ချေးငွေကုမ္ပဏီပိုင် ငွေကြေးများအား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Tuesday, December 31, 2019

ချေးငွေကုမ္ပဏီပိုင် ငွေကြေးများအား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ချေးငွေကုမ္ပဏီမှငွေကြေး ကျပ်သိန်း ၇၀ နီးပါးအား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ ယင်းကုမ္ပဏီမှ ဝန်ထမ်းအမျိုးသမီးကို ဒီဇင်ဘာလ ၂၈ ရက်၊ ညပိုင်းက အမှုဖွင့်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.

.
“ထွက်ပြေးမယ် သတင်းရလို့ ည ၁၁ နာရီမှာ သွားဖမ်းရတယ်။ ဒီနေ့ တရားရုံးစွဲချက်တင်ပါမယ်”ဟု အောင်ပန်းနယ်မြေ ရဲစခန်းမှ အမှုလိုက်အရာရှိ ဒုရဲအုပ်ကိုလတ်က ဒီဇင်ဘာ ၃၀ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့အခြေစိုက် မြကျွန်းသာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီမှ မြို့နယ်မန်နေဂျာ ဒေါ်အမ်ဆောင် ထွယ်မိုင်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်၍ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ ယင်းကုမ္ပဏီမှ အကြီးတန်း ချေးငွေအရာရှိ ဒေါ်မြတ်သိင်္ဂီ (၂၃ နှစ်) ထံသို့ ချေးငွေ ချေးလိုသူများအား ငွေထုတ်ချေးပေးနိုင်ရေးအတွက် ကုမ္ပဏီပိုင် ငွေကျပ် ၁၄၃ သိန်းအား ထုတ်ထားပေးခဲ့ပြီးနောက် စာရင်းများ စစ်ဆေးရာတွင် ဒေါ်မြတ်သိင်္ဂီထံ ငွေကျပ် ၆၉၂၈၁၄၀ အား ၎င်း၏ကိုယ်ကျိုးအတွက် သုံးစွဲထားကြောင်း သိရသဖြင့် ဒေါ်အမ်ဆောင်ထွယ်မိုင်းက အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ ဒေါ်မြတ်သိင်္ဂီအား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့် ဖမ်းဆီးကာ တရားစွဲဆိုတင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats