အောင်ပန်းတွင် ဆိုင်ကယ် အစီး ၂၀ ကျော်အား တစ်ကိုယ်တော် ခိုးယူသူကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, December 5, 2019

အောင်ပန်းတွင် ဆိုင်ကယ် အစီး ၂၀ ကျော်အား တစ်ကိုယ်တော် ခိုးယူသူကို ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဒီဇင်ဘာလ ၄ ရက်က နေရာစုံမှ မော်တော်ဆိုင်ကယ် အစီး ၂၀ ကျော်အား တစ်ကိုယ်တော် ခိုးယူရောင်းစားခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ဆိုင်ကယ်ခိုးယူသူမှာ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ နယ်မြေ (၈) နေ စိုင်းစိုးအောင် (ခ) ဖိုးတရုတ် (၂၁ နှစ်) ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၃ နှစ်ကျော် ၄ နှစ်အတွင်း ဆိုင်ကယ်များကို တစ်ဦးတည်းခိုးယူ ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
“အခု အောင်ပန်းမှာ ၇ စီး ရထားတယ်။ လိုင်စင်ဘီး တစ်စီးပဲ အမှုဖွင့်နိုင်သေးတယ်။ သာစည်ဘက်မှာ အစီး ၂၀ လောက် အပိုင်ရဲစခန်းက သိမ်းယူဖမ်းဆီးထားတာရှိတယ်။ အားလုံး သွားယူပြီးရင် ပိုင်ရှင်တွေအနေနဲ့ ကိုယ့်ဆိုင်ကယ် ကို လာရောက်စစ်ဆေးခံဖို့ လိုပါမယ်” ဟု အောင်ပန်းနယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဆိုင်ကယ်ခိုးယူသူ စိုင်းစိုးအောင် (ခ) ဖိုးတရုတ်အား ဒီဇင်ဘာလ ၄ ရက်၊ ညနေပိုင်းက  အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ 
 နယ်မြေ (၈) တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် ဆိုင်ကယ်လဲကျအောင်လုပ်ကာ ထွက်ပြေးရန် ကြံစည်သဖြင့် ရဲဝန်ထမ်းတစ်ဦးတွင် ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေရသည် ဟု သိရသည်။
.
ဆိုင်ကယ်ခိုးယူသူသည် အောင်ပန်းမြို့တစ်ဝိုက်နှင့် လွယ်မခန်ကျေးရွာ စသည့် နေရာစုံမှ မော်တော်ဆိုင်ကယ်များအား ခိုးယူခဲ့ပြီး သာစည်မြို့နယ်၊ ယင်းမာပင်မြို့၊ ကျွဲတပ်

ဆုံနှင့် ရေပေါင်းစုံကျေးရွာများတွင် သွားရောက်ရောက်ချခဲ့ကြောင်း သိရသဖြင့် သက်ဆိုင်ရာ အပိုင်နယ်မြေရဲစခန်းများနှင့် ဆက်သွယ်ကာ ခိုးယူသွားသည့် ဆိုင်ကယ် အစီး ၂၀ ခန့်ကို ပြန်လည်သိမ်းဆည်းထားကြောင်း သိရသည်။
.
အဆိုပါဆိုင်ကယ်များကို ခိုးမှုကျူးလွန်ခဲ့သူ စိုင်းစိုးအောင် (ခ) ဖိုးတရုတ် (၂၁)နှစ် အား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၅၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ဆ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

.

No comments:

Post a Comment

Journal Download

Photo of three cats