ကျပ်သိန်း ၁၃၀၀၀ တန်ဖိုးရှိ မူးယစ်​ဆေးများကို ပိုင်ရှင်မဲ့အဖြစ် မိုင်းဆတ်တွင် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, December 30, 2019

ကျပ်သိန်း ၁၃၀၀၀ တန်ဖိုးရှိ မူးယစ်​ဆေးများကို ပိုင်ရှင်မဲ့အဖြစ် မိုင်းဆတ်တွင် ဖမ်းမိ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်း ၁၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းဆတ်မြို့နယ်၊ မိုင်းထလမ်းကျေးရွာအုပ်စု၊ ယောင်ခ(နားယောင်း)ကျေးရွာစျေးတွင် ငှားရမ်းနေထိုင်သည့် ထိုင်းနိုင်ငံသား ကျော့ချိုင်း ၏စျေးဆိုင်ခန်းအား ဒီဇင်ဘာလ ၂၈ ရက်နေ့ ၁၄၃၀ အချိန်တွင် ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဆိုင်ခန်းအတွင်းရှိ သံစင်အောက်ကြမ်းပြင်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၃၀၀၀ သိန်း)အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်​ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီး ရမိမှုနှင့် ပတ်သက်၍ မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမူဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)