အောင်ပန်းမြို့ မင်္ဂလာကန်အတွင်း ဗေဒါနှင့် အမှိုက်များအား စုပေါင်းရှင်းလင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, December 1, 2019

အောင်ပန်းမြို့ မင်္ဂလာကန်အတွင်း ဗေဒါနှင့် အမှိုက်များအား စုပေါင်းရှင်းလင်း


ခွန်သန်းအောင်
.
ကလောမြို့နယ် One State One Township Project အရ အမှိုက်ကင်းစင်ရေးအတွက် တနင်္ဂနွေနေ့တိုင်း ရပ်ကွက်၊ ကျေးရွာများတွင် အမှိုက်ကောက်၊ လုပ်ငန်းကို စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းက အောင်ပန်းမြို့၊ မင်္ဂလာကန်အတွင်းရှိ ဗေဒါနှင့် အမှိုက် များအား ဒေသခံများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း သိရသည်။
.
.
ထိုသို့ ဆောင်ရွက်ရာတွင် ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း၊ အောင်ပန်းမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ မြို့စည်ပင်သာယာရေးနှင့် သန့်ရှင်းရေးကော်မတီ ဥက္ကဋ္ဌတို့မှ ဦးဆောင်၍ မစခ (၉၀၃) တပ်ရင်းမှ အင်အား ၈၀ ဦး၊ ပညာရေး (၃) တပ်မှ ၁၂၅ ဦး၊ မြို့သန့်ရှင်းရေးကော်မတီမှ ၁၈ ဦး၊ ဌာနဆိုင်ရာများ၊ လူမှုရေးပရဟိတအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ၂၀၀ ဦး၊ မြင့် (မြန်မာစာ) ပညာရေးဘော်ဒါဆောင်မှ ကျောင်းသား/သူ ၁၂၀ ဦး၊ စုစုပေါင်း အင်အား ၆၄၀ ဦးဖြင့် မင်္ဂလာကန်အတွင်းရှိ ဗေဒါနှင့် အမှိုက်များအား စုပေါင်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ မြို့နေအလှူရှင်များမှ ဖျော်ရည်နှင့် မုန့်များ၊ ရေသန့်ဘူးများ၊ ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ကလောမြို့နယ်အတွင်း One State One Township စီမံချက်ဖြင့် အမှိုက်ကင်းစင်ရေးအပြင် မူးယစ်ဆေးဝါး ကင်းစင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုယ်တိုင်မူးယစ်ဆေးဝါး သုံးစွဲသူများမှ ဆေးဖြတ်လိုသူများကို ဆေးဖြတ်စင်တာ (ရန်ကုန်) သို့ ပို့ဆောင်ပေးလျက်ရှိရာ ၄ ဦးအား ကူညီပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းထံမှ သိရသည်။
.
ကလောမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးဖြတ်လိုသူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက် မူးယစ် ကင်းစင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats