တရုတ်နှင့် အိန္ဒိယတို့၏ နယ်မြေပိုင်နက် အငြင်းပွားမှု - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, December 1, 2019

တရုတ်နှင့် အိန္ဒိယတို့၏ နယ်မြေပိုင်နက် အငြင်းပွားမှု


စိုင်းကွမ်းမိုင်း
.
ယခု ၂၁ ရာစု မျက်မှောက်ခေတ်တွင် အိန္ဒိယနှင့် တရုတ် တို့ နှစ်နိုင်ငံ စစ်ခင်းကြမည်ဆိုပါက အာရှဒေသသမိုင်းစဉ် တစ် လျှောက်၌ အပြင်းအထန်ဆုံးနှင့် လူအသေအပျောက် အများ ဆုံးစစ်ပွဲကြီး (ကမ္ဘာစစ်ကြီးနီးပါး)အဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။ နျူကလီးယားလက်နက်ကြီးများ ပိုင်ဆိုင်ထားကြ သည့် ထိုနှစ်နိုင်ငံသာ စစ်ဖြစ်မည်ဆိုပါလျှင် အိန္ဒိယ-ပစိဖိတ်ဒေ သရပ်ဝန်းတစ်ခုလုံး ထိခိုက်ပျက်စီးကာ လူသားပေါင်း ဘီလီယံ နှင့် ချီ၍ အတိဒုက္ခရောက်ပြီး ကမ္ဘာ့စီးပွားရေးကပ်ပါ ဆုတ်ယုတ် ပျက်ပြားလာမည်ဖြစ်သည်။ တရုတ်-အိန္ဒိယတို့ စစ်ဖြစ်ပါကမည် သူက အသာစီးရပြီး အနိုင်ယူမည်ဟု အတိအကျပြောဆိုနိုင် ရန် ခက်ခဲကာ ပထဝီအနေအထားနှင့် လူဦးရေ ပျံ့နှံ့ နေထိုင်မှု အချိုးအစားတို့ကလည်း အရေးပါအရာရောက်ဖွယ် ရှိသည်။
.
တရုတ်မှ အသာစီးရခဲ့ခြင်း
အိန္ဒိယနှင့် တရုတ်တို့သည် နေရာဒေသ နှစ်ခုတွင် နယ်နိ မိတ်ချင်း ထိစပ်နေသည်။ အိန္ဒိယမြောက်ပိုင်းနှင့် တရုတ်အ နောက်ပိုင်းတို့ ထိစပ်နေသကဲ့သို့ အိန္ဒိယအရှေ့ပိုင်းနှင့် တရုတ် တောင်ပိုင်းတို့ ထိစပ်နေသဖြင့် ထိုဒေသ နှစ်ခုစလုံးတွင် နှစ်နိုင် ငံနယ်မြေ ပိုင်နက်အငြင်းပွားနေရသည်။ တရုတ်သည် ၁၉၆၂ ခုနှစ် အောက်တိုဘာလတွင် အဆိုပါ နယ်စပ်နှစ်ခုစလုံးကို ကျူး ကျော်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ရကာ ထို စစ်၌ တရုတ်မှ အသာစီးရရှိခဲ့သည်။
.
နှစ်နိုင်ငံမူဝါဒ
အိန္ဒိယနှင့် တရုတ်တို့သည် "နျူကလီးယားလက်နက်များ ကို ကိုယ်ကထုတ်မသုံး" ဟူသော နှစ်နိုင်ငံ မူဝါကို စွဲကိုင်ထားရာ  ယင်းတို့ကြားတွင် နျူကလီးယားစစ်ပွဲ ပေါ်ပေါက်နိုင်ချေနည်းပါး သည်။ နှစ်နိုင်ငံလုံးသည် နယ်မြေကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်းသည် သန်း ၂၉၀၀ ကျော် ၃၀၀၀ နီးပါးရှိသည်ဖြစ်ရာ တစ် ဖက်နှင့်တစ်ဖက် အနိုင်ပိုင်းကာ သိမ်းပိုက်ရန်လည်းလွယ်ကူမှု ကင်းမဲ့နေပါသည်။ နှစ်နိုင်ငံစစ်ဖြစ်ပွားမည်ဆိုပါက မျက်မှောက်  စစ်ပွဲများကဲ့သို့ပင် ကြည်း၊ ရေ၊ လေတပ်ပေါင်းစုအား သုံးစွဲပြီး တိုက်ခိုက်ကြမည်ဖြစ်သည်။ ပထဝီအနေအထားအရ ကြည်း တပ်များဖြင့် ချီတက်တိုက်ခိုက်ရန် လွယ်ကူမှု မရှိသဖြင့် လေ ယာဉ်များနှင့် ဒုံးကျည်များကို အဓိကထားကာ အသုံးပြုသွားဖွယ် ရှိနေကြသည်။ သို့သော် ပထဝီအနေအထားအရ အိန္ဒိယရေတပ် သည် တရုတ်ရေတပ်ထက် တပန်းသာလျက်ရှိရာ စီးပွားရေးအ ရ တိုက်ခိုက်မှုကို တရုတ်ကပိုပြီး ခံစားရမည်ဖြစ်သည်။
.


.
အိန္ဒိယစစ်အခြေအနေ
ယနေ့ခေတ်တွင် နှစ်နိုင်ငံစစ်ဖြစ်ပါက ၁၉၆၂ ခုနှစ် နယ်စပ် စစ်ပွဲနှင့် များစွာခြားနားကွဲပြားလာသည်ကို တွေ့ရှိရသည်။ နှစ် နိုင်ငံစလုံးတွင် တာဝေးသို့ ပျံသန်းနိုင်သော လေယာဉ်များကို ပိုင်ဆိုင်ထားကြသည်။ အိန္ဒိယနိုင်ငံ ဆဂူနာချယ်ပရာဒက်ရှ်ပြည် နယ်တွင် အိန္ဒိယလေတပ်၏ J-11, J11 B တိုက်လေယာဉ်များ၊ H-6 နျူကလီးယား ဗုံးကြဲလေယာဉ်များ၊ J-7 နှင့် J-8 တိုက် လေယာဉ်များ အခြေစိုက်ရာ ပြည်နယ်ဖြစ်သည်။ အိန္ဒိယ၏ စစ် လေတပ်အနေအထားသည် တရုတ်ထက် သိသာစွာသာလွန် နေသည်။ ထို့ပြင် အိန္ဒိယလေတပ်စခန်းများသည်လည်း တ ရုတ်နှင့် နီးကပ်စွာ တည်ရှိနေသည့်အတွက် လွယ်ကူလျင်မြန် စွာ ပျံသန်း၍ တိုက်ခိုက်နိုင်သည်။ တရုတ်၏ တိဘက်ဒေသရပ် ဝန်းသည် အိန္ဒိယမြို့တော် နယူးဒေလီနှင့် ၂၀၃ မိုင်သာ ကွာ ဝေးသည်။
.

အိန္ဒိိယလေတပ်သည် တရုတ်နှင့်သာမက ပါကစ္စတန်နှင့် ပါ တစ်ပြိုင်တည်း တိုက်ခိုက်နိုင်ရန် အင်အားလုံလောက်သည်။ လေတပ်နှင့် ပစ်မှတ်များကိုလည်း Akash က လက်ပစ်လေ ကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်များဖြင့် ကာကွယ်စောင့် ရှောက်နိုင်စွမ်း ရှိသည်။
.
တရုတ်စစ်အခြေအနေ
တရုတ်စစ်တပ်သည် လေယာဉ်များကို အသုံးမပြုလျှင်ပင် အိန္ဒိယကို အထိနာစေရန် ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ တရုတ်၏ တာတိုတာလတ် ဒုံးကျည်များသည် နျူက လီးယားထိပ်ဖူးသာမက သမားရိုးကျလက်နက်ထိပ်ဖူးများကို လည်း တပ်ဆင်အသုံးပြုနိုင်သည်။ တရုတ်သည် DF-11, DF-15, DF-21 စသည့် ပဲ့ထိန်းဒုံးကျည်အစင်း ၂၀၀၀ ခန့်ဖြင့် ပစ် ခတ်တိုက်ခိုက်မည်ဆိုပါက အိန္ဒိယစစ်တပ်အား အထိနာစေ ကာ အင်အားချိနဲ့သွားစေမည်ဖြစ်သည်။
.
နှစ်ဘက်နိုင်ငံများ၏ ပိုင်ဆိုင်မှုအနေအထား
အိန္ဒိယလေတပ်သည် Su-30 တိုက်လေယာဉ်အစီး ၂၃၀၊ MiG-29 တိုက်လေယာဉ် ၆၉ စီး ပိုင်ဆိုင်ထားသကဲ့သို့ တရုတ် လေတပ်မှလည်း Mirage-2000 လေယာဉ်များကို ပိုင်ဆိုင်ထား သည်။ သို့ရာတွင် တရုတ်၏ အစွမ်းထက်မြက်သည့် J-20 တိုက် လေယာဉ်ကိုကား စမ်းသပ်ကာ တီထွင်နေဆဲအဆင့်တွင်သာ ရှိသည်။ အိန္ဒိယအနေဖြင့် လေတပ်အင်အားတွင် တရုတ်အား အနိုင်ရရှိမည်ဟု ယုံကြည်စိတ်ချနိုင်သော်လည်း တရုတ်၏ အ ဆင့်မြင့်ပဲ့ထိန်းဒုံးကျည်များကိုကား ဟန့်တားကာကွယ်နိုင်စွမ်း မရှိသေးပေ။ တိဘက်နှင့် ရှင်ကျန်းပြည်နယ် အခြေစိုက်တရုတ် ဒုံးကျည်များသည် အိန္ဒိယမြောက်ပိုင်းဒေသများအား အတား အဆီးမရှိ တိုက်ခိုင်နိုင်စွမ်း ရှိနေသည်။ အိန္ဒိယသည် အဆင့် မြင့်ဒုံးခွင်းဒုံးစနစ်များ ပိုင်ဆိုင်ထားခြင်း မရှိသကဲ့သို့ တရုတ်၏ ဒုံးပစ်လောင်ချာများကို ဂြိုလ်တုဖြင့် ထောက်လှမ်းကာ  တိုက် ခိုက်ချေမှုန်းနိုင်စွမ်းလည်း မရှိသေးပေ။ အိန္ဒိယ၏ ပဲ့ထိန်းဒုံး ကျည်များသည်လည်း နျူကလီးယား ထိပ်ဖူးများသာ တပ်ဆင် အသုံးပြုနိုင်ပြီး သမားရိုးကျ လက်နက်ထိပ်ဖူးတပ်ဆင်၍ အသုံး မပြုနိုင်သေးပါ။
.
တရုတ်ကြည်းတပ်နှင့် အိန္ဒိယကြည်းတပ်တို့၏ မြေပြင် တိုက်ပွဲသည် စစ်ပွဲအနိုင်အရှုံးအား ဆုံးဖြတ်ပေးမည်ဟု ထင်ရ သော်လည်း စင်စစ်အားဖြင့် ယင်းတို့သည် လွန်စွာအရေးပါမည် မဟုတ်ပေ။ အနောက်ပိုင်းနှင့် အရှေ့ပိုင်းစစ်မျက်နှာများသည် မြေပြင်အနေအထား ကြမ်းတမ်းပြီး သယ်သူပို့ဆောင်ရန် လမ်း တံတားများ ချို့တဲ့နေခြင်းများကြောင့် သံချပ်ကာကားများအ လွယ်တကူ ရောက်ရှိနိုင်ခြင်း မရှိချေ။ ခြေလျင်တပ်ဖွဲ့များနှင့် အလုံးအရင်းလိုက် ဝင်ရောက်တိုက်ခိုက်မည် ဆိုပါကလည်း တောင်ကြားနှင့် တောင်ထိပ်များတွင် အဆင်သင့်နေရာယူထား သော အမြောက်တပ်များကိုပင် ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။ တရုတ်ကြည်းတပ်တွင် စစ်သည်ဦးရေ ၂၂ သိန်း၊ အိန္ဒိယကြည်း တပ်၌ စစ်သည် ၁၂ သိန်းရှိသော်လည်း နှစ်နိုင်ငံစစ်ပွဲပေါ်ပေါက် လာမည်ဆိုပါက ၎င်းတို့သည် အသုံးဝင်မည် မဟုတ်ပေ။
.
စစ်ပွဲ၏ အနိုင်အရှုံး
သို့သော် အိန္ဒိယတရုတ်တို့၏ ရေတပ်များသည် ပင်လယ် ပြင်စစ်ပွဲများတွင်မူ စစ်ပွဲ၏ အနိုင်အရှုံးအား ဆုံးဖြတ်ချက်ဖြစ် သည့် အနိုင်အရှုံးကို အချက်တစ်ခုအဖြစ် ရပ်တည်လာသည် ကို တွေ့ရှိရသည်။ အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာဘေးတွင် တည်ရှိနေသောကြောင့် တရုတ်၏ ပင်လယ်ရေကြောင်းကုန် သွယ်ရေးကို ပိတ်ဆို့ဟန့်တားနိုင်စွမ်းရှိနေခြင်းပင်ဖြစ်သည်။ အိန္ဒိယရေတပ်၏ ရေငုပ်သဘောင်္များ၊ စစ်သဘောင်္များနှင့် IMS Viskramaditya လေယာဉ်တင်သဘောင်္တို့သည် တရုတ်နှင့် ဥ ရောပကြား ကုန်စည်စီးဆင်းမှုများကို အလွယ်တကူပင် ဖြတ် တောက်နိုင်စွမ်း ရှိနေသည်။ အိန္ဒိယရေတပ်ကသာ အိန္ဒိယသ မုဒ္ဒရာအား ထိန်းချုပ်လိုက်မည်ဆိုပါက တရုတ်သည် အရှေ့အ လယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့နှင့်လည်း ကုန်သွယ်မှုပြု လုပ်နိုင်တော့မည် မဟုတ်ပေ။ တရုတ်စစ်သဘောင်္များသည် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိရန်ပင် ရက်များစွာချိ၍ ခုတ်မောင်း ရမည်ဖြစ်ကာ စတုရန်းမိုင် ထောင်နှင့်ချီသော အိန္ဒိယသမုဒ္ဒရာ ထဲ၌ ကုန်တင်သဘောင်္အားလုံးအတွက် လိုက်ပါကာ စောင့် ရှောက်ပေးနိုင်မည် မဟုတ်ပေ။
.                                                  
တရုတ်အတွက်ရင်ဆိုင်ရမည့်အနေအထား
တရုတ်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအား အသုံးပြုနိုင်ခြင်း မ ရှိတော့ပါက ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း လမ်းကြောင်းကို သာ ပြောင်းလဲအသုံးပြုနိုင်တော့မည်ဖြစ်သည်။ သို့သော် အဆို ပါ ရေလမ်းကြောင်းကိုလည်း တရုတ်၏ ရန်သူများဖြစ်သော သြ စတြေးလျ၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့မှ ဟန့်တားခြိမ်း ခြောက်လာနိုင်ချေရှိနေသည်။ တရုတ်သည် ပြည်တွင်းတွင် အ သုံးပြုနေသည့် လောင်စာဆီအားလုံး၏ ၈၇ ရာခိုင်နှုန်းကိုပြည် ပအထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့ မှ ဝယ်ယူတင်သွင်းနေရသည်။ တရုတ်သည် လောင်စာဆီ သို လှောင်ကန်ကြီးများကို တည်ဆောက်နေပြီး ၂၀၂၀ ပြည့်လွန် နှစ်များတွင် ပြီးစီးမည်ဖြစ်သော်လည်း ၎င်းတို့သည် ၇၇ ရက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရက်ပေါင်း ၈၀ ခန့် အကြာတွင် ပင်လယ်စာဆီပြတ်လပ်သည့် တရုတ်သည်စစ် ပြေငြိမ်းရန် စတင်၍ ကမ်းလှမ်းကာ ပြောဆိုထားရမည်ဖြစ်သည်။
.
အဓိကလက်နက်သည် စီးပွားရေးလက်နက်
ထို့ကြောင့် အိန္ဒိယအနေဖြင့် တရုတ်အား အနိုင်ယူမည့်အ ဓိကလက်နက်သည် စီးပွားရေးလက်နက်သာဖြစ်လာသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးသာ ပိတ်ဆို့ခံရမည်ဆိုပါက သန်းနှင့်ချီသော တရုတ်အလုပ်သမားသည် အလုပ်လက်မဲ့များ ဖြစ်လာကာ တရုတ်ပြည်သူလူထုသည် တရုတ်အစိုးရအား ဆန့်ကျင်ကာ သပိတ်မှောက် ဆန္ဒပြလာမည်ဖြစ်သည်။ ထိုအ ခါ တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာချုပ်ကိုင်မှုသည် ကြီးကျယ် စွာ ခြိမ်းခြောက်ခံရနိုင်သည်။ တရုတ်အနေနှင့် အိန္ဒိယအား တုံ့ ပြန်ဖိအားပေးရန် ပဲ့ထိန်းဒုံးကျည်မျှ လွဲ၍ အခြားနည်းလမ်းမရှိ ချေ။
.
အိန္ဒိယနှင့် တရုတ်တို့ စစ်ဖြစ်မည်ဆိုပါက နျူကလီးယား လက်နက်များကို ထုတ်သုံးမည် မဟုတ်ကြသော်လည်း လေ ကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံ ထိခိုက်ပျက်စီးမှုများ များပြားလာမည်ဖြစ်သည်။ သို့သော် ရေကြောင်း ပိတ်ဆို့ခံရ သော တရုတ်က မြန်ဆန်စွာ အလျော့ပေးရမည်ဖြစ်သောကြောင့် စစ်ပွဲသည်လည်း ကြာရှည်မည် မဟုတ်ဘဲ အချိန်တိုတောင်း စွာ ဖြင့် ပြီးဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့်လည်း အိန္ဒိယနှင့် တ ရုတ်တို့သည် စစ်မဖြစ်တော့သည်ကား နှစ်ပေါင်း ၅၀ ကျော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats