ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, December 23, 2019

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

.
မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်အနက် ၇၀ ရာခိုင်နှုန်း ခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး အခြေခံလူတန်းစား များ ဖြစ်ကြပါသည်။ ယင်းကျေးလက်နေ ပြည်သူများဘဝ တိုး တက်မြင့်မားရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည်ဟု သိရသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။     ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနရဲ့  လုပ်ငန်းတာဝန် ၁၂ ရပ် ရှိတဲ့အထဲမှာ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ဘယ်လို လုပ်ငန်းတွေကို အဓိကထားပြီး လုပ်ဆောင်နေတယ် ဆိုတာ သိပါရစေ။
ဦးမောင်မောင်ဝင်း။            အဓိကကတော့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်ဖွံ့ဖြိုးရေးကို အဓိကလုပ် တာဖြစ်တယ်။ ကျေးလက်ဒေသတွေရဲ့ ရေရရှိရေးကတော့ အ ဓိက ပင်မတာဝန်ဖြစ်တယ်။ ယခင် စည်ပင်သာယာရေးဦးစီးဌာ နကတည်းက ကျေးလက်ရေရရှိရေးကို ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၂-၁၃ မှာ ကျေးလက်ဦးစီး စပြီးတော့မှ ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်တဲ့အခါမှာလည်း ကျေးလက်လမ်း၊ တံတားလုပ်ငန်း နဲ့ ကျေးလက်ရေရရှိရေးကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခု တော့ ကျေးလက်လမ်း၊ တံတားလုပ်ငန်းတွေကို ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကို လွှဲပြောင်းပြီးပေးအပ်ခဲ့တာ ဖြစ်ပါ တယ်။ ကျေးလက်ကုန်ထုတ်လမ်းတွေ လိုအပ်နေတာကို တာ ဝန်ယူပြီး ဆောင်ရွက်နေတယ်။ နောက် မြစိမ်းရောင်စီမံကိန်း၊ VDP စီမံကိန်းကိုလည်း ဆောင်ရွက်နေတယ်။ ကျေးလက်နေ ပြည်သူတွေ မီးလင်းရေးကိုလည်း ဆောင်ရွက်နေတယ်။ ပြည် နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၅ ခုမှာ ကျေးရွာလူထုဗဟိုပြု စီမံ ကိန်းကိုလည်း ဆောင်ရွက်နေတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ ကျေးလက်လူထု အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု သင်တန်းများပေးတဲ့ လုပ်ငန်းလည်း ဆောင်ရွက်ပြီးဖြစ်တယ်။
.
ကမ္ဘောဇတိုင်း။     ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက် လို့ လက်ရှိဆောင်ရွက်နေတဲ့ မြစိမ်းရောင် စီမံကိန်းနဲ့ ကျေး လက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း(VDP) တို့အကြောင်းနဲ့ အဲဒီ ၂ ခု ကွာခြားပုံလေးကို ပြောပြပါဦး။
ဦးမောင်မောင်ဝင်း။            မြစိမ်းရောင်စီမံကိန်းက ကျေးလက်နေ ပြည်သူတွေ ဝင်ငွေရရှိရေးပါပဲ။ အလုပ်လုပ်တဲ့အခါမှာ အရင်း အနှီးလိုတာကို တွေ့ရပါတယ်။ အရင်းအနှီးမရှိရင် အလုပ်လုပ် လို့ မရဘူး။ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်က စ တင်ခဲ့တယ်။ မြစိမ်းရောင်စီမံကိန်းက သက်ဆိုင်ရာကျေးရွာကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေ သိန်း ၃၀၀ ကို ဌာနကနေ ထောက်ပံ့ပေးတာ ဖြစ်တယ်။ ကျေးရွာမှာ ကော်မတီဖွဲ့ပြီး ဝင် ငွေရမယ့် အလုပ်လုပ်ကိုင်သူတွေကို ပြန်ချေးငှားတာ ဖြစ်ပါ တယ်။ ချေးတဲ့အခါမှာ ပြား ၅၀ ကနေ ၁ ကျပ်ခွဲ အတွင်းကို အတိုးနှုန်းယူဖို့ သတ်မှတ်ပေးထားတာ ရှိပါတယ်။ ကျေးရွာ သား/သူတွေကိုယ်တိုင် ဆောင်ရွက်စေတာ ဖြစ်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ရန်ပုံငွေတွေ တိုးပွားလာမယ်။ တိုးပွားလာ မယ့် ရန်ပုံငွေက သိန်း ၁၀၀ ကျော်သွားရင်တော့ တစ်ဝက်ကို ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ဆောင်ရွက်စေတဲ့ စီမံကိန်း ဖြစ်ပါတယ်။ VDP ကတော့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲ တဲ့ဟာပါ။ သက်ဆိုင်ရာ ကျေးရွာအုပ်စုလိုက်ရွာတွေမှာ လိုအပ် တာတွေကို ရေးဆွဲတဲ့ စီမံကိန်းပါ။ ကိုယ့်ကျေးရွာရဲ့ လိုအပ် ချက်တွေကို ဖော်ထုတ်နိုင်အောင် ရွာသားတွေ ကိုယ်တိုင်ဆွဲတဲ့ စီမံကိန်းပါ။ ဌာနအနေနဲ့က နည်းပညာ ပိုင်းပေးတယ်။ လက် တွေ့ အကောင်ထည်ဖော်တဲ့အခါမှာ ဘတ်ဂျက်လိုပါတယ်။ စီမံ ကိန်းရေးဆွဲတဲ့ ကျေးရွာကို သိန်း ၁၀၀ ထောက်ပံ့ပေးပြီးတော့မှ ရေးဆွဲထားတဲ့ စီမံကိန်းတွေထဲက အကောင်းဆုံး စီမံကိန်းကို ဆောင်ရွက်စေတာ ဖြစ်တယ်။
.
ကမ္ဘောဇတိုင်း။     အဲဒီစီမံကိန်း ၂ ခုက လက်ရှိမှာ ဘယ် အတိုင်းအတာအထိ အောင်မြင်ပြီလို့ ပြောနိုင်ပါသလဲ။ ဆုံးရှုံး တာမျိုးရော ရှိဖူးသလား။
ဦးမောင်မောင်ဝင်း။            မြစိမ်းရောင် စီမံကိန်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ အထိကို ယူနစ်ပေါင်း ၁၇၃၇ ယူနစ်၊ ရွာပေါင်း ၂၅၆၂ ရွာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ၁ ယူနစ်ကို သိန်း ၃၀၀ ပေးတယ်။ မြစိမ်းရောင် စည်းကမ်းသတ်မှတ်ချက် အရ ၁ ယူနစ်သည် အနည်းဆုံး အိမ်ခြေ ၈၀ ရှိရမယ်။ ထောက် ပံ့ငွေပေါင်းက ကျပ်သန်းပေါင်း ၅၂၁၁၀ ရှိပါတယ်။ လက်ရှိ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ မြစိမ်းရောင် ယူနစ်ပေါင်း ၁၁၂ ယူ နစ်နဲ့ ရွာပေါင်း ၁၄၀ ကို  လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အကျိုးအ မြတ်အနေနဲ့ အတိုးရငွေပေါင်းဟာ ကျပ်သန်းပေါင်း ၂၂၅၈၅ သန်းအထိ ရရှိပြီးဖြစ်ပါတယ်။ ကျေးရွာ ၈ ရွာလောက်က အ ခက်အခဲတွေ တွေ့ရတာ ရှိပါတယ်။ ကျန်တဲ့ရွာတွေကတော့ အောင်မြင်ပါတယ်။
.
ကမ္ဘောဇတိုင်း။     ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီ မံကိန်း (VDP)နဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်းနဲ့ ပတ်သက်လို့ ကျေးရွာရွေးချယ်တဲ့နေရာမှာ တချို့က မျှတမှု မရှိဘူးဆိုတာမျိုး ဝေဖန်ကြတာ ရှိတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘယ်လို ပြောကြားလိုပါသလဲ။
ဦးမောင်မောင်ဝင်း။            မြစိမ်းရောင် ကျေးရွာရွေးချယ်တဲ့ အခြေ ခံတဲ့ မူဝါဒကတော့ ဆင်းရဲတဲ့ရွာ ဖြစ်ရမယ်။ လမ်းပန်းဆက် သွယ်ရေးတို့၊ လုံခြုံရေးတို့ကို ကြည့်ပြီးရွေးပါတယ်။ တစ်နိုင်ငံ လုံး အတိုင်းတာနဲ့ မြစိမ်းရောင် ယူနစ်ဘယ်လောက်အကောင် ထည် ဖော်မယ်ဆိုတာ ဗဟိုက သတ်မှတ်တာဖြစ်ပါတယ်။ ရှမ်း ပြည်နယ်အတွက် ရလာတဲ့ယူနစ်အပေါ် မူတည်ပြီး လုပ် ဆောင် ရတာ ဖြစ်တယ်။ ရွာရွေးချယ်တာက သက်ဆိုင်ရာမြို့နယ်က ရွေးချယ်တာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။     လူထုဗဟိုပြု စီမံကိန်းနဲ့ ပတ်သက်လို့ လည်း နည်းနည်းပြောပြပေးပါဦး။
ဦးမောင်မောင်ဝင်း။            လူထုဗဟိုပြုစီမံကိန်းက ၂၀၁၃-၂၀၁၄ က စခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ ကျေးရွာသား/ကျေးရွာ သူတွေ သူတို့ကိုယ်တိုင်လုပ်တတ် ကိုင်တတ်အောင် လေ့ကျင့် ပေးတဲ့ စီမံကိန်းဖြစ်ပါတယ်။ လူထုဗဟိုပြု စီမံကိန်းက ကမ္ဘာ့ ဘဏ်ရဲ့ ထောက်ပံ့ငွေ၊ ချေးငွေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ရှမ်းပြည်နယ်မှာဆိုရင် ပထမဆုံးနှစ်မှာ နိုင်ငံတော်က Pilot ဘတ်ဂျက်အနေနဲ့ ၃ မြို့နယ် လုပ်ပါတယ်။ ရှမ်းမြောက်က နမ့်ဆန်မြို့နယ် ပါပါတယ်။ စီမံကိန်းကတော့ သက်ဆိုင်ရာမြို့ နယ် ထဲမှာရှိတဲ့ ကျေးရွာအုပ်စုတိုင်းရဲ့ လူဦးရေစုစုပေါင်းပေါ် မူတည်ပြီး ထောက်ပံ့ငွေပေးတာ ဖြစ်ပါတယ်။ ထောက်ပံ့ငွေကို အသုံးပြုပြီးတော့မှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက် တာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။     ။ ကျန်တဲ့ အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေး၊ ကျေးလက်အသက်မွေးဝမ်းကျောင်းနဲ့ ဝင်ငွေမြှင့်တင် ရေး၊ မြို့ရေပေးဝေရေး စီမံကိန်းတွေမှာ တည်ဆောက်ရေးလုပ် ငန်းတွေ ပါလာတဲ့အခါ  ပြင်ပကုမ္ပဏီတွေကို ဘယ်လိုပုံစံမျိုးနဲ့ တင်ဒါခေါ်ယူပါသလဲ။
ဦးမောင်မောင်ဝင်း။            နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ ၁/၂၀၁၇ ညွှန်ကြားချက်နဲ့အညီ တင်ဒါစတင်ခေါ်ယူဖို့ လုပ် တယ်။ သတင်းစာမှာ တစ်လကြိုတင်ပြီးတော့မှ ဖော်ပြပါတယ်။ သက်ဆိုင်ရာဌာနတွေက ကြော်ငြာဘုတ်တွေမှာ ကပ်ပြီးတော့ တင်ဒါခေါ်ယူပါတယ်။
.
ကမ္ဘောဇတိုင်း။     အဲဒီလို တင်ဒါ ခေါ်ယူတဲ့အခါမှာရော အားလုံး သိရှိနိုင်အောင် ဘယ်လိုပုံစံမျိုးနဲ့ ကြော်ငြာခေါ်ယူပါ သလဲ။
ဦးမောင်မောင်ဝင်း။            ကျွန်တော့်တို့ ဌာနရဲ့ ဝက်ဘ်ဆိုက်မှာ လည်း တင်ပေးပါတယ်။ သတင်းစာမှာလည်း ကြေညာပေး တယ်။ သက်ဆိုင်ရာ မြို့အသီးသီးမှာ ကပ်တယ်။ အရင်နှစ် တွေက လေလံဆွဲခဲ့တဲ့ ကုမ္ပဏီတွေကိုလည်း အသိပေး အ ကြောင်းကြားတယ်။ နည်းလမ်းပေါင်းစုံနဲ့ အသိပေးတာ ဖြစ်ပါ တယ်။
.


.
ကမ္ဘောဇတိုင်း။     ။ တင်ဒါခေါ်ယူတဲ့အခါမှာ ပွင့်လင်းမြင် သာမှု မရှိဘူးတို့၊ သူတို့(ဌာနက) မလိုချင်မှ အပြင်ကုမ္ပဏီကို ပေးတယ်ဆိုတာမျိုးတွေ ပြောဆိုကြတာလည်း ရှိတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘယ်လိုများ ပြောလိုပါ သလဲ။
ဦးမောင်မောင်ဝင်း။            အဓိကက ဌာနအနေနဲ့ကတော့ နိုင်ငံ တော်သမ္မတရုံး ညွှန်ကြားချက်နဲ့အညီ နှစ်စဉ်ကျတဲ့ ဘတ်ဂျက် ကို အကုန်လုံး တင်ဒါခေါ်တာ ဖြစ်တယ်။ မလုပ်ချင်တဲ့လုပ်ငန်း မှ တင်ဒါခေါ်ယူတာ မဟုတ်ပဲ အားလုံးကို တင်ဒါခေါ်တာ ဖြစ် ပါတယ်။
.
ကမ္ဘောဇတိုင်း။     ။ အရည်အသွေးအကဲဖြတ်အဖွဲ့(QC)နဲ့ ပတ်သက်လို့လည်း လွှတ်တော်မှာပါ ပြောဆိုနေကြတာတွေ ရှိတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘယ်လိုများ ပြောကြားလိုပါသလဲ။
ဦးမောင်မောင်ဝင်း။            ကျွန်တော်တို့ ဌာနအနေနဲ့ အဓိက တင် ဒါပစ်တာက ဒီနှစ်ဆိုရင် ကုန်ထုတ်လမ်း၊ တံတားနဲ့ ရေရရှိရေး လုပ်ငန်းပေါ့။ ဒီလုပ်ငန်းတွေ စလုပ်မယ်ဆိုကတည်းက ဒီဇိုင်း တွေ၊ တွက်ချက်မှုတွေ လုပ်ပြီးသားပါ။ ကုမ္ပဏီတွေရဲ့ အကျိုး အမြတ်တွေပါ တွက်ချက်ထားပါတယ်။ QC ပေါ် မူတည်ပြီးငွေ ကို အရစ်ကျထုတ်ပေးတာ ဖြစ်တယ်။ ဌာနက အင်ဂျင်နီယာ တွေက တာဝန်ခံပြီး စစ်ဆေးနေပါတယ်။ အစိုးရအဖွဲ့က ဖွဲ့ စည်းပေးတဲ့ QC အဖွဲ့နဲ့လည်း စစ်ဆေးပါတယ်။
.

ကမ္ဘောဇတိုင်း။     ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရှမ်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုက်တက်ရေး ဦးစီးဌာန အနေနဲ့ လုပ်ငန်းကြီး ဘာတွေလုပ်ဖို့ရှိတယ်ဆိုတာ သိပါရစေ။
ဦးမောင်မောင်ဝင်း။            ပထမဦးဆုံး ကုန်ထုတ်လမ်း၊ တံတား ပေါ့။ လမ်းပေါင်း ၆၉ လမ်း၊ မိုင်အရှည် ၁၃၃ မိုင် ၁ ဖာလုံကို ခွင့်ပြုငွေ ၃၅၅၆ သန်းနဲ့ ဆောင်ရွက်သွားမယ်။ နောက် ရေပေး ရေး လုပ်ငန်းကတော့  တွင်းတိမ်၊ တွင်းနက် စုစုပေါင်း  ၃၆၈ ရွာမှာ လုပ်ငန်းပေါင်း ၃၀၃ ခုကို ခွင့်ပြုငွေ ၇၄၆၆ သန်းနဲ့ လုပ် မှာဖြစ်တယ်။ အခု တင်ဒါ ခေါ်ထားပါတယ်။ မီးလင်းရေး လုပ် ငန်းကတော့ ကျေးရွာပေါင်း ၄၆၉ ရွာက ဆိုလာ ၁၃၇၂၉ လုံးကို ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ရွာတွေကို တပ် ဆင်ပြီးပါပြီ။ ရှမ်းတောင်မှာတော့ KFW ရဲ့ အထောက်အပံ့နဲ့ လုပ်မှာပါ။
.
ကမ္ဘောဇတိုင်း။     ။ မြန်မာနိုင်ငံလူဦးရေရဲ့၄ ပုံ ၃ ပုံလောက် ဟာ ကျေးလက်ဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ ဖြစ် တယ်ပေါ့။ ဒီတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါပဲ။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနအနေနဲ့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ကျေး လက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုမျိုး ဦး တည်ဆောင်ရွက်နေတယ်ဆိုတာ သိပါရစေ။
ဦးမောင်မောင်ဝင်း။            ကျေးရွာတွေကို အရင်းမပျောက် လည် ပတ်ရန်ပုံငွေ ထောက်ပံ့ပြီးတော့မှ တစ်နှစ်ပြီးတစ်နှစ် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။
.
ကမ္ဘောဇတိုင်း။     ဆရာ့အနေနဲ့ ဖြည့်စွက် ပြောကြားလို တာများရှိရင် ပြောပေးပါဦး။
ဦးမောင်မောင်ဝင်း။            ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ဖော်ဆောင်ထားတဲ့ စီမံကိန်းတွေ ရေရှည် တည်တံ့အောင် လုပ်ဆောင်ရတယ်။ နိုင်ငံတော်ရဲ့ ညွှန်ကြား ချက်နဲ့အညီ တင်ဒါခေါ်တယ်။ သက်ဆိုင်ရာ ကုမ္ပဏီကို ကြီး ကြပ် ဆောင်ရွက်ပေးတယ်။ ရွာတွေမှာ အကန့်သတ်နဲ့ရတဲ့ ရေကို အကန့်သတ်မရှိ ရေရရှိအောင် လုပ်ဆောင်နေတယ်။
.
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စဉ် ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင် ရွက်လျက်ရှိပြီး ကျေးလက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေးနှင့် ကျေးလက် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ ဌာနဝန်ထမ်းများနှင့် ကျေး လက်နေ ပြည်သူများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ သုတေ သနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရန်၊ လူထုဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် ကျေးလက်နေပြည်သူများမှ အခြေခံလူမှုစီးပွား အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေရန် ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)