ဓနုအမျိုးသားနေ့အား ကြိုဆိုပါ၏ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, December 4, 2019

ဓနုအမျိုးသားနေ့အား ကြိုဆိုပါ၏

ကောင်လေး (မြန်မာစာ)
.
ကျွနု်ပ်တို့နိုင်ငံသည် လူမျိုးတစ်မျိုးတည်းရှိသော နိုင်ငံမ ဟုတ်ပေ။ ထို့အတူ ကျွန်ုပ်တို့နိုင်ငံသည် ပြည်ထောင်စုတစ်ခု တည်းရှိသော နိုင်ငံလည်းမဟုတ်ပေ။ ကျွန်ုပ်တို့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားမျိုးနွယ်စုများ ဖြစ် ကြသော ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည်တို့ဖြင့် ပေါင်းစည်းထားသော နိုင်ငံဖြစ်ပါသည်။ ပြည် ထောင်စုသား အားလုံးတို့တွင် ကိုယ်ပိုင်စာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများလည်း အသီးသီးရှိကြပေသည်။ မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းတွင် လွတ်လပ်ရေး နေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့ စသည် ဖြင့် နေ့ကြီးရက်ကြီးများစွာရှိပါသည်။ ထို့အတူ ဓနုလူမျိုးများအ နေဖြင့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေ ထိုင်ကြသော တိုင်းရင်းသားများနည်းတူ ဓနုတိုင်းရင်းသားအား လုံးတို့၏ သွေးစည်းမှုကိုဖော်ကျူးပြသသော ထူးခြားလေးနက် တဲ့ နေ့ထူးနေ့မြတ်မှာ `ဓနုအမျိုးသားနေ့` ဖြစ်ပါသည်။ ထို့ ကြောင့် နှစ်စဉ်နှစ်တိုင်း မြန်မာသက္ကရာဇ်၏ နတ်တော်လဆန်း ၈ ရက်နေ့သည် ဓနုအမျိုးသားနေ့ဖြစ်ပါသည်။ ဓနုအမျိုးသားနေ့ ဟူသည်ကား ဓနုတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော နေ့ထူး နေ့မြတ်ကြီးပင်ဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ (နတ်တော်လဆန်း ၈ ရက်နေ့)သည် ဓနုလူမျိုးတို့၏ ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ ဖြစ်ပါသည်။
.
ဓနုလူမျိုးဟူသည်
ကမ္ဘာပေါ်ရှိ လူသားများအားလုံးသည် အာရိယ်(အသားဖြူ)၊ နီဂရစ်တို(အသားမဲ)၊ မွန်ဂို(အသားဝါ) အမျိုးနွယ်ဝင်များ ပြန့် ပွားဆင်းသက်လာကြသည်။ ထိုထဲတွင် မွန်ဂိုလူမျိုးနွယ်စုများ သည် အာရှတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် ပျံ့နှံ့ နေထိုင်ကြပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားအားလုံးတို့တွင် မွန်ဂိုအမျိုးအနွယ်များမှ ဆင်း သက်လာသည်ဟု ပညာရှင်များကသုံးသပ်ခဲ့ကြသည်။ တစ်ဖန် မြန်မာနိုင်ငံအတွင်းသို့ မွန်မြန်မာအုပ်စု၊ တိဗက်မြန်မာအုပ်စု၊ ယိုးဒယားတရုတ်အုပ်စုဟူ၍ လမ်းကြောင်းသုံးသွယ်မှ တစ်နေ ရာချင်းစီ၊ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာခဲ့ကြောင်း လေ့လာရပါသည်။ ယခုအချိန် ထိုအုပ်စုအတွင်းမှ ပြန့်ပွားလာ သော တိုင်းရင်းသား ၁၃၅ မျိုးရှိကြောင်း နိုင်ငံတော်က အတည် ပြုခဲ့ပြီးဖြစ်ပါသည်။ ထိုအထဲ၌ တိဗက်မြန်မာအုပ်စုဝင် ဓနုတိုင်း  ရင်းသားများသည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နံပါတ် ၁၀ စာရင်းဝင်ပြီး၊ ရှမ်းပြည်နယ်တွင် လူဦးရေအများဆုံး စာရင်း တွင် နံပါတ် ၄ အရ အခိုင်အမာ ရပ်တည်လျက်ရှိပါသည်။
.
ဓနုတိုင်းရင်းသားများသည် မြန်မာပြည်မအရှေ့ခြမ်းနှင့် ရှမ်းပြည်နယ် အနောက်ခြမ်းအကြား တောင်မြောက်သွယ်တန်း နေသော `ရှမ်းမြေလတ်` တစ်ကြောတွင် ရှေးပဝေသဏီက တည်းကနေထိုင်ခဲ့ကြသည်။ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်များတွင် (တစ်ဆက်တစ်စပ်တည်း) အများဆုံးနေထိုင်ကြပြီး ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားသောက်ကြရင်း တောင်ကြီးမြို့နယ်၊ ကျောက်မဲမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ သာ စည်မြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် ရန်ကုန်၊ မန္တလေးအစရှိသော မြို့ကြီးများတွင်လည်း အသင့်အ တင့်ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဤသို့အား ဖြင့် ဓနုတိုင်းရင်းသားများသည် ပြည်ထောင်စုအတွင်းရှိ ပြည် ထောင်စုဖွား တိုင်းရင်းသားလူမျိုးများနှင့်အတူ ရှေးကတည်းက ပင် အတူတကွ ပေါင်းစည်းနေထိုင်ပြီး၊ တစ်မြေတည်းအတူနေ၊ တစ်ရေတည်းအတူသောက် မိသားစုသွေးရင်းပမာ တစ်အူတုံ ဆင်း ညီရင်းနောင်ဖွားများဖြစ်ကြကြောင်း ခိုင်မာသော သမိုင်း အထောက်အထားများက သက်သေခံလျက်ရှိပေသည်။
.


.
ဓနုတိုင်းရင်းသား အများစုသည် စိုက်ပျိုးရေးဖြင့် အသက် မွေးကြပြီး ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ မှီတင်းနေထိုင်ကြ သော ဌာနေတိုင်းရင်းသားများ ဖြစ်ကြပါသည်။ ဓနုဒေသတွင် ကျောက်ခေတ်သမိုင်းဝင် ပြဒါးလင်းဂူလည်းရှိပါသည်။ ဘုရား ရှင်၏ ဓာတ်တော်မွေတော်များ တည်ထားရာရှေးဟောင်းစေတီ များလည်းရှိသည်။ ပုဂံခေတ်နှင့်အပြိုင် စော်ဘွားများ အုပ်ချုပ်ခဲ့ ရာဒေသ ဖြစ်သည်ဟုလည်းဆိုကြသည်။ ဓနုတိုင်းရင်းသားများ သည် ဘာသာခြားမရှိဘဲ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဘာ သာတရားကို အလွန်ကိုင်းရှိုင်းရိုသေကြပြီး အင်မတန်မှ မွန် မြတ်သန့်စင်သော စိတ်စေတနာများဖြင့် ဗုဒ္ဓဘုရား၏ လမ်းစဉ် ကို ကျင့်ကြံအားထုတ်ကြသည်။ တစ််မူးရလို့ တစ်ပဲလှူ တို့ရှမ်း တောင်သူ တုနိုင်ရိုးလား ဟူသော ဆိုရိုးစကားနှင့်ညီစွာ ဘာ သာတရားကို အလေးထားကြသူများဖြစ်သည့် ရှမ်းမျိုးနွယ်စု များ ဖြစ်ကြပါသည်။ တစ်ဖန်ရှေးဘိုးဘွားစဉ်ဆက် ဗုဒ္ဓဘာသာ ကိုသာ ကိုးကွယ်ခဲ့ကြသောကြောင့် ရှေးဟောင်းအမွေအနှစ် ဘုု ရားစေတီများစွာနှင့် သာသနာရောင်ဝါထွန်းလင်းဖြာသော ဒေ သတစ်ခုဖြစ်ပါသည်။ ဓနုတိုင်းရင်းသားများသည် ကိုယ်ပိုင်စာ ပေမရှိကြဘဲ ဓနုစကားသံဝဲဝဲဖြင့် ထနု၊ တနု ဟုခေါ်ကြသည်။ ဓနုတိုင်းရင်းသားတို့သည် ရိုးသားဖြူစင်ကြပြီး အင်မတန် အား နာတတ်သော လူမျိုးဖြစ်ပါသည် ဒါ့အပြင် ရိုးစင်းမှုနှင့် အေးချမ်း မှုအပြင် ဓနုတိုင်းရင်းသား ရိုးရာဝတ်စုံကိုလည်း အမျိုးသား အ မျိုးသမီးအားလုံး တန်ဖိုးထားဝတ်ဆင်ကြသည်။
.

ဓနုတိုင်းရင်းသားတို့၏ သမိုင်းစာမျက်နှာ
သမိုင်းကို ပြန်လှန်ကြည့်မယ်ဆိုလျှင် ၁၉၄၇ ခု၊ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် သမိုင်းဝင်ပင်လုံ စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်း ဆောင်များ၊ လက်မှတ်ရေးထိုးခဲ့ရာ တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦးအနက် ပင်းတယ ဦးခွန်စောက ၁၅ ဦးမြောက် နေရာတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ကြောင့် ဓနုတိုင်းရင်းသားတို့ သည် ရိုးသားဖြောင့်မတ်တည်ကြည်ကြပြီး မျိုးချစ်စိတ်ရှင်သန် တက်ကြွကာ သတ္တိရှိကြသည်။ ဦးမြသန်း (ရေဦး)၊ ဦးကျော်ဇော (ရပ်စောက်)၊ ဦးအောင်သိန်း(မြိုင်)၊ ဦးကံလှ( ပင်းတယ)တို့က လည်း ၁၉၉၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ အမျိုးသားညီလာခံ ကြီးတွင် ဓနုတိုင်းရင်းသားရေးရာ စာတမ်းများကို စနစ်တကျ မှတ်တမ်းပြုကာ တင်သွင်းပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်နေ့၊ ၁၃၇၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အမှတ် (၃၃/၂၀၁၀)ဖြင့် ရှမ်း ပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်လည်းကောင်း၊ ပင်းတယ မြို့ကို ရုံးစိုက်ရာမြို့အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးမှ ထုတ်ပြန်ကြေညာခဲ့ သည်။ ထို့ကြောင့် ပင်းတယမြို့သည် ဓနုလူမျိုးတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်လာခဲ့သည်။
.
ဓနုအမျိုးသားနေ့စတင်ဖြစ်ပေါ်လာပုံ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးအပွင့်များကို ၂၀၁၀ ခုနှစ်မှစတင်၍ ခံစားနေကြရပြီဖြစ်ပါသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ် ဖြတ်သန်းလာသည်မှာ အချိန်ကြာမြင့်လာ သော်လည်း ဓနုလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသား ရေးရာတွင် များစွာလိုအပ်ချက်ရှိသည်ကို တွေ့ရသဖြင့် စည်း လုံးညီညွတ်သော လူမျိုးဖြစ်လာနိုင်ရေးအတွက် ဓနုအမျိုးသား ညီလာခံ ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၆/၂၇ ရက်၊ မြန်မာသက္က ရာဇ် ၁၃၇၉ ပြည့်နှစ်၊ နတ်တော်လဆန်း ၈/၉ ရက်တွင် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမတွင် ကျင်းပနိုင်ခဲ့ပါသည်။ ဓနုတိုင်းရင်းသားတို့သည် ညီလာခံကျင်းပရာတွင် (၁) ဓနုတစ် မျိုးသားလုံး လွှမ်းခြုံနိုင်သော ဦးဆောင်အဖွဲ့၊ (၂) ဓနုအမျိုးသား နေ့၊ (၃) ဓနုအမျိုးသားအလံ၊ (၄) ဓနုအမျိုးသားသီချင်းနှင့်(၅) ဓနုအမျိုးသား/ အမျိုးသမီးတို့၏ ပွဲတက်ဝတ်စုံများပေါ်ပေါက် လာနိုင်စေရန်ဟူသော အခြေခံမူများရရုံ သဘောတူချက် ၅ ချက်အား သဘောတူချမှတ်နိုင်ခဲ့သည်။ ဓနုတိုင်းရင်းသားများ သည် ပထမအကြိမ်အဖြစ်အောင်မြင်စွာပြီးစီးခဲ့သော ဓနုအမျိုး သားညီလာခံတွင် အတည်ပြုသတ်မှတ်ပေးခဲ့သော သဘောတူ ချက် ၅ ချက်တွင် ဓနုအမျိုးသားနေ့ခိုင်ခိုင်မာမာ ပေါ်ပေါက်လာ စေရန် အချက်လည်း အဓိကပါဝင်ခဲ့သည်။ ပထမအကြိမ်ဓနုအ မျိုးသားညီလာခံ၌ မြို့နယ်အသီးသီးမှ ဓနုအမျိုးသားနေ့အ တွက် အဆိုတင်သွင်းကြသည်။ ထိုတင်သွင်းခဲ့သော အဆို ၄ ချက်မှ ပင်းတယနှင့် ရွာငံမြို့နယ်တို့မှ တင်သွင်းသည့် ဓနုတိုင်း ရင်းသားများ သမိုင်းတစ်လျှောက် ဓနုအမျိုးသားညီလာခံကို ပ ထမအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သောနေ့ဖြစ်သည့် နတ်တော်လ ဆန်း ၈ ရက်နေ့ကို ဓနုအမျိုးသားနေ့အဖြစ် တက်ရောက်လာ သော ကိုယ်စားလှယ်များအားလုံးက မဲခွဲအတည်ပြု သတ်မှတ် ပေးခဲ့ကြသည်။ ပထမအကြိမ် ဓနုအမျိုးသားညီလာခံ အောင် မြင်စွာကျင်းပနိုင်ခဲ့သည့်နေ့ကို အစပြုကာ နှစ်စဉ်နှစ်တိုင်း နတ် တော်လဆန်း ၈ ရက်နေ့သည် ဓနုအမျိုးသားနေ့ဖြစ်ပါသည်။ ထို့ကြောင့် ဓနုအမျိုးသားနေ့သည် ဓနုလူမျိုးတို့၏ ဇာတိပုည၊ ဂုဏ်မာန်ပြည့်စုံသောနေ့၊ ဓနုလူမျိုးတို့၏ရင်ဝယ် စွဲတွင်စေသော နေ့၊ ညီညွတ်သော သင်္ကေတတို့ကို ဖော်ညွှန်းသောနေ့၊ သမိုင်း တွင် ကျန်ရစ်စေသောနေ့၊ ယုံကြည်ချက်တို့ကို ခိုင်မာစေသော နေ့၊ သာမန်ထက် ထူးကဲသောနေ့ဖြစ်ရန် ဖော်ကျူးသော နေ့ထူး နေ့မြတ်ဖြစ်ပေသည်။
.
ဓနုအမျိုးသားနေ့ကို ဓနုတိုင်းရင်းသားများ စည်းလုံးညီ ညွတ်မှုရှိစေရန်၊ ဓနုတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဓလေ့စ ရိုက်တွေကို ထိန်းသိမ်းတတ်စေရန်၊ ဓနုအမျိုးသားရေးစရိုက် လက္ခဏာများ တိုးတက်လာစေရန်၊ အခြားတိုင်းရင်းသား ညီ အစ်ကိုမောင်နှမတွေနဲ့ စည်းလုံးညီညွတ်စွာ အစဉ်လက်တွဲနေ ထိုင်ရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရန်၊ စတဲ့ရည်ရွယ် ချက်တွေနဲ့အတူ ကျင်းပကြသည်။ တစ်ဖန် ဓနုလူမျိုးတို့၏ ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာအရ ရိုးရာပွဲတော်များ ကျင်းပသည် ဖြစ်စေ၊ လုပ်ငန်းခွင်များတွင် လုပ်ကိုင်စားသောက်သည်ဖြစ်စေ လက်စားချို(လျှို) လက်စားဆပ်စနစ်ဖြင့် ဓနုအမျိုးသားနေ့ကို လည်း တစ်မြို့တည်းတွင် ပုံသေကျင်းပတာမျိုးမဟုတ်ဘဲ ဓနု လူမျိုးများရှိရာမြို့များတွင် အလှည့်ကျကျင်းပကြသည်။ ထိုဓ လေ့သည် ဓနုတိုင်းရင်းသားတို့၏ ချစ်စရာကောင်းသော ရိုးရာဓ လေ့တစ်ခုဖြစ်သလို တစ်နယ်နှင့်တစ်နယ်၊ တစ်မြို့နယ်နှင့် တစ် မြို့နယ် ဖော်ရွေရင်းနှီးချစ်ခင်မှုနှင့် တစ်မျိုးသားလုံး စည်းလုံးညီ ညွတ်မှုကို ပိုရစေပါသည်။ ပထမအကြိမ်ဓနုအမျိုးသားနေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရွှေပွင့်လင်းဘုရား ဝင်းအတွင်းတွင် တက်ရောက်လာသူ ဓနုတိုင်းရင်းသား ၂ သောင်းကျော်ဖြင့် တစ်နေ့တည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ သည်။ ပထမအကြိမ် ဓနုအမျိုးသားနေ့တွင် ဓနုရိုးရာ အကအလှ ပြိုင်ပွဲများ၊ ဓနုရိုးရာသံချပ်ထိုးပြိုင်ပွဲများ၊ ဓနုရိုးရာ ဟင်းချက်ပြိုင် ပွဲ၊ ဓနုရိုးရာအိုးစည်တီးခတ်ပြိုင်ပွဲ၊ ခြင်းလုံးအလှခတ်ပြိုင်ပွဲများ စသည်ဖြင့် ထည့်သွင်းကျင်းပနိုင်ခဲ့သည်။ ပထမအကြိမ်ကျင်းပ ခဲ့သော ဓနုအမျိုးသားနေ့အခမ်းအနားတွင် ဓနုတိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာပြပွဲများ၊ ဒေသထွက်ကုန်ပြပွဲ၊ ခရီးသွားလုပ် ငန်းပြပွဲ၊ ပျော်ပွဲရွင်ပွဲများ စတုဒိသာကျွေးမွေးခြင်းများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့သည်။ ယခုနှစ်ဒုတိယအကြိမ် ဓနုအမျိုး  သားနေ့ကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ မြို့မ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် လည်း ယခင်နှစ်နည်းတူ ဓနုရိုးရာပြိုင်ပွဲ၊ ပြပွဲများ ထည့်သွင်း ကျင်းပသွားမည်ဟုသိရသည်။ ယခုနှစ်တွင်ထူးခြားတာတစ်ခု က ဓနုဒေသအလှ ဓာတ်ပုံပြိုင်ပွဲကို ထည့်သွင်းကျင်းပပေးသည်။ ဓာတ်ပုံဆရာပေါင်း ၂၀ ဦးတို့က ဓနုဒေသအလှ ဖော်ကျူးထား သော ဓာတ်ပုံ ၇၆ ပုံတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများ ကို ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ အခမ်းအနားကျင်းပရာ နောင်ချိုမြို့နယ်တွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ် သည်။ ဓနုအမျိုးသားနေ့ကျင်းပရာ နောင်ချိုမြို့နယ်သို့ ပင်းတ ယမှ ဓနုတိုင်းရင်းသား ၆၀၀ ကျော် တက်ရောက်မည်ဟု သိရ သည်။ တစ်ခြားသော ဆက်စပ်ရာမြို့နယ်များမှလည်း ဓနုတိုင်း ရင်းသား အများအပြား တက်ရောက်မည်ဖြစ်ပါသည်။ လာမည့် နှစ် တတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကိုလည်း ၃ လ ပတ် အစည်းအဝေးပွဲတွင် တာဝန်ခံ၊ တာဝန်ယူနိုင်မည့်မြို့ကို ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ပါသည်။ ထိုသို့ ရွေးချယ်ခဲ့ရာမြို့သည် တတိယအကြိ်မ်မြောက် ကျင်းပမည့်ဓနုအမျိုးသားနေ့အတွက် ၉ လကျော်ပြင်ဆင်ချိန်ရမည်ဖြစ်ပါသည်။
.
အချုပ်အားဖြင့်ဆိုရသော် ပင်လုံညီလာခံကြီးမှ အုတ်မြစ်ချ ပေးလိုက်သော တိုင်းရင်းသားစည်းလုံးညီညွှတ်မှုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုသွေးစည်းခိုင်မာရေး စိတ်ဓာတ်များ ပိုမိုရှင်သန်လာစေရန် ဆန္ဒပြုရင်း မြန်မာသက္က ရာဇ် ၁၃၈၁ ပြည့်နှစ် နတ်တော်လဆန်း ၈ ရက်နေ့တွင် ကျ ရောက်သော ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို လှိုက် လှဲစွာနွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ပါသ တည်း။           

No comments:

Post a Comment

Journal Download

Photo of three cats