ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, December 26, 2019

ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး


ကောင်လေး(မြန်မာစာ)
.
"အာရောဂျံ ပရမံ လာဘံ" ကျန်းမာခြင်းသည် ကြီးမြတ် သော ဆုလာဘ်ကြီးတစ်ပါးဖြစ်၏။ လူတိုင်းသည် အသက်ရှည် အနာမဲ့လိုကြ၏။ လူသည် ကျန်းမာမှသာလျှင် လူမှုကိစ္စအဝ ဝ၊ စီးပွားရေး လုပ်ငန်းအဖုံဖုံ၊ ပညာရေး၊ နိုင်ငံရေးကိစ္စများကို အောင်မြင်အောင် စွမ ်းဆောင်နိုင်ပေမည်။ မိမိအကျိုး၊ နိုင်ငံအ ကျိုးကို သယ်ပိုးနိုင်ပေမည်။ ထို့ကြောင့် လူ့ဘဝအတွက် ရေးအကြီးဆုံး အလိုအပ်ဆုံးမှာ ကျန်းမာရေးပင် ဖြစ်၏။ ကျန်း မာရေး၏ အနှစ်သာရ အဓိပ္ပါယ်မှာ လူတစ်ယောက်၏ ကာယ သုခ၊ စိတ္တသုခ၊ လူမှုရေးသုခ သုခကြီး ပါး ပြည့်စုံမှသာလျှင် ကျန်းမာရေး အစစ်အမှန်ဖြစ်၏။ ထို့ပြင် လူတစ်ယောက်အဖို့ ခြေကျိုး၊ လက်ကျိုး၊ ဆွံ့အနားမကြားခြင်း၊ မျက်စိကန်းခြင်း သော ကိုယ်အင်္ဂါချို့တဲ့မှု ကင်းဝေးမှသာလျှင် ကျန်းမာခြင်းမည် ပေ၏။ လူတစ်ယောက်အဖို့ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာ ခြင်း၊ လူမှုကိစ္စ အဆင်ပြေခြင်းသည် ကျန်းမာသော လူဖြစ်၏။
.
ထို့ကြောင့် ကိုယ်ခန္ဓာကျန်းမာစေရန် အာဟာရပြည့်ဝ သောအစာများကို အထူးစားရန် လိုအပ်သကဲ့သို့ ကိုယ်လက် ကြံ့ခိုင်ကျန်းမာရေးအတွက် သင့်လျော်သော ကိုယ်လက်လှုပ် ရှားအားကစား ပြုလုပ်ရန်လည်း လိုအပ်လှပါသည်။ ထို့ကြောင့် "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" ဟူသော ဆောင်ပုဒ်နှင့်အ ညီ ကိုုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ဆေးဝါးမပါ ကျန်းမာရေးအတွက် အကုန်အကျ သက်သာစေသည်။
.
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရမည့် မျိုးအစား၊ ပြင်းထန်မှု၊ အချိန်နှင့် အကြိမ်တို့ကို စီစဉ်ရေးဆွဲထား သည့် အစီအစဉ်အတိုင်း စနစ်တကျ ကိုယ်လက်လှုပ်ရှားဆောင် ရွက်ခြင်း ဖြစ်ပါသည်။ ခန္ဓာကိုယ် လှုပ်ရှားမှုသည် နေ့စဉ်လုပ် နေကျ ထိုင်၊ ထ၊ လမ်းလျှောက် စသည်များ၊ အသက်မွေးဝမ်း ကျောင်းအလိုက် လုပ်ကိုင်ရသော လှုပ်ရှားမှု၊ အားလပ်နားနေ ချိန်မှာ ပြုလုပ်သော လှုပ်ရှားမှုတို့ ပါဝင်ပါသည်။ ရောဂါကာကွယ် ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ကျန်းမာရေးအ ဆင့်အတန်း မြှင့်တင်ခြင်း လုပ်ငန်းများတွင် ဆေးဝါးမပါ၊ ကုန်အကျ သက်သာပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြု လုပ်ခြင်းဖြင့် အောက်ပါရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်း၊ ရောဂါဖြစ်ပွားမှုနည်းစေခြင်းနှင့် ရောဂါရှိသော်လည်း ကျန်းမာ စွာနေနိုင်စေပါသည်။ ကိုယ်လက်လှုပ်ရှားခြင်း၊ အားကစားပြု လုပ်ခြင်းဖြင့် မကူးစက်နိုင်သော နာတာရှည် ရောဂါများဖြစ် သော နှလုံးနှင့် သွေးကြောရောဂါများ၊ သွေးတိုးရောဂါ အဝလွန် ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ခါးနာရောဂါ/ အဆစ်မြစ်ရောင်ရော ဂါ၊ သွေးတွင်း အဆီဓာတ်များခြင်း၊ ကင်ဆာရောဂါများ၊ သွေး ကြောတွင်း သွေးခဲပိတ်ရောဂါ၊ စိတ်ကျရောဂါ/ စိတ်ပူပင်သော က ရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ/ သူငယ်ပြန်ရောဂါ များ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ကိုယ် လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါ များ ဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်းကြောင့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန " ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" ဆောင် ပုဒ်နှင့်အညီ ပြည်သူများအကြား ကိုယ်လက်လှုပ်ရှား အားက စား ပိုမိုလေ့ကျင့်လိုက်စားနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါ သည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် အသက်အရွယ် အမျိုးမျိုးတွင် သေဆုံးနှုန်းကို လျော့နည်းကျဆင်း စေသည့်အ ပြင် အသက်အရွယ် အိုမင်းသည်အထိ သူတစ်ပါး အကူအညီ မလို ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်သည့် ပျော်ရွှင်ကျန်းမာသောဘဝ ရရှိနိုင်ပါသည်။
.
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ပတ်သက်၍ သိထား သင့်သော အခြေခံအချက်များမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း ပြုလုပ်ခြင်းကို ငယ်စဉ်ကလေးဘဝကစ၍ ပြုစုပျိုးထောင် ပေးရပါမည်။ ရောဂါရှိသော်လည်း (သို့မဟုတ်)အသက်အရွယ် ကြီးလာသော်လည်း သင့်လျော်သော ကိုယ်လက်လှုပ်ရှား လေ့ ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း ဆောင်ရွက်ရာတွင် လေ့ကျင့်ခန်း အမျိုးအစား၊ ပြင်းထန် မှု၊ အချိန်ကြာမြင့်မှုနှင့် အကြိမ်တို့အပေါ် မူတည်၍ အကျိုးကျေး ဇူးရရှိမှု ကွာခြားလှပါသည်။ ကျန်းမာရေးအတွက် အကျိုးရှိစေ မည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မျိုး ရှိပါသည်။ ၎င်းတို့ မှာ သက်လုံကောင်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်း၊ ကြွက် သားအင်အား သန်မာမှုနှင့် ခန္ဓာကိုယ် ပျော့ပျောင်းမှုနှင့် သက် ဆိုင်သော လေ့ကျင့်ခန်းတို့ ဖြစ်ပါသည်။ သက်လုံကောင်းမှုနှင့် ဆိုင်သော လေ့ကျင့်ခန်းသည် ကိုယ်ခန္ဓာရှိ ကြွက်သားအများစု ပါဝင်ပြီး အချိန်ကြာကြာ ဆောင်ရွက်ရသော လေ့ကျင့်ခန်း ဖြစ် ပါသည်။ သက်လုံကောင်းလာခြင်းဖြင့် မိမိလုပ်လိုသော အလုပ် များကို ပိုမိုလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် နာတာရှည် ရောဂါများကိုလည်း မဖြစ်ပွားအောင် ကာကွယ်နိုင်ပါသည်။ သက်လုံကောင်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ လမ်းလျှောက်ခြင်း( ပြင်ပ/လမ်းလျှောက်စက်) ရွရွပြေးခြင်း/ တာဝေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ ဘောလုံး/ဘောလီဘော/ ဘတ်စကက်ဘော ကစားခြင်း၊ ကြက် တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ အေရိုးဗစ်ကစားခြင်း၊လှေ ကားအဆင်းအတက် ပြုလုပ်ခြင်း၊ ခြေလျင်တောင်တက် ပြုလုပ် ခြင်းတို့ ဖြစ်ပါသည်။ ကြွက်သားအင်အား သန်မာမှုနှင့် သက် ဆိုင်သော လေ့ကျင့်ခန်းသည် ကိုယ်ခန္ဓာရှိ ကြွက်သားများကြီး ထွား သန်မာလာစေရန် ဆောင်ရွက်ရသော လေ့ကျင့်ခန်းဖြစ်ပါ သည်။ ကြွက်သားအင်အား သန်မာမှုသည် ခန္ဓာကိုယ် ရွေ့လျား လှုပ်ရှား လုပ်ကိုင်နိုင်မှုအတွက် အဓိက အထောက်အကူပြုပါ သည်။ မူလချိနဲ့နေသူများအတွက် ကြွက်သားအင်အား အနည်း ငယ် တိုးရုံဖြင့် အမှီအခို ကင်းစွာ လှုပ်ရှားသွားလာ ပြုလုပ်နိုင် ပါမည်။ ခန္ဓာကိုယ် အဆီမတိုးအောင် ထိန်းသိမ်းနိုင်သဖြင့် ဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့အတွက် ကာကွယ်တားဆီး ကုသ ရန် အထောက်အကူ ပြုပါသည်။
.

.
ကြွက်သားအင်အား သန်မာမှုအတွက် လေ့ကျင့်ခန်းများ မှာ အလေးမ (အလေးတုံး/အလေးမစက်များ အသုံးပြုခြင်း) စပရိန်များ/ မျှော့ကြိုးများ အသုံးပြုသော လေ့ကျင့်ခန်းများ မိမိ ကိုယ်ခန္ဓာ အလေးချိန်ကို အသုံးပြုသော လေ့ကျင့်ခန်းများ (ဒိုက်ထိုးခြင်း/ ဘားတန်းခိုခြင်း/ထိုင်ထ ပြုလုပ်ခြင်း) ပြုလုပ်နိုင် ပါသည်။ ခန္ဓာကိုယ် ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းသည် ခန္ဓာကိုယ်ဟန်ချက် ထိန်းသိမ်းပေးနိုင်သော လေ့ကျင့်ခန်း ဖြစ်ပါသည်။ ခန္ဓာကိုယ် ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ ခြေတစ်ချောင်းထောက် ရပ်ခြင်း၊ ထိုင်နေရာမှ လက်ကိုင်အားမပြုဘဲ မတ်တပ်ရပ်ခြင်း၊ ဘယ်ညာတစ်လှည့်စီ ဖနောင့်နှင့် ခြေဖျားထိပ် ထိကပ်လမ်း လျှောက်ခြင်း၊ ထိုက်ကျိကစားခြင်းနှင့် ခန္ဓာကိုယ် ဟန်ချက်ထိန်း ဘောလုံးပျော့များ၊ သက်ဆိုင်သော လေ့ကျင့်ခန်းသည် ခန္ဓာ ကိုယ်အရိုးအဆစ်များကို ပျော့ပျောင်းစေသော လေ့ကျင့်ခန်း ဖြစ်ပါသည်။ ခန္ဓာကိုယ် အရိုးအဆစ်များ ပျော့ပျောင်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ ထိုက်ကျိ၊ ယောဂ၊ ကြောအဆစ်များ စွဲဆန့်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ ထိုလေ့ကျင့်ခန်းများ လုပ်ရာတွင် ပျော့ပျောင်းလွန်းက အဆစ် လွဲတတ်၊ တင်းလွန်းက အကြောကြွက်သားများ ပြတ်တတ် သောကြောင့် သတိပြုရန် လိုအပ်လှပါသည်။
.

လေ့ကျင့်ခန်း လုပ်ရမည့် အတိုင်းအတာ
ကလေးနှင့် လူငယ်များတွင် ပြင်းထန်မှု အတော်အသင့်ရှိ သည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (သို့) ပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို နေ့စဉ် ၆၀ မိနစ် ပြုလုပ် သင့်ပါသည်။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ကို တစ်ပတ်လျှင် ရက်ခန့် ပြုလုပ်သင့်ပါသည်။ တစ်နေ့ ၆၀ မိနစ် ပြုလုပ်သည့်အထဲတွင် ကြွက်သားအင်အား သန်မာမှုအ တွက် ကြွက်သားအုပ်စုများစွာ ပါဝင်သော လေ့ကျင့်ခန်းနှင့် ရိုးသန်မာစေသော လေ့ကျင့်ခန်း ဥပမာ- ကြိုးခုန်ခြင်းကို နည်းဆုံး တစ်ပတ်လျှင် ရက် ပြုလုပ်သင့်ပါသည်။ လူကြီးများ တွင် ပြင်းထန်မှု အတော်အသင့်ရှိသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (ဥပမာ- တစ်နာရီ မိုင်နှုန်း လမ်းလျှောက်ခြင်း) ကို တစ်ပတ်လျှင် ၁၅၀ မိနစ်ခန့် ပြုလုပ်ရန် လိုအပ်လှပါသည်။ ကြွက်သားအင်အား သန်မာမှုအတွက် ကြွက်သားအုပ်စုများစွာ ပါဝင်သော လေ့ကျင့်ခန်းကို တစ်ပတ်လျှင် ရက်နှင့်အထက် ပြုလုပ်သင့်ပါသည်။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ ကျင့်ခန်း (ဥပမာ- ရွရွပြေးခြင်း၊ တစ်နာရီ မိုင်နှုန်းနှင့် အထက် ပြေးခြင်း)ကို တစ်ပတ်လျှင် ၇၅ မိနစ်ခန့် ပြုလုပ်ရန် လိုအပ်ပါ သည်။ ပြင်းထန်မှု အတော်အသင့်ရှိသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့ ၃၀ မိနစ် တစ်ပတ်လျှင် ရက် ပြုလုပ် နိုင်ပါသည်။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ကို တစ်နေ့ ၁၅ မိနစ် တစ်ပတ်လျှင် ရက် ပြုလုပ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့်လည်း ကိုယ်ဝန်ဆောင်စဉ် အတွင်းနှင့် မွေးဖွားပြီးချိန်တွင် ပြင်းထန်မှု အတော်အသင့်ရှိ သည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (ဥပမာ- တစ်နာရီ မိုင်နှုန်း လမ်းလျှောက်ခြင်း)ကို တစ်ပတ်လျှင် ၁၅၀ မိနစ်ခန့် ဆောင်ရွက်သင့်ပါသည်။ လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းကို ပုံ မှန်ဆောင်ရွက်သင့်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ကာလတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း စတင်ပြုလုပ်မည် ဆိုပါက ပြင်းထန်မှု နည်းနည်းနှင့်စ၍ ဖြည်းဖြည်းချင်းတိုး၍သာ ဆောင် ရွက်သင့်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ကာလတွင် ပက်လက် လဲလျောင်း ဆောင်ရွက်ရသော၊ ချော်လဲနိုင်သော၊ ဝမ်းဗိုက်ထိ ခိုက်နိုင်သော လေ့ကျင့်ခန်းများ ရှောင်ကြဉ်သင့်ပါသည်။ ကိုယ် ဝန်ဆောင်စဉ်ကာလတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြု လုပ်ခြင်းကြောင့် အချိန်မကျမီ ကလေးစောမွေးခြင်း၊ ပေါင်မ ပြည့်သော ကလေးမွေးခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ ကလေးကြီး ထွားမှု ထိခိုက်ခြင်း၊ မိခင်နို့ထွက်ပြောင်းလဲခြင်း မဖြစ်နိုင်ပါ။ မူ လကတည်းက နာတာရှည် (နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါရှိသူများ)သည် မိမိတို့နှင့် သင့်လျော် သော ပြုလုပ်ရမည့် လေ့ကျင့်ခန်း အမျိုးအစားနှင့် ပြင်းထန်မှု အတိုင်းအတာတို့ကို သက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင် ဆွေးနွေးပြီးမှ ဆောင်ရွက်သင့်ပါသည်။
.
အချုပ်ဆိုရသော် လူ့ဘဝသည် အလွန်ရခဲ၏။ ဗုဒ္ဓဟော ကြားခဲ့သော ကျန်းမာခြင်းသည် ဆုလာဘ်ကြီးတစ်ပါးဖြစ်သော ကြောင့် လူတိုင်းလူတိုင်း ကျန်းမာရေးကို အထူးဂရုပြုကာ စား သောက်နေထိုင်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော လူနေ မှုဘဝပုံစံများ ပြုမူဆောင်ရွက်ရမည်။ သို့မှသာလျှင် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ပြီး ရောဂါဘယကင်း ရှင်းမည် ဖြစ်ပါသည်။ မြန်မာပြည်သူ/သား အားလုံး ကိုယ်လက် လှုပ်ရှားမှု အားကစား ပြုလုပ်ခြင်းသည် ကျန်းမာရေးကောင်း မွန်စေရန်အတွက် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ် လက်လှုပ်ရှားခြင်း၊ အားကစားပြုလုပ်ခြင်းသည် ဆေးတစ်မျိုး ဖြစ်ကြောင်း အသိအမှတ်ပြုပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ် လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းမျာကို "ဆေးတစ်ပါး"ဟုခံ ယူပြီး ယနေ့မှ စတင်ကာ မှန်မှန်လုပ်ဆောင်ပါက ပြည်သူ/သား များအားလုံးသည် ကျန်းမာသန်စွမ်းသော ပြည်သူ/သားများ ဖြစ်လာမည်ဖြစ်ကြောင်း ကျန်းမာရေးအသိပညာပေး ရေးသား လိုက်ရပါတည်း။
.
Reference; ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)