အမြင်ကျဉ်း စိတ်နိမ့် မေတ္တာပါး တရားရှားခြင်း - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, December 29, 2019

အမြင်ကျဉ်း စိတ်နိမ့် မေတ္တာပါး တရားရှားခြင်း


ကျော်လင်းထွန်း (ချောင်းဦး)
.
မြစ်ကျဉ်းတော့ ရေစီးသန်
အမြင်ကျဉ်းတော့ အငြင်းသန်
.
ဆိုတဲ့ ဆိုရိုးစကားလိုလို၊ တိုင်းရင်းသားစကားပုံလိုလို ကြားဖူးပါ တယ်။ တကယ်တော့ အငြင်းသန်တာဟာ အတ္တကြီးလွန်းတာ၊ တစ်ယူသန်လွန်းတာကို ပြနေတာပါ။ တစ်ယူသန်တယ် ဆိုက တည်းက တစ်ဘက်ကလူကို မငဲ့ညှာတတ်တာ၊ မေတ္တာနည်း တာကို ပြနေတာပါပဲ။ မေတ္တာနည်းတဲ့သူဟာ လူမှုရေး စိတ် ဓာတ်ညံ့ဖျင်းတဲ့ သူပါ။ သာရေးနာရေးမှာ ရှိုးလေးပေးပြီး လူမြင် ကောင်းအောင်၊ ဝတ်ကျေတန်းကျေ မျက်နှာပြပြီး သူများအ တင်းပြောဖို့ သွားတာဟာ လူမှုရေးမဟုတ်ပါဘူး။
.
လူမှုရေးသမားဆိုတာ အမြင်ကျယ်နိုင်မှ၊ ဘက်မလိုက်နိုင်မှ လူမှုရေးသမားစစ်စစ်ဖြစ်မှာပါ။ လူမှုရေးသမား ဆိုရင်တော့ အ သင်းစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲမရှိတဲ့သူက အမြင်ကျယ်သူတွေပါ။ အမြင်ကျဉ်း လူမှုရေးသမားကတော့ အသင်းစွဲ၊ လူမျိုးစွဲ၊ ဘာ ဘာစွဲရုံသာမက ပရဟိတအယောင်ဆောင် အတ္တစွဲသမားပါ။ လူမှုရေးသမား မဟုတ်ပါဘူး။ အမြင်ကျယ်တဲ့ လူမှုရေး သမား ဟာ ဆင်းရဲချမ်းသာမရွေး ဒုက္ခအခက်အခဲကြုံနေတဲ့ သူကို ကူ ညီပေးမှာပါ။ အပေါ်ယံ လူမှုရေး ယောင်ဆောင်သမားကတော့ မျက်နှာကြီး၊ ဂုဏ်ကြီးသူရဲ့ အခက်အခဲကိုသာ စိတ်ဝင်စားနေပြီး၊ မျက်နှာမွဲနင်းပြား အခက်အခဲကိုတော့ သူ့ထိုက်နဲ့ သူ့ကံ သ ဘောထားနေလေရဲ့။
.
အမြင်ကျဉ်းခြင်း၊ အမြင်ကျယ်ခြင်းဆိုတာ စာဖတ်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် လူတစ် ဦးရဲ့ ဓာတ်ခံပါရမီ၊ ကျင်လည်ပေါက်ဖွားရာ ဒေသဇာတိ၊ အခြား သော ပတ်ဝန်းကျင် စေ့စော်တိုက်တွန်းမှုနဲ့လည်း ဆက်စပ်နေ ပါသေးတယ်။ ကျေးလက်ဒေသတွင် နေထိုင်ကြသော တောသူ တောင်သား အများစုမှာ စာဖတ်အားနည်းကြတာက မှန်ပေမယ့် လည်း တရားဓမ္မနှင့် နီးစပ်နေတာကြောင့်လည်း အချင်းချင်းအ ပေါ် မလိုမုန်းထားစိတ်မရှိကြတာ၊ တစ်ဦးအခက်အခဲကို တစ်ဦး က ကူညီရိုင်းပင်းကြတာဟာ စိတ်ဓာတ်မြင့်မားတာနဲ့ အမြင် ကျဉ်းတာရဲ့ သက်သေပါ။
.
စာဖတ်တာက အမြင်ကျယ်တယ်ဆိုရာမှာ သုတအမြင်၊ ရ သအမြင် စတဲ့အမြင်အမျိုးမျိုးရှိပါတယ်။ စီးပွားရေးပညာရပ်၊ နိုင်ငံရေး ပညာရပ်တွေမှာ စာဖတ်ကြတာ၊ ဗဟုသုတနဲ့တကွ နည်းပညာအမျိုးမျိုးရတာကတော့ အလွန်အကျိုးရှိပါတယ်။ စီး ပွားရေးလုပ်တဲ့အခါ မိမိရဲ့လုပ်ငန်းကြောင့် တစ်ပါးသူ အနှောင့် အယှက်မဖြစ်အောင် လုပ်ကြဖို့လည်း လိုပါတယ်။ ဆိုကြပါစို့။ စားသောက်ကုန်လုပ်ရင်း ဝယ်လိုအားတွေများလာတာကို ဖြေ ရှင်းဖို့ ဖြတ်လမ်းနည်းပညာ (ဓာတုတို့၊ လျှပ်စစ်တို့)ကို အလွန် အမင်းသုံးတာမျိုး မဖြစ်သင့်ပါ။ စျေးကွက်ချဲ့ထွင်ဖို့ နည်းလမ်း တွေကို စာအုပ်ဖတ်ရင်း ရလာတာမှန်ပေမယ့်၊ နည်းပညာအ မြင်ကျယ်လာခြင်းရဲ့ ကောင်းကျိုးက လောဘကြီးတဲ့စိတ် နိမ့် ပါးခြင်း ဆိုးကျိုးကြောင့် တန်ဖိုးမဲ့လာတာမျိုး ရှိတတ်ပါတယ်။ ပြောမယ်ဆို စာဖတ်တဲ့အတွက် လောကီစီးပွား အတတ်ပညာ နည်းပညာတိုးလာတာ မှန်ပါတယ်။ သို့သော်လည်း သုတအမြင် ကျယ်ခြင်းဖြစ်ပေမယ့် ရသစာပေခံစားချက် အားနည်းလာရင် ငါ့အတွက်၊ ငါ့မိသားစုအတွက် ငါ့အမျိုးတွေအတွက် စသော ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အမြင်ကျဉ်းတစ်ယူ သန်၊ တစ်ဇွတ်ထိုး၊ တစ်ဇောက်ကန်းကတော့ရှိနေမှာပါ။ ဒါ့ ကြောင့် အမြင်ကျယ်ဖို့အတွက် သုတစာပေသာမကဘူး ရသ စာပေကိုပါ ဖတ်ဖို့လိုပါတယ်။
.


.
စာဖတ်ပြီး ဆင်ခြင်သုံးသပ်မှုရှိမှသာ အမြင်ကျယ်မှာပါ။ စာဖတ်ပြီး မိမိသိသော ဗဟုသုတကို တစ်ပါးသူအား ကြွားနေ ခြင်းဆိုတာ စာဖတ်ခြင်းကြောင့် အမြင်မကျယ်ဘဲ အမြင်ကျဉ်း၍ အကြွားသန် အငြင်းသန်လာခြင်း ဖြစ်စေတဲ့ သုတစာပေမျှသာ ဖတ်ရုံနှင့် မပြီးသင့်ပေ။ စိတ်ခံစားချက်အမျိုးမျိုး မျှဝေခံစားနိုင် တဲ့ ရသစာပေများ၊ ထပ်တူခံစားတတ်စေမည့် ရသမြောက်ဖွဲ့နွဲ့ မှုများကိုပါ ဖတ်ရှုလေ့လာသင့်ပါတယ်။ စာဖတ်ခြင်းရဲ့နောက်မှာ ဖြင့် တွေးတောဆင်ခြင် သုံးသပ်တာတို့၊ အမှားအမှန်၊ ဖြစ်နို်င်မ ဖြစ်နိုင် ဝေဖန်ပိုင်းခြား တာတို့မရှိလျှင် တစ်ယူသန်ပြီး စိတ်ကြီး ဝင်ကာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၊ သူတစ်ပါးကို အထင်သေး တတ်လာပါတယ်။ ဒါဆို စာပေရဲ့ အလုံးစုံတန်ဖိုးမရှိလေတော့ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တဲ့ပုံပမာ အင်မတန်အန္တရာယ်များ လာပါတော့တယ်။ သုတစာပေဖတ်ရင်း ရသစာပေပါ လေ့လာ ဖတ်မှတ်နိုင်ပါမှ ကို်ယ်ချင်းစာတရား ရှိလာမှာဖြစ်ပြီး အမြင် ကျယ်လာမှာပါ။ အမြင်ကျယ်လာမှ စိတ်ဓာတ်မြင့်မားလာမှာပါ။
.

ရာထူးကြီးပြီး၊ ပညာတတ်ကြီးဖြစ်ပြီး၊ ဘွဲ့ဒီဂရီ ဒီပလိုမာ တွေရပြီး အမြင်ကျဉ်း(အတ္တကြီး)ကာ စိတ်သဘောထားနိမ့် (အာဏာပြ၊ လုပ်ပိုင်ခွင့်ကို အသုံးချပြီး တစ်ဖက်သားကို ချိုးနှိမ်) နေကြတာတွေ့နေရပါတယ်။ သုတပညာကို လက်ပူတိုက်ရ အောင်ယူပြီး လူ့ဘောင်ကောင်းကျိုးပြုဖို့ နေနေသာသာ ကြွားဝါ ဖို့၊ ဟိတ်ဟန်ထုတ်ဖို့၊ အာဏာပါဝါပြဖို့ကိုသာ အာရုံစိုက်လွန်းနေ ရင် မိမိစိတ်ဓာတ်နိမ့်ကျနေတာကို ညွှန်ပြနေတာပါပဲ။ ဒီလိုသူ မျိုးတွေ ရာထူးကြီးလေလေ လက်အောက်ခံ၊ လက်ဝေခံတွေ သိသိကြီးနဲ့ စိတ်ဆင်းရဲနေရပြီး အဆိုပါရာထူးကြီး(အမြင်ကျဉ်း၊ စိတ်နိမ့်) သူရဲ့ဘဝတန်ဖိုးဟာလည်း ယုတ်လျှော့လာလေလေ ပါပဲ။ မိမိရာထူး အာဏာရှိစဉ် အောက်ခြေကကပ်ဖားလျှပ်ဖား တွေကြောင့် သာယာနေရပေမယ့် မိမိအရွယ်ရင့်ရော်ပြီး၊ ရာထူး အာဏာကင်းမဲ့သွားတဲ့အခါ မဟာဒုက္ခတွင်း ဆုံးကျမှာ မြေကြီး လက်ခတ်မလွဲပါ။ ထိုအခါရောက်မှ မရှူနိုင်မကယ်နိုင် မဖြစ်ကြ ရလေအောင် ကို်ယ့်အောက် တွေ့လျှင် ကရုဏာဝင်ဖို့ ကြိုးစား ရပါလိမ့်မယ်။
.
စိတ်ဓာတ်တန်ဖိုးမြင့်တယ်ဆိုတာ ကိုယ်ချင်းစာတရားက အခြေခံပါပဲ။ ကိုယ့်ထက်သာ မနာလိုမဖြစ်ဘဲ၊ ကိုယ့်ထက်တွေ့ လျှင်မုဒိတာဝင် တတ်ရမှာပါ။ တန်းတူတွေ့လျှင် ပြိုင်စိတ်မဝင် ကြဘဲ မေတ္တာစိတ်ထားကြရမှာပါ။
.
သို့သော်အမြင်ကျဉ်း၊ စိတ်ဓာတ်ညံ့သူများကတော့ ဤသို့ မဟုတ်ကြသူများအတွက် ကို်ယ်ကပေးဆပ်ကျေနပ်ရမည့်အစား မနာလိုဝန်တို မစ္ဆရိယစိတ်များနှင့်သာ မွေ့လျော်နေကြလေရဲ့။ မေတ္တတရားမရှိမှတော့ဖြင့် ဗြဟ္မစိုရ်တရားတွေဖြစ်တဲ့ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတွေဆိတ်သုဉ်းသွားတာပါပဲ။ နောက် ဆက်တွဲဆိုးကျိုးအနေနဲ့ မိမိအမှား မိမိမမြင်၊ အဝိဇ္ဇာအမှောင်ဖုံး ခြင်းကြောင့် ဓမ္မဆိုတဲ့ တရားကိုပါ မေ့လျော့နေတတ်ပါတယ်။
.
မေတ္တာဆိတ်သုဉ်းခြင်း၊ မေတ္တာမထားနိုင်ခြင်းရဲ့ ဆိုးကျိုးက တော့ ငါမှငါဆိုတဲ့ အတ္တနှင့် စခဲ့ကြပြီး ကြာလာတော့ ငါ့ကိုယ်ငါ တောင်မမြင်တဲ့ ကိုယ့်အမှားကို အမှန်ထင် ဖြစ်သွားတော့တာပါ။ ယနေ့ Facebook တွေမှာ ကြည့်ရင်ကို အတော်တရားရ လောက်ပါတယ်။ ကိုယ် Share လိုက်တဲ့ ကိစ္စ၊ ကိုယ် post တင်လိုက်တဲ့ ကိစ္စဟာ ကုန်းချောသလို ဖြစ်သွားတတ်တယ်ဆို တာကို မစဉ်းမစား ငါက အရင််သိတယ် ဆိုတဲ့ပုံစံနဲ့ တင်ကြ၊ share ကြ၊ ကြွားကြတာကို တွေ့မြင်နေရပါတယ်။ အခုခေတ် မှာက ပါးစပ်ကပြောနေမှ စကားမဟုတ်ပါဘူး။ Messenger တို့ Viber တို့ဆိုတာ စကားပြောရသလိုပါပဲ။ Comment တို့ဆိုတာ လည်း စကားပြောခြင်းတစ်မျိုးပါပဲ။ အဲဒီထဲမှာ ငြင်းကြခုန်ကြ ပြီးရင် ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ဆိုရင် ဖရုသဝါစာ (ကြမ်းတမ်းရို်င်းစိုင်းတဲ့စကား) ဆိုတော့ ဝစီဒုစရိုက်ဖြစ်ပြီး တ ရားမရှိမှုရဲ့ ပြယုဂ်ဖြစ်နေတာ သိစေချင်ပါတယ်။
.
ငါးပါးသီလထဲက မုသာဝါဒ ဆိုတာ အလွန်အင်မတန်ကျယ် ဝန်းလှပါတယ်။ လိမ်ညာတာတစ်ခုတည်းကိုပဲ မုသာဝါဒလို့ ထင်နေကြတာပါ။ တကယ့်တကယ်မှာတော့ အကျိုးမရှိ သိမ် ဖျင်းတဲ့ စကားပြောဆိုခြင်း (သမ္ဖပ္ပလာပ) ဆိုတဲ့ ဝစီဒုစရိုက်က လည်း မုသာဝါဒထဲမှာ အကျုံးဝင်သွားပါတယ်။ ပါးစပ်ကဘုရား ဘုရား လက်ကကားရားကားရားဆိုတဲ့ ရိပ်သာမကြာခဏ တ ရားစခန်းဝင် နေတဲ့သူတွေ၊ သူများအတင်းပြောပြီး သူတော် ကောင်းယောင်ဆောင်သူတွေ၊ သူများသားပျို သမီးပျိုနဲ့ နေရ တာကို သာယာနေကြတဲ့ ပရဟိတသမားယောင်ဆောင်တွေက လည်း ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေး တကယ်တော့ သူတို့တတွေဟာ အမြင်ကျဉ်းစွာ၊ စိတ်ဓာတ်နိမ့်ကျစွာနှင့် တစ်ပါးသူအကျိုးထက် မိမိအကျိုးကို ဦးစားပေးနေသူ (မေတ္တတရားမရှိသူ) များဖြစ်နေ ကြပြီး တရားမရှိ တရားမသိကြသော ကြောက်စရာ အမြင်ကျဉ်း သူများပင် ဖြစ်ပါတယ်။
.
အမြင်ကျဉ်းသူတွေဟာ ဘယ်လောက်ပဲ ပညာတတ်ပါစေ ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာပါစေ ဘယ်လောက်ပဲ ဟိတ် ဟန်ကြီးနဲ့ ဟန်ဆောင်ကောင်းပါစေ တစ်ကိုယ်ကောင်းဆန် တတ်ကြပါတယ်။ အချို့သာလျှင် တကယ့်ဓမ္မစစ် အတတနဲ့ အရိုးခံအမြင်ကျဉ်းကြပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ။ အမြင် ကျဉ်းသူတွေဟာ အငြင်းသန်မယ်။ ကိုယ်လုပ်ရမှ ကိုယ်ဟုတ် တယ်ထင်ကြသူတွေပါ။ တတ်သိသူတွေဘယ်လောက်ပင်ရှင်း လင်းပြပါစေ။ အတော်ကို ခေါင်းမာကြသူတွေပါ။ အတ္တကြီးစွာနဲ့ ပဲ အယူစွဲလွန်း၊ တစ်ယူသန်လွန်းကြတဲ့ တကယ့်ကို ဆက်ဆံရ ခက်သူတွေပါ။ စိတ်ဓာတ်နိမ့်ကျတယ်ဆိုတာထက် ဘာမှမသိ၊ မတတ်ရှာဘဲ စိတ်ဓာတ်ကျဉ်းမြောင်းလွန်းသူများလည်း ရှိတတ် ကြပါတယ်။ သူတို့တွေကတော့ တတ်ပြီးသိပြီး စိတ်ဓာတ်နိမ့် ကျသူလောက်  ကြောက်စရာမကောင်းလှသော်ငြားလည်း သူ တို့တတွေရဲ့မျိုးဆက်၊ လက်အောက်ငယ်သားတို့ခမျာ ဘဝ တန်ဖိုး၊ အချိန်တန်ဖိုးများ ပေးဆပ်ရသော်လည်း အချည်းနှီးသာ ဖြစ်ကြရတာ နှမြောစရာပါ။
.
စာရေးသူတို့ဟာ စာဖတ်ပါလို့ တိုက်တွန်းကြပါတယ်။ စာ ဖတ်ကြရင်း ဖတ်ပြီးသားတွေ တန်ဖိုးရှိဖို့ စဉ်းစားတွေးခေါ်ကြဖို့ လည်း လိုပါတယ်။ စာတွေဖတ်ပြီး  တစ်ဖက်သားကို အထင် သေးကြမယ်။ ကြွားဝါနေကြမယ်ဆိုရင် စာဖတ်ပြီး အမြင်မကျယ် ကြသူတွေပါပဲ။ စာတွေကိုဖတ်ကြပါ။ တစ်ဖက်သားအတွက် ကိုယ်ချင်းစာပါ။ ရသခံစားပြီး နားလည်မှုပေးကြပါ။ ထိုအခါ အ မြင်ကျယ်လာပြီး စိတ်ဓာတ်အဆင့်အတန်း မြင့်မားလာမှာပါ။ မေတ္တာတရားကို ရှေ့တန်းတင်ပြီး၊ တရားဓမ္မကို ပိုမိုလေးနက်စွာ နားလည်လာကြမယ်။ ၎င်းမှတစ်ဆင့် မေတ္တာနှင့် ဆက်ဆံပြီး လောကကို အလှဆင်ကြသူများ၊ နှလုံးလှကြသူများ ဖြစ်အောင် ကြိုးစားကြပါစို့လားဗျာ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)