၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ အချင်းချင်း ထိပ်တိုက် ရင်ဆိုင်မှုအစား ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, December 25, 2019

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ အချင်းချင်း ထိပ်တိုက် ရင်ဆိုင်မှုအစား ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆို


စိုင်းသိင်္ခသူ
.
တိုင်းရင်းသား နိုင်ငံရေးပါတီများ ဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်း ရင်းသား နိုင်ငံရေးပါတီများ ဖက်ဒ ရေးရှင်း (NBF) အဖွဲ့ဝင် နိုင်ငံရေးပါ တီများအနေဖြင့် ၂၀၂၀ ရွေးကောက် ပွဲတွင် မဲဆန္ဒနယ်မြေများ အတွင်း တိုင်းရင်းသားပါတီ အချင်းချင်း ထိပ် တိုက်ရင်ဆိုင်မှုအစား ညှိနှိုင်းဆောင် ရွက်သွားမည် ဖြစ်သည်ဟု ဖက်ဒ ရယ်ပြည်ထောင်စုပါတီ (FUB) ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.



.
ညီနောင်တိုင်းရင်းသား နိုင်ငံ ရေးပါတီများ ဖက်ဒရေးရှင်း၏ (၃၆) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင် ဘာလ ၁၆ နှင့် ၁၇ ရက်များက ရန် ကုန်မြို့ရှိ Panda ဟိုတယ်တွင် ကျင်း ပပြုလုပ်ရာ အစည်းအဝေးတွင် အ ဆိုပါကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။
.
“အဓိကကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီး တွေကို ရင်ဆိုင်နိုင်ဖို့ တိုင်းရင်းသား ပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင် ရမှုအစား အဆင်ပြေအောင် ညှိနှိုင်း လုပ်ဆောင်သွားဖို့ ရှိပါမယ်။ ၂၀၀၈ အခြေခံဥပဒေက ပုဒ်မ ၂၆၁ ကို မ ဖြစ်မနေ ပြင်နိုင်မှသာ တိုင်းရင်းသား နယ်မြေတွေမှာ တိုင်းရင်းသား အ စိုးရတွေ တက်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ညီညွတ်မှသာ ၂၀၂၀ မှာ အောင်နိုင်မှာဖြစ်ပါတယ်” ဟု ဦးစောသန်းမြင့်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်သာမက အခြား သော ပြည်နယ်များတွင်လည်း ယင်းပြဿနာမျိုး ကြုံတွေ့လာနိုင် သည့်အတွက် ညှိနှိုင်းခြင်းဖြင့်သာ အဆင်ပြေစေမည် ဖြစ်သဖြင့် လာ မည့် အစည်းအဝေးများတွင် အထူး ဆွေးနွေးလုပ်ဆောင်ရမည့် ကိစ္စရပ် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
.
အဆိုပါ အစည်းအဝေးအပြီး ထုတ်ပြန်သည့် သဘောထားထုတ် ပြန်ချက်တွင် ယာယီရွှေ့ပြောင်းသူ များက နယ်မြေဒေသတစ်ခုတွင် ရက် ပေါင်း ၉၀ နေထိုင်ရုံမျှဖြင့် မဲပေးပိုင် ခွင့် ရရှိခြင်းသည် ဒေသခံတိုင်းရင်း သားများ၏ အခွင့်အရေးကို ကြီးမား စွာချိုးဖောက်ခြင်း ဖြစ်သဖြင့် ကန့် ကွက်ကြောင်း၊ ပြည်ထောင်စုလွှတ် တော်က ဖွဲ့စည်းခဲ့သော ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူး ပေါင်းကော်မတီမှ ဖက်ဒရယ် မူဝါဒ များကို ဦးထိပ်ထားလျက် ပုဒ်မ (၂၆၁)ကို ရွေးကောက်ပွဲမတိုင်မီ အ မြန်ဆုံး ပြင်ဆင်ပေးရန် အလေးနက် တိုက်တွန်းကြောင်းနှင့်  ပြည်တွင်း စစ်ပဋိပက္ခကြောင့် အရပ်သားပြည် သူများ အသက်အိုးအိမ်စည်းစိမ်ဆုံး ရှုံးမှု၊ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ် နေသဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု များ အမြန်ဆုံးရပ်တန့်ရန် သက်ဆိုင် ရာ လက်နက်ကိုင် အဖွဲ့အစည်းများ သို့ တိုက်တွန်း တောင်းဆိုကြောင်း ဖော်ပြပါရှိသည်။
.
လက်ရှိ ပါတီကြီးများမှ တိုင်း ရင်းသားနယ်မြေများအတွင်း အကြီး စားစီမံကိန်းများ လာရောက်လုပ် ဆောင်သည့်အခါ ရောက်ရှိလာနိုင် သည့် အင်အားကြီးမားသော ယာ ယီရွှေ့ပြောင်း လုပ်သားများရက် ပေါင်း ၉၀  နေထိုင်လျှင် မဲပေးပိုင်ခွင့် ရှိသည့်ကိစ္စမှာ ဧည့်စာရင်းဖျက်သိမ်း ထားမှုအပြင် ယင်းမဲဆန္ဒနယ်၏ ဒေ သခံ တိုင်းရင်းသားများ၏ အခွင့် အရေးကို ကြီးမားစွာ ချိုးဖောက်ခြင်း မျိုး ဖြစ်လာနိုင်သည့်အတွက် ကန့် ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ဖိတ်ကြားချက်အရ လက်ရှိ NCA ရဲ့ နောက်ဆုံး အခြေအနေတွေ ကို လာပြီးမျှဝေတာပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကူဖို့ပါ”ဟု အစည်းအဝေး သို့ တက်ရောက်ခဲ့သည့် ပြည်ထောင် စုငြိမ်းချမ်းရေးကော်မရှင် အကြီး တန်း အကြံပေး၊ Committee  Peace and Reconcilliation ကို ပူးတွဲ တည်ထောင်သူ ဦးလှမောင်ရွှေက ပြောသည်။
.
အဆိုပါ အစည်းအဝေးသို့ NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီ ၂၃ ပါတီအနက် ၁၉ ပါတီမှ ကိုယ် စားလှယ် ၄၉ ဦးတက်ရောက်ခဲ့ပြီး ၄ ပါတီမှ ခွင့်တိုင်ကြားခဲ့ကာ ကချင်၊ ကယား၊ ကရင်၊ ချင်းစသည့် လူမျိုး တူပါတီအချင်းချင်း ပူးပေါင်းထား သည့် နိုင်ငံရေးပါတီ ၄ ခုမှ လေ့လာ သူအဖြစ် တက်ရောက်ခဲ့ကြောင်း သိ ရှိရသည်။
.
တိုင်းရင်းသားပါတီများ၏ နယ် မြေများအတွက် စုပေါင်းညီညွတ် စွာဖြင့် ပြည်သူလူထု အကျိုးစီးပွား နှင့် နိုင်ငံ့အကျိုးစီးပွားကို ဆောင်  ရွက်နိုင်ရေးအတွက် ညီနောင်တိုင်း ရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation)ကို၂ဝ၁ဝ ခုနှစ်၊ အောက် တိုဘာလ ၁ဝ ရက်က တိုင်းရင်းသား နိုင်ငံရေးပါတီ ၅ ခုဖြင့် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အ ဖွဲ့ဝင် နိုင်ငံရေးပါတီ ၂၀ ကျော် ရှိ နေပြီဖြစ်ကာ အဖွဲ့အတွင်းရှိ လူမျိုး တူ တိုင်းရင်းသား ပါတီကွဲအချို့မှာ တစ်ပါတီတည်း အဖြစ် ပူးပေါင်း တည်ထောင်လျက်ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)