နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများအား ခွဲစိတ်ကုသပေးခဲ့သော ကမ္ဘောဇဘဏ်မှ AMCHAM CSR ထူးချွန်ဆု ရရှိ - Kanbawza Tai News

Breaking

Monday, December 2, 2019

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများအား ခွဲစိတ်ကုသပေးခဲ့သော ကမ္ဘောဇဘဏ်မှ AMCHAM CSR ထူးချွန်ဆု ရရှိ


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးသူငယ်ပေါင်း ၆၀၅ ဦးကို ရာနှုန်းပြည့် အောင်မြင်သော အခမဲ့ ခွဲစိတ် ကုသမှု ပေးနိုင်ခဲ့သည့် Smile Medical Mission အတွက် ကမ္ဘောဇဘဏ် အနေဖြင့် AMCHAM CSR ထူးချွန်ဆုကို နိုဝင် ဘာလ ၂၆ ရက်က လက်ခံ ရရှိခဲ့ကြောင်း သိရသည်။
.
.
ကမ္ဘောဇဘဏ်ရဲ့ စံတန်ဖိုးတွေ ဖြစ်တဲ့ မေတ္တာ၊ သတ္တိနဲ့ ဝီရိယတို့ အပေါ် အခြေခံပြီး ၂၀၁၆ ခုနှစ်က စတင်ပြီး စင်ကာပူနိုင်ငံ အခြေစိုက် ပရဟိတ လူမှုအဖွဲ့အစည်း ဖြစ်တဲ့ Smile Asia Alliance နဲ့ လက်တွဲပြီး Smile Medical Mission များကို အကောင်အထည် ဖော်ခဲ့ပါတယ်။ Mission တွေ အားလုံးမှာ အသင်းအဖွဲ့ နဲ့ လက်တွဲနိုင်မှုရဲ့ အနှစ်သာရကို ပေါ်လွင်အောင် ဖော်ဆောင်နိုင်ခဲ့ပါ တယ်။ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ကမ္ဘောဇဘဏ် အနေဖြင့် အဆိုပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး သူငယ်များ ခွဲစိတ်ကုသသည့် အစီအစဉ်များကို မိတ်ဖက် အဖွဲ့အစည်း ဖြစ် သော Smile Aisa နှင့်အတူ အား ကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်မှုဖြင့် ရန်ကုန်ပြည်သူ့ ဆေး ရုံကြီး၊ တောင်ကြီး အမျိုးသမီးနှင့် ကလေးဆေးရုံတို့တွင် ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့  ဝန်ထမ်းအဖြစ် ဆောင်ရွက်သော ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကမ္ဘောဇဘဏ် အနေ ဖြင့် လာမည့် ဒီဇင်ဘာလ ၁၃ ရက်မှ  ၁၆ ရက်ထိ နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီးတွင် ၈ ကြိမ်မြောက် medical mission အတွက် ပြင်ဆင်နေလျက် ရှိပြီး အဆိုပါ mission သည် နေပြည် တော်တွင် ကမ္ဘောဇဘဏ်နှင့် Smile Asia တို့ ပထမဆုံး ပူးပေါင်းစီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်၏ အမှုဆောင် အရာရှိချုပ် Mr. Mike DeNoma မှ ယမန်နှစ် MOAB 240 Endurance Run တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အား ထုတ်မှုဖြင့် ရရှိခဲ့သော အမေရိကန် ဒေါ်လာ ၂၀၀၀၀ ကို ကမကထ ပြု လုပ်ခဲ့ခြင်းအပေါ် အတုယူ၍ ယင်း နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး သူငယ် ခွဲစိတ်ကုသမှု အစီအစဉ်အ တွက် ခွန်အား ဖြစ်စေကြောင်းနှင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း ကုသမှု အစီအစဉ် ၃ ကြိမ် ဖော် ဆောင်၍ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များမှ နှုတ်ခမ်းကွဲ အာခေါင် ကွဲ ကလေးငယ်များ၏  ဘဝများ ပိုမို ကောင်းမွန်လာစေရန် ဆက် လက် အားထုတ် ကြိုးပမ်းသွားမည် ဟု ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats