ရှမ်းရှေ့ရှိ အစိုးရဝန်ထမ်းများအား AIR KBZ မှ လက်မှတ်ခ ထက်ဝက်နှုန်းဖြင့် ဝန်ဆောင်မှုပေး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, December 26, 2019

ရှမ်းရှေ့ရှိ အစိုးရဝန်ထမ်းများအား AIR KBZ မှ လက်မှတ်ခ ထက်ဝက်နှုန်းဖြင့် ဝန်ဆောင်မှုပေး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နှင့် တာချီလိတ်မြို့များတွင် တာဝန်ထမ်းဆောင်နေသည့် အစိုး ရဝန်ထမ်းများအား ခရီးသွားလာမှု လွယ်ကူ အဆင်ပြေချောမွေ့စေရန် အတွက် ဒီဇင်ဘာလ ၁၅ ရက်က စတင်ကာ Air KBZ လေကြောင်း လိုင်း က လေယာဉ်လက်မှတ်ခများကို ထက်ဝက်နှုန်းဖြင့် လျှော့ချ၍ ဝန် ဆောင်မှု ပေးလျက် ရှိကြောင်း သိ ရသည်။
.
 
.
Air KBZ လေကြောင်းလိုင်းသည် အစိုးရဝန်ထမ်းများအတွက် ကျိုင်း တုံ-ဟဲဟိုးခရီးစဉ်နှင့် ကျိုင်းတုံ- ရန် ကုန် ခရီးစဉ်များကို လေယာဉ်လက် မှတ်ခ ထက်ဝက် လျှော့ချပေးခြင်း ဖြစ်ပြီး ခရီးစဉ်အတွက် လေယာဉ် လက်မှတ်များကို ရန်ကုန်နှင့် ကျိုင်း တုံရှိ Air KBZ လေယာဉ်လက်မှတ် အရောင်းကောင်တာများတွင် သာ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
.
ကျိုင်းတုံက ဝန်ထမ်းတွေအ တွက်တော့ အဆင်ပြေပါတယ်။ တာ ချီလိတ်က ဝန်ထမ်းကတော့ ကျိုင်း တုံကနေ လေယာဉ်သွားစီးရမယ့် သဘောဖြစ်နေတယ်။ မရှင်းတာက ကျိုင်းတုံ၊ တာချီလိတ်က ဝန်ထမ်း တွေပဲ အကျုံးဝင်ပြီး တခြားမြို့နယ် တွေက မပါဘူးလားဆိုတာ သိချင် ပါတယ်”ဟု မိုင်းဆတ်မြို့နေ အစိုးရ ဝန်ထမ်းတစ်ဦးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
Air KBZ လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် ထက်ဝက်စျေး နှုန်းဖြင့် ခရီးသွားလာကြမည့် ဝန် ထမ်းများသည် ယင်းဒေသ၌ တာ ဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ ထောက်ခံချက်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ဝန် ထမ်းကတ် မိတ္တူတို့ဖြင့် လက်မှတ် ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါ က ကျိုင်းတုံနှင့် ရန်ကုန်မြို့ရှိ Air KBZ ရုံးများသို့ ဆက်သွယ်စုံစမ်းမေး မြန်းနိုင်ကြောင်း သိရသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်တို့  ကျိုင်း တုံမြိုသို့ လာရောက်ခဲ့သည့် ခရီးစဉ် များအတွင်း ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခချုပ် ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်စမ်းစမ်းမာက အစိုးရ ဝန်ထမ်းများအား သက်သာသည့် လေယာဉ်လက်မှတ်ခဖြင့် ခရီးသွား လာနိုင်ရေး ဆောင်ရွက်ပေးစေလို သည်ဟု တင်ပြတောင်းဆိုထားခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)