ခရစ္စမတ် ' လက်ဆောင် ' - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, December 25, 2019

ခရစ္စမတ် ' လက်ဆောင် '

စိုင်းကွမ်းမိုင်း
.
ထိရောက်အောင်မြင်မှု ကင်းမဲ့ခြင်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အမေရိ ကန်အား ၂၀၁၉ ခုနှစ် ခရစ္စမတ်လက်ဆောင်အဖြစ် မည်သည့် အရာကို လိုချင်ပါသနည်းဟု မေးမြန်းထားသည်။ သို့သော် လည်းယင်းမေးခွန်းသည် အကောင်းမြင်သဘောမျိုးဖြင့် မေး မြန်းခြင်းကား မဟုတ်ပေ။ ယခုနှစ်မကုန်မီတွင် နျူကလီးယားအ ရေးသဘောတူညီချက် မရှိပါက တိုက်ချင်းပစ်ဒုံးကျဉ်ပစ်ခတ် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ရမည်ဟူ၍ အရိပ်အမြွက်ခြိမ်း ခြောက်ထားခြင်းပင် ဖြစ်သည်။
.
အမေရိကန် သမ္မတထရမ်နှင့် ကင်ဂျုံအန်တို့၏ ထိပ်သီး ဆွေးနွေးပွဲများသည် ထိရောက်အောင်မြင်မှု ကင်းမဲ့လျက်ရှိနေ သည်။ အမေရိကန်သည် မြောက်ကိုရီးယားအပေါ် ပြင်းထန် သည့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များကို ချမှတ်ထားဆဲဖြစ်၍ ဖြေလျော့ပေးရန် အရိပ်အယောင်မရှိသေးပေ။ ထို့ကြောင့် ကင် ဂျုံအန်က အမေရိကန်အနေဖြင့် ယခုနှစ်မကုန်မီတွင် မိမိတို့ လက်ခံနိုင်သော နျူကလီးယားအရေးကမ်းလှမ်းမှု တင်ပြပေးရ မည်ဟု ရာဇသံပေးထားသည်ကို တွေ့ရသည်။
စစ်ရေးအရ အရေးယူရမည်။
.
ထရမ့်သည်လည်း မြောက်ကိုရီးယား၏ အရေးအား ရှေ့မ တိုး နောက်မဆုတ် ဖြစ်နေခြင်းအတွက် စိတ်ရှုပ်ထွေးလျက်ရှိ သည်။ ထရမ့်သည် ကင်ဂျုံအန်နှင့် ဆက်ဆံရေး ကောင်းမွန်နေ သော်လည်း လိုအပ်လာပါက မြောက်ကိုရီးယားအား စစ်ရေးအ အရေးယူရလိမ့်မည်ဟု ပြန်လည်ခြိမ်းခြောက်လာတော့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ်၏ လက်ကျန်ရက်အတွင်း အမေရိကန် နှင့် မြောက်ကိုရီးယား ဆက်ဆံရေးအတွက် လွန်စွာအရေးကြီး သည့် အချိန်ကာလဖြစ်သည်။ အမေရိကန် သိပ္ပံပညာရှင်များ အစည်းအရုံးမှ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ ဆန်းကစ် ပန်ဒါက လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ယခင်နှစ်များအတိုင်း စစ်ရေးတင်းမာသည့် အခြေအနေသို့ ပြန်ရောက်သွားနိုင်သည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဆက်လက်၍ ထရမ့်သည် မြောက်ကိုရီးယားနှင့် ချက်ချင်းလက်ငင်း ငြိမ်းချမ်းရေး ရရှိတော့ မလိုလိုဖြင့် ပြောဆိုလုပ်ဆောင်နိုင်ခဲ့သော်လည်း နျူကလီးယား အရေးနှင့် ပတ်သက်၍ ထိရောက်စွာတိုးတက်အောင်မြင်မှု တစ် ခုမျှမရှိခဲ့ပါဟု ဆိုသည်။
.
-၁၂-၂၀၁၉ ရက်နေ့တွင် မြောက်ကိုရီးယားအစိုးရခေါင်း ဆောင် ကင်ဂျုံအန်က ဒေါ်နယ်ထရမ့်သည် ကတုန်ကရင်အဖိုး အို နမော်နမဲ့ အဖိုးအိုကြီး ဖြစ်သည်ဟု လှောင်ပြောင်ပြောဆိုလိုက် သည်။ ကင်ဂျုံအန်အနေဖြင့် မိမိတို့အားရန်လိုသည့် လုပ်ရပ်များ အပြောအဆို အသုံးအနှုန်းများ ပြန်လည်လုပ်ဆောင်ခြင်း မပြု ရန် ထရမ့်ကတွစ်တာမှတစ်ဆင့် သတိပေးပြောဆိုလိုက်ပြီးတွင် မြောက်ကိုရီးယားက ထိုကဲ့သို့ ပြန်လည်ကာ လက်တုံ့ပြန်ပြော ဆိုလိုက်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား ထိပ်ပိုင်းအရာရှိနှင့် နျူကလီးယားအရေး ဆွေးနွေးနိုင်ရေး ကင်ယုံချိုက မိမိတို့သည် ဆုံးရှုံးဖွယ်ရာများ မည်သည့်အရာမျှမရှိသောကြောင့် အမေရိ ကန်၏ ဖိအားများကို သည်းခံကာ ဒူးထောက်သွားမည်မဟုတ် ကြောင်း ထရမ့်အစိုးရသည် မိမိတို့လက်ခံနိုင်လောက်သည့် ကမ်းလှမ်းမှုမျိုး မပြုလုပ်ဘဲ နျူကလီးယားအရေး ဆွေးနွေးမှုများ ကို အချိန်ဆွဲနေခြင်းသာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ သည်။               
.
သီးခြားကြေညာချက် တစ်ခုတွင်လည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီဆူယောင်က အမေရိကန်အား သတ်မှတ်ချက် ကျော်လွန်ပါက မိမိတို့မှ တစ်ခုခု တုံ့ပြန်လာ မည်ကို စိုးရိမ်ကြောက်ရွံ့နေပြီဖြစ်ကြောင်း ထရမ့်အနေဖြင့် ဆိုးကျိုးကြုံတွေ့ခြင်း မရှိလိုပါက ပြန်လည်စဉ်းစားသင့်ကြောင်း ကင်ဂျုံအန်က အမေရိကန်အနေဖြင့် ယခုနှစ်မကုန်မှစ၍ လက်ခံ နိုင်လောက်သော ကမ်းလှမ်းမှု တစ်ခုခု ပြုလုပ်ပေးရမည်ဟု ရာဇသံပေး ခြိ်မ်းခြောက်ထားသည်။
.
ရန်လိုသည့် လုပ်ရပ်
ထရမ့်က -၁၂-၂၀၁၉ ရက်နေ့တွင် ကင်ဂျုံအန်သည် ဉာဏ်ရည်ပိုင်းတွင် လွန်စွာထူးချွန်သူတစ်ဦးဖြစ်သော်လည်း ယင်း၏စိတ်နေသဘောထားသည် ရန်လိုသည့်သဘောကြီးမား နေကြောင်း သူ့အနေဖြင့် ဆုံးရှုံးမှုကြီးမားစွာ ကြုံတွေ့ရမည်ဖြစ် ကြောင်း မြောက်ကိုရီးယားသည် ကင်ဂျုံအန်၏လက်အောက် တွင် စီးပွားရေးအလားအလာကောင်း များစွာရှိနေသော်လည်း နျူကလီးယားလက်နက်များကိုကား မဖြစ်မနေစွန့်လွှတ်ရလိမ့် မည်ဟူ၍ တွစ်တာတွင်ရေးသားခဲ့သည်။ ထရမ့်နှင့်ကင်ဂျုံအန်တို့ သည် ၂၀၁၈ ဇွန်လတွင် စက်မှုထိပ်သီးအစည်းအဝေးတွင် မြောက်ကိုရီးယား လက်နက်စွန့်လွှတ်ရေးကို အကြမ်းဖျင်းသ ဘောတူခဲ့သည် သို့သော်မည်သည့်အချိန်ကာလအတွင်း မည် သို့စွန့်လွှတ်မည်ဆိုသည်ကိုကား အသေးစိတ်သဘောတူညီမှု မရှိသေးချေ။
.

.
မြောက်ကိုရီးယားသည် နျူကလီးယားဆွေးနွေးပွဲများ၌ တိုးတက်မှုမရှိဘဲ အမေရိကန်၏ ဆန်ရှင်များဆက်လက်ချမှတ် ထားခြင်းအတွက် စိတ်ပျက်အားလျော့ပုံပေါ်ပေါက်နေသည်။ အမေရိကန်ကလည်း နျူကလီးယား လက်နက်စွန့်လွှတ်ပြီးမှ သာ ဆန်ရှင်များကို ဖယ်ရှားပေးမည်ဟု အကြမ်းဖျင်းသိရသည်။ ယခုနှစ်မကုန်မီတွင် နျူကလီးယားအရေး သဘောတူညီမှု တစ် စုံတစ်ရာ မရရှိပါက မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံး ကျည် စမ်းသပ်မှုများ ပြန်လည်ပြုလုပ်လာနိုင်သည်ဟု လေ့လာ သူများကသုံးသပ်ထားသည်။
.

ကင်ဂျုံအန်၏ ခရစ္စမတ်လက်ဆောင်
ထရမ့်သည် ၂၀၁၉ ခုနှစ် ဇွန်လတွင်းတွင် ကင်ဂျုံအန်နှင့် လက်ဆွဲနှုတ်ဆက်ကာ မြောက်ကိုရီးယားဘက်ခြမ်းနယ်စပ်သို့ ပင်သွားရောက်လည်ပတ်ခဲ့သည်။ အဆိုပါလုပ်ရပ်နှင့် ပတ် သက်၍ ထရမ့်အား တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက လည်း ချီးကျူးစကားပြောကြားခဲ့သည်။
.
မြောက်ကိုရီးယားခေါင်းဆောင်နှင့် ရင်းနှီးစွာ ထိတွေ့ဆက် ဆံသော ထရမ့်၏ မြောက်ကိုရီးယားအရေးမူဝါဒသည် ယခင် လွန်ခဲ့သည့် အမေရိကန်အစိုးရ အဆက်ဆက်၏ မူဝါဒနှင့် ကွဲ ပြားခြားနားနေခဲ့သည်။ ထို့ကြောင့်လည်း ထရမ့်အနေဖြင့် မြောက်ကိုရီးယားအရေးအား အောင်မြင်စွာ တည်ငြိမ်အေးချမ်း မှုအပေါင်းကို လက်ကိုင်စွဲကာ ဖြေရှင်းပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်သူများရှိလာခဲ့သည်။
.
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း မြောက်ကို ရီးယားအစိုးရနှင့် ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံကာ သဘော ထားပျော့ပြောင်းသူတစ်ဦးဖြစ်သည်။ ၂၀၁၈ အောက်တိုဘာလ တွင် ကိုရီးယားခေါင်းဆောင်နှစ်ဦးတို့သည် လက်ချင်းချိတ်ကာ ပြုံးရွှင်ကြည်နှုးမှုများဖြင့် ဓာတ်ပုံရိုက်ခဲ့ကြပြီး ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် စိတ်ကူးယဉ်အိမ်မက်များကို ပြန်လည် ရှင်သန်စေခဲ့သည်။
.
သို့သော် အဆိုပါငြိမ်းချမ်းရေး အလားအလာကောင်းများ သည် ယခုအခါတွင် လေထဲသို့ လွင့်ပါးကာပျောက်ပျယ်ခဲ့ရတော့ သည်။ မြောက်ကိုရီးယားသည် လက်ရှိတွင် တောင်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအား ငြင်းဆန်လာခဲ့သည်။ ယခင် ၁၀-၁၂-၂၀၁၉ တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယား နှင့် ရေပြင်နယ်စပ်အနီး ကမ်းခြေ၌ ပစ်ခတ်ကာ စစ်ရေးလေ့ကျင့် ခဲ့သည်။ ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ၂၀၁၈ ခု နှစ်က နှစ်နိုင်ငံ သဘောတူခဲ့သော်လည်း ပျက်ပြားခဲ့ရသည်။
.
နယ်စပ်ဒေသတွင် မြောက်ကိုရီးယားတို့၏ စစ်ရေးလေ့့ကျင့် မှုများသည် တောင်ကိုရီးယားအတွက် စိုးရိမ်ဖွယ်ရာကောင်းလာ ခဲ့သည်။ မြောက်ကိုရီးယားသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ တွင် တောင်ကိုရီးယားပိုင် ကျွန်းတစ်ခုအား အမြောက်များ၊ ရော့ကတ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံ သား လေးဦးသေဆုံးခဲ့ရဖူးသည်။  ထို့ပြင်မြောက်ကိုရီးယားသည် တာတိုပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကို အသေးစိတ် ပြန်လည်ပြုလုပ်လာခဲ့ရာ တင်းမာမှုများ တဖြည်းဖြည်းချင်းဖြင့် မြင့်တက်လာသောကြောင့် စိုးရိမ်ကြောင့်ကြမှုများ ပိုမိုမြင့်မား လာသည်။
.
မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယား တို့အပေါ် တင်းမာစွာပြန်လည်ဆက်ဆံတော့မည်ဖြစ်ကြောင်း အရိပ်အမြွက်ပြသလျက်ရှိသည်။ ယခုသီတင်းပတ် အစောပိုင်း ကာလတွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ရီသဲအောင်ကိုက အမေရိကန်နှင့် နျူကလီးယားအရေးသည် အထက်စီးမှသာ ဆက်လက် ညှိနှိုင်းနေမည်ဆိုပါက တိုက် ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်မှုများကို မိိမိတို့မှ ပြန်လည် လုပ်ဆောင်ရလိမ့်မည်ဟု အရိပ်အယောင်ပြ ခြိမ်းခြောက်ခဲ့ သည်။ အမေရိကန်နေဖြင့် ၎င်းတို့ရရှိမည့် ခရစ္စမတ်လက် ဆောင်ကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိသည်ဟုလည်း ပညာသားပါစွာ ခြိမ်းခြောက်ခဲ့သည်။                                                       
.
တစ်ချိန်တည်းမှာပင် ကင်ဂျုံအန်သည် မြင်းဖြူကြီးအား မာန်ပါပါစီးနင်းကာ မြောက်ကိုရီးယားပြည်သူတို့၏ အထွဋ်အ မြတ်တရား ပက်ကထူတောင်ထိပ်ပေါ်သို့ တက်ရောက်ခဲ့သည်။ ထိုတောင်ထိပ်ပေါ်တွင် ကင်ဂျုံအန်၏ မြင်းစီးနေသည့် ဓာတ်ပုံ များကို ထုတ်ပြန်ပြသခြင်းသည် နိုင်ငံရေးအရ အဓိပ္ပာယ်လွန်စွာ သက်ရောက်မှု ရှိခဲ့သည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံး သပ်ထားသည်။ အရင်းရှင်လူတန်းစား ရန်သူများသည် မိမိ တို့၏ နိုင်ငံရေး အယူဝါဒ၊ တော်လှန်ရေးနှင့် ပါတီတို့ကို ဂုဏ်သိက္ခာ သေးသိမ်လာစေရန် လုပ်ဆောင်နေကြောင်းကို ထိုခရီးစဉ် တွင် ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟုလည်း မြောက်ကိုရီး ယားအစိုးရ သတင်းဌာနများက ဖော်ပြခဲ့သည်။ မြောက်ကိုရီး ယားပြည်သူများအနေဖြင့် တော်လှန်ရေး၏ ခက်ခဲကြမ်းတမ်း သည့် သဘောသဘာဝအတွက် အသင့်ပြင်ဆင်ထားရန်လည်း ကင်ဂျုံအန်က သတိပေးပြောဆိုခဲ့သည်။
.
အမောက်ထောင်ပြတော့မည်လော
ကင်ဂျုံအန်သည် ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင် များနှင့် ထူးခြားစွာတွေ့ဆုံဆွေးနွေးသွားရန်လည်း စီစဉ်ထား သည်။ ထိုအစီအစဉ်အား နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကာ အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည် ထို့ကြောင့်ကင်ဂျုံအန်သည် အမေ ရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုအား စိတ်ပျက်ကာ ရန်လိုသည့်လုပ် ရပ်များဖြင့် ပြန်လည်စိန်ခေါ်၍ ခြိမ်းခြောက်လာဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ လေ့လာသူနိုင်ငံရေး သိပ္ပံ ပညာရှင်များကမူ ကင်ဂျုံအန်သည် အမေရိကန်နှင့် ဆွေးနွေး ဆွေးနွေးညှိနှိုင်းဆဲမှာပင် ရန်လိုသည့်လုပ်ရပ်များအား ရပ်တန့် ခြင်းမပြုခဲ့ဟု ထောက်ပြကြသည်။ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလ အတွင်းတွင် ထရမ့်နှင့်ကင်ဂျုံအန်တို့၏ ဗီယက်နမ်နိုင်ငံဟနွိုင်း ထိပ်သီးဆွေးနွေးပွဲ အောင်မြင်မှု မရခဲ့သည့် နောက်ပိုင်း၌ မြောက်ကိုရီးယားသည် ဒုံးကျည်အမျိုးအစားအသစ် သုံးမျိုးကို စမ်းသပ်ပစ်ခတ်ခဲ့သည်။
.
အဆိုပါစမ်းသပ်မှုများတွင် အဆင့်မြင့်ဒုံးကျည်များကို သုံးပြုထားသောကြောင့် အရေးပါအရာရောက်သည်ဟု မက််် ဆာချူးဆက်တက္ကသိုလ်လုံခြုံရေးဆိုင်ရာ ပါမောက္ခနာရန်းက မြောက်ကိုရီးယားက အခုစမ်းသပ်လိုက်တဲ့ ဒုံးကျည်ကို ကြည့် ရရင် ဒုံးကျည်အားလုံးမှာ လောင်စာအခက်အခဲတွေကို အသုံး ပြုထားတယ်။ ဒီဒုံးကျည်အားလုံးကို အလွယ်တကူနဲ့ နေရာတစ် ခုကနေ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းနိုင်တယ်။ ဒါ့အပြင် အမြန်နှုန်းက ကောင်းလွန်းပြီး ကောင်းကင်အနိမ့်ပိုင်းမှာပဲ ပျံ သန်းသွားလို့ ရေဒါတွေထောက်လှမ်းလို့ မရနိုင်ဘူးဟု ပြောဆို သည်။ ဆက်လက်၍ ဒီဒုံးကျည်တွေဟာ ဒေသတွင်းနိုင်ငံတွေနဲ့ တောင်ကိုရီးယားက ဒုံးကျည်ကာကွယ်ရေး စနစ်တွေကို ကောင်းကောင်း ခြိမ်းခြောက်သွားနိုင်တယ်ဟူ၍လည်း သုံးသပ် ထားသည်။
.
တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုများ လုပ်ဆောင်သွားနိုင်မည် လော
လက်ရှိအနေအထားတွင် အမေရိကန် အစိုးရသည် မြောက်ကိုရီးယားအရေးအား အာရုံစိုက်နိုင်ခြင်း မရှိသေးပေ။ ထရမ့်သည် မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက် သမ္မတအာဏာအ သုံးပြုကာ အလွဲသုံးစားပြုလုပ်ခဲ့သည်ဟူ၍ စွပ်စွဲပြစ်တင်မှုနှင့် ရင်ဆိုင်နေရပြီး သမ္မတရာထူးမှပင် ဖယ်ရှားခြင်းပင် ခံရနိုင်ချေ များလျက်ရှိသည်။ သမ္မတရွေးကောက်ပွဲလည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ အီရန်အရေးသည်လည်း စိုးရိမ်ရဆဲဖြစ် နေသည်။ ထိုအခြေအနေတွင် ကင်ဂျုံအန်သည် အမေရိကန်အာ ရုံစိုက်မှု ပြန်လည်ရရှိစေရန် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု များကို ဆက်လက်လုပ်ဆောင်လာနိုင်သည်ဟု လေ့လာသူများ က ခန့်မှန်းကြသည်။
.
ကင်ဂျုံအန်သည် နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းနေ စဉ်တွင် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုများ မပြုလုပ်ပါ ဟူ၍ ထရမ့်အားကတိပေးပြောဆိုထားသည် သို့သော် ကင်ဂျုံအန် သည် တိုက်ချင်းပစ်ဒုံးကျည်ဖြင့် ဂြိုလ်တုတစ်လုံးလွှတ်တင်ကာ ကတိကဝတ်ကို လက်တစ်လုံးခြား ချိုးဖောက်နိုင်ချေရှိနေသည်။ ထိုကဲ့သို့ ဂြိုလ်တုလွှတ်တင်မည်ဆိုပါက မြောက်ကိုရီးယားသည်  အမေရိကန်နှင့် နိုင်ငံတကာ၏ အာရုံစိုက်အရေးပေးမှုကို ပြန် လည်ရရှိနိုင်မည်။ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင် ရာ ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း အမေရိကန်မှ ပိုမိုအလျော့ ပေးဆက်ဆံလာဖွယ် ရှိနေသည်။ မြောက်ကိုရီးယား၏ ဂြိုလ်တု လွှတ်တင်သည့် ယာဉ်များလှုပ်ရှားမှုများ ရှိနေပြီး နိုင်ငံပိုင်သ တင်းဌာနများကလည်း အာကာသအစီအစဉ်များ အကြောင်းကို မကြာခဏထုတ်ပြန်ပြောဆိုနေသည်ဟုလည်း စစ်ရေးသုတေ သီ အန်းကစ်ပန်ဒါကဆိုသည်။ မြောက်ကိုရီးယားသည် ဆိုယေး မြို့ရှိ ဂြိုလ်တုလွှတ်တင်ရေး စနစ်တစ်ခုကို ဖျက်သိမ်းမည်ဟု ကတိပေးပြောဆိုထားသော်လည်း လက်တွေ့တွင် ဖျက်သိမ်းမှု မရှိသေးချေ။ ယနေ့ထက်တိုင် အပြည့်အဝ ဆက်လက်ထိန်း သိမ်းထားဆဲရှိနေသည်ဟု လေ့လာသူများကပြောဆိုသည်။
.
မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မည် ဆိုပါက လောင်စာအရည်များကို သုံးစွဲခြင်းမပြုတော့ဘဲ လောင် စာအခဲဖြင့် အစားထိုးအသုံးပြုလာဖွယ် ရှိသည်။ လောင်စာအခဲ သုံးဒုံးကျည်သည် နေရာရွှေ့ပြောင်းမှု လွယ်ကူပြီး လျင်မြန်စွာ ပစ်ခတ်နိုင်စွမ်းရှိသည်။ အမြန်နှုန်းနှင့်အကွာအဝေးသည်လည်း လောင်စာအရည်ထက် ပိုမိုသာလွန်သည်။
.
ထရမ့်က မြောက်ကိုရီးယားနှင့် ထိပ်တိုက်ရင်ဆိုင်ရနိုင်ချေ အလားအလာသည် များစွာလျော့နည်းသွားပြီဟူ၍ ၂၀၁၈ ထဲ၌ ပြောဆိုခဲ့သည်။ သို့သော်မြောက်ကိုရီးယားကသာ အမေရိကန် အထိရောက်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်အား ထပ်မံစမ်း သပ်လာပါက  ထရမ့်အားထိုစကားအတွက် ပြန်လည်ရုပ်သိမ်းရ ဖွယ်များလျက်ရှိသည်။ ထို့ပြင်ထရမ့်သည် မြောက်ကိုရီးယားအ ရေး၌ တိုးတက်သည့်ပြောင်းလဲမှု များရှိနေခဲ့သည်ဟုလည်း ရွေးကောက်ပွဲမဲဆွယ်မှုများတွင် ထည့်သွင်းပြောဆိုနိုင်မည်ကား မဟုတ်ပေ။ သို့ဖြစ်ပါ၍ အမေရိကန်အတွက် ၂၀၁၉ ခုနှစ် ခရစ္စ မတ်လက်ဆောင်သည်  တိုက်ချင်းပစ်ဒုံးကျည်လော၊ ငြိမ်းချမ်း ရေးလော။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)