် တာ ဝတာ ရွေးနေတာမျိုး မဟုတ်ဘူး။ အားလုံးအပေါ် တစ်သပ် မတ်တည်းရယ်။ အရေးတစ်ကြီး ကြပ်ကြပ်မတ်မတ် ဂရုစိုက်ဖို့ လိုအပ်တာက သူလိုကိုယ်လို ကျွန်တော်လို ကိုစိုးလိုဘဝတူ ဇိုး သမားမောင်မောင်တွေ။ ရာသီဥတု အားပေးတယ်ဆိုပြီးမျက် လုံးမှိတ် စွတ်တင်။ ပုလင်းထဲရှိသမျှ မကုန်မချင်းသောက်။ (မျက် နှာမူရာ လက်လှည့်ရာအရပ် ပုလင်းရှိတာလည်း အတော်ဆိုး တယ်ဗျ)။ လူလိုသူလို ခပ်ပါးပါးပုတ်မှ သက်တမ်းတိုးလို့ရမှာ မ ဟုတ်လား။
.
တောင်မရောက် မြောက်မရောက်ဆောင်းနဲ့ မိုးဗွေဖောက် တဲ့နေ့ရက် တစ်ခု။ မှတ်မှတ်ရရ ၂၀၁၉ ဒီဇင်ဘာ ၂၇ ရက်။ သောက်ဖော်မူးဘက် အပေါင်းအသင်း တစ်ယောက်ကမေး တယ်။ နယူးရီးယားညကျရင် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲတဲ့။ အ ကြောင်းသိချင်း အမူးလွန်တာလား အတိတ်မေ့ပြီး မေးတာလား မပြောတတ်ဘူး။ တစ်သက်နဲ့ တစ်ကိုယ် သိုးဆောင်းနှစ်ကူးနဲ့ ပတ်သက်ပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဘာတစ်ခုမှ မလုပ်ခဲ့ဖူး ဘူး။ လုပ်ရင်လည်း ကိုယ့်အပေါင်းအသင်းတွေ အနေအထားနဲ့ သိုးဆောင်း နယူးရီးယားထက် မြန်မာငမူးချီးယားပွဲဖြစ်ဖို့က ရာ နှုန်းပြည့် သေချာပေါက်။ သိုးဆောင်းနှစ်ကူးအသာထား။ ကိုယ့် လက်ငုတ်လက်ရင်း မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် တောင် ရေမစိုဖူးတာ ၁၀ နှစ်ကျော်။ အသက်အရွယ်ကြောင့်ရယ် ငမူးတွေ ရစ်တာမခံနိုင်တာရယ်နဲ့ ပွဲလမ်းသဘင်ဘက် ခြေဦးကို မလှည့်ဖြစ်တော့တာ။
.
အခုလည်းသောက် ငမူးက နယူးရီးယား ဘာအစီအစဉ်ရှိ လဲဆိုတော့ ကိုယ့်အစီအစဉ်ကို ခပ်ပြတ်ပြတ်ပဲ ပြောလိုက် တယ်။ နိုးပါ။ ဒီဇင်ဘာ ၃၁ ရက်ညအတွက် လုပ်စရာတစ်ခုပဲရှိ တယ်။ ည ၁၂ နာရီ မထိုးမချင်း ငမူးချီးယားတွေ နယူးရီးယား မအော်မချင်း စိတ်ညစ်ခံနားညည်းခံဖို့ပါ။ ဟုတ်တယ်လေ။ ည ၁၂ နာရီ နယူးရီးယား အော်ဖို့အတွက် ညနေစောင်းတည်းက ဆောင်းဘောက်စ်ကြီးတွေနဲ့ သိုးဆောင်းသီချင်းတွေ တဒိန်းဒိန်း ဖွင့်။ ဘယ်ကီးမှ မဝင်တဲ့အသံနဲ့ စည်းလွတ်ဝါးလွတ်ဆိုတဲ့ အ သံတွေကိုလည်း စိတ်ဆင်းရဲခံပြီး နားထောင်ရတယ်။ ဒီဘက် အိမ်က သိုးဆောင်းသီချင်းနဲ့ ဖိုက်တာကို ဟိုဘက်အိမ်က မနော နဲ့ အပြိုင်ကစ်။ ဝရုန်းသုန်းကားနဲ့ လမ်းမပေါ် ဖိုက်တင်ပလေး တွေလည်း ရှိ။ ဟတ်ပီးနယူးရီးယားကြတာလား အရပ်ကို ဒုက္ခ ပေးတာလား မသဲကွဲတော့ ဘယ်လိုပြောရမှန်းတောင် မသိပါ ဘူး။
.
သကောင့်သားက ဆက်ပြောသေးတယ်။ ပြက္ခဒိန်တစ်ခုရဲ့ နောက်ဆုံးနှုတ်ဆက်တဲ့ ညလေးဖြစ်တဲ့အတွက် ငါတို့လည်းအ များတကာလို ဝင်နှုတ်ဆက်ရင်ကောင်းမလားလို့တဲ့။ လူရှုပ်တဲ့ နေရာမှန်သမျှ တတ်နိုင်သလောက် ရှောင်ပြီး ကိုယ့်အထာနဲ့ကို သာသာယာယာနေလာခဲ့တာ ဆယ်စုနှစ်တောင်ချီခဲ့ပေါ့။ ဒီဇင် ဘာ ၃၁ ရက် ည ၁၁ နာရီတိတိ (ဘယ်နာရီနဲ့ ဘယ်လိုတိတယ် တော့ မပြောတတ်ဘူး) ဟတ်ပီးနယူးရီးယားအော်ဖို့အတွက် အ လုပ်ရှုပ်စိတ်ရှုပ်မခံနိုင်တာနဲ့ အုပ်လက်စဘရိတ်ကို ဆက်အုပ် ထားလိုက်တယ်။ လုပ်ချင်တဲ့လူတွေ လုပ်ပါ။ ငါ့တော့ ချမ်းသာ ပေးပါဆိုပြီး ကြိုတင်တောင်းပန်သမှုလေး ပြုရတာပေါ့။ အ ကြောင်းသိတွေချင်းဆိုတော့ မပြုလို့လည်း မရဘူး။ ကိုယ့်လူ တွေ ရစ်စရာမရှိရင် လမ်းလျှောက်ရင်း တွေ့ကရာဓာတ်တိုင်ကို ဟိုဘက်ကပတ်လိုက် ဒီဘက်က လှည့်လိုက်နဲ့ ကြံဖန်ရစ်တာ တွေ။
.
ဒါဆိုရင် မင်းက နယူးရီးယားမှာ မဟက်ပီးတော့ဘူးလား တဲ့။ ကဲ စဉ်းစားသာကြည့်။ သူပြောပုံက နယူးရီးယားမှ ကိုယ် က ဟတ်ပီးရမယ့်အတိုင်း ဖြစ်နေတယ်။ ကိုယ့်ဟာကို အေး အေးဆေးဆေးနေပါမယ်ဆိုတာကို နေ့ခင်းကြောင်တောင် မ သောက်ဘဲ အရစ်ခံနေရတာ။ လက်ကုန်ဖွင့်ထားတဲ့ ဒီဇင်ဘာ ၃၁ ရက် ညမျိုး ဘယ်လောက်အထိ တိုင်ပတ်မယ်ဆိုတာ မ ပြောတတ်ဘူး။ ဒါတောင် သကောင့်သားတစ်ယောက်ပဲရောက် လာသေးလို့။ ရှိရှိသမျှ ဇိုးသမားအပေါင်းအသင်းရောင်းရင်းအ ကုန်သာ စုပုံရောက်လာရင် ဟတ်ပီးနယူးရီးယား ဒီဇင်ဘာ ၂၇ တည်းက စသွားနိုင်တယ်။ အများပျော်လို့ မပျော်နိုင်ဘဲဆိုဘယ် လိုမှ ခံစားလို့ မရတာနဲ့ ကျေးဇူးရှင် သကောင့်သား ချမ်းသာပေး ဖို့ တောင်းပန်ထားရတယ်။ ဒီဇင်ဘာ ၃၁ နယူးရီးယားညနေ ဘယ်နေရာ ရှောင်ရမလဲဆိုတာ ပြေးပေါက်လေးရှာရပြန်ရော။
.
နယူးရီးယားညမှာ အပေါင်းအသင်းတွေ လက်ကပြေးလမ်း သာ ပြန်လမ်းဖြောင့်ဖို့ စဉ်းစားရင်းနောက်မှာ ကျန်ခဲ့တဲ့ ၃၆၄ ရက်ကို စိတ်ကူးနဲ့ သမင်လှည် ပြန်ကြည့်မိတယ်။ ဘာတွေချန် ထားခဲ့လဲ။ ဘာတွေ လုပ်ခဲ့ပြီလဲ။ ဟတ်ပီးခဲ့လား။ စိတ်ညစ်ခဲ့ လား။ တကယ်တမ်း တွေးကြည့်တော့ ကိုယ်လိုတောင်မရောက် မြောက်မရောက်စာပေသားပေါက်အနေနဲ့ လုပ်ကိုင်နိုင်ခဲ့တာ တော့ ရှိခဲ့မှာပေါ့။ ပြေလည်တာ မပြေလည်တာတွေ ရှိခဲ့လိမ့် မယ်။ အမှတ်ရစရာတစ်ခုကို လက်ညိုးထိုးပြပါဆိုရင် ကမ္ဘောဇ တိုင်းဂျာနယ်မှာ အပတ်စဉ်ဆောင်းပါးလေးတွေ ရေးဖြစ်တယ်။ စိတ်လိုလက်ရရှိတဲ့အခါ ဝတ္ထုတိုလေးတွေရေးပြီး လပြည့်ဝန်း မဂ္ဂဇင်းတိုက်ကို ပို့တယ်။ ဒီလောက်ကလွဲပြီး ကျန်တာအ ကြောင်းပြစရာမရှိ။
.
ကိုယ့်ရက်စွဲကို စိတ်ကူးနဲ့ ပြန်ကြည့်ရင်း မြန်မာပြည်သူတွေ ရဲ့ ၃၆၄ ရက်ကို ခရီးဆန့်ကြည့်မိတယ်။ ဟတ်ပီးခဲ့လား စိတ် ညစ်ခဲ့ကြလား။ ကြပ်တည်းခဲ့လား ပြေလည်ခဲ့ကြလား။ အေးချမ်း ခဲ့လား ပူလောင်ခဲ့ကြလား။ နှစ်ပေါင်း ၇၀ ကျော်ဇိမ်ခံတိုက်နေတဲ့ စစ်ပွဲကြောင့် မြန်မာပြည်သူတွေ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးတာ ကို ကွက်ကွက်ကွင်းကွင်း မြင်ရတယ်။ ဒုံးပျံနဲ့ ဆွဲတင်ပေမယ့် ဆင်းရဲတွင်းထဲ နစ်သည်ထက် နစ်နေကြတုန်း။ တစ်နေ့တစ် ခြား ကြီးမြင့်လာတဲ့ အခြေခံစားသောက်ကုန် စျေးနှုန်းကြောင့် အချေခံရတဲ့ ပြည်သူတွေဘဝက ငါးသန်သေးနုတ် ရေလုံပြုတ် က မတက်နိုင်ကြသေးဘူး။ ကိုယ့်မြေကိုယ့်ရေမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် အခွင့်အလမ်းရှိရာ တိုင်းတစ်ပါးကို မျက်နှာ အောက်ချ ထွက်ကြရတဲ့အဖြစ်။ အဖက်ဖက်က ဘယ်လိုပဲလှည့် ပတ်ကြည့်ကြည့် နှစ်ထောင်းအားရစရာ တစ်ကွက်မှ မမြင်တဲ့အ ခြေအနေ။
.
သိုးဆောင်းနှစ်ကူးမှာ ဟတ်ပီးနယူးရီးယားလို့ အော်ခဲ့တဲ့ ပြည်သူတွေ အမှန်တကယ် ပျော်ရွှင်ရဲ့လားဆိုတာ မဝံ့မရဲတွေး ကြည့်မိတယ်။ ပျော်ရွှင်ခဲ့တယ်ဆိုရင်တောင် ခဏတာစိတ်ထွက် ပေါက်အနေနဲ့သာဖြစ်ဖို့များမယ်လို့ ထင်ပါတယ်။ မြန်မာပြည်သူ တွေအတွက် ပျော်ရွှင်ခြင်းနိုင်ငံဆိုတာ အဆိုတော် အေးချမ်းမေ ဆိုထားတဲ့ သီချင်းအဆင့်လောက်ပါ။ လက်တွေ့ကျတဲ့ ပျော်ရွှင် ခြင်း နိုင်ငံမဖြစ်သေးပါဘူး။ မနက်စာစားပြီး နေ့လယ်အတွက်ပူ ရ။ နေ့လယ်ကို ဖြစ်သလိုရှင်းထုတ်ပြီး ညအတွက် ခေါင်းမီး တောက်အောင်ရှာ။ အလုပ်အကိုင် ရှားပါးအခွင့်အလမ်းက မရှိ။ ကုန်းကောက်စရာမရှိအောင် ချုံးချုံးကျနေတဲ့ မြန်မာပြည်စီးပွား ရေး အနေအထားက ပြည်သူတွေ ပျော်ရွှင်ခြင်း ကင်းမဲ့နေတယ် ဆိုတာ အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ အစိုးရအဆက်ဆက် ပြောင်းလဲသွားပေမယ့် ပြည်သူတွေဘဝကတော့ ပြောင်းလဲခြင်း ဆိုတာ နတ္ထိ။
.
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ လို့ဆိုကြတယ်။ တ ကယ်ကံဆိုးချင်ရင် ရှောင်မရ လွှဲမရတဲ့ ဒုက္ခတစ်ပါး။ ၂၀၁၉ ဒီ ဇင်ဘာ ၃၁၊ သိုးဆောင်းနှစ်သစ်ကူးညကို သံကွန်ချာ ခုနှစ်ထပ် အောက် ပုန်းပေမယ့် ဘယ်သကောင့်သား နတ်လမ်းညွှန်လုပ် တယ် မပြောတတ်။ အပေါင်းအသင်း ရောင်းရင်းဇိုးကိုကိုတွေ လက်က ပြေးမလွှတ်ခဲ့ဘူး။ ဆောင်းဘောက်စ်သံ တဒိန်းဒိန်း အောက်မှာ နားဒုက္ခဆင်ခဲ့ရတယ်။ ကြိုးမညီတဲ့ ဂစ်တာနဲ့ ကီး ပျက်တဲ့အသံတွေက စိတ်ပျက်စရာ။ တစ်လုံးနဲ့တစ်လုံး အချိန် မတူတဲ့ နာရီတွေကြည့်ပြီး ကိုယ့် ၁၂ နာရီမှာ ဟတ်ပီးနယူးရီး ယားလို့အော်ကြ။ ကျန်ခဲ့တဲ့ ၃၆၄ ရက်က ညစ်တာတွေ ရှိရင် ခဏတာ လစ်လိုက်ပေါ့။ ဘယ်လိုဖြစ်ဖြစ် စာဖတ်ပရိသတ်ကြီး ရေ ဒီနေ့က သိုးဆောင်းနှစ်သစ် ၂၀၂၀ ဇန်နဝါရီ တစ်ရက်နေ့ ငမူးချီးယားတွေ ထားခဲ့ပြီး ဟတ်ပီးနယူးရီးယားဖြစ်ကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)