ကာဇတ်စတန်နိုင်ငံမှာ ခရီးသည်တင် ​လေယာဥ် ပျက်ကျ၍ ၁၂ ဦး ​​သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, December 28, 2019

ကာဇတ်စတန်နိုင်ငံမှာ ခရီးသည်တင် ​လေယာဥ် ပျက်ကျ၍ ၁၂ ဦး ​​သေဆုံးခဲ့ရ

​နွေဦး
.
အာရှတိုက် အလယ်ပိုင်း နိုင်ငံ တစ်ခု ဖြစ်​သော ကာဇတ်စတန်နိုင်ငံမှာ ဒီဇင်ဘာလ ၂၇ ရက်က ခရီးသည်တင် ​လေယာဥ် ပျက်ကျခဲ့ခြင်း​ကြောင့် ​​လေယာဥ်​ပေါ် လိုက်ပါလာသူ ခရီးသည် ၁၂ ဦး ​​သေဆုံးခဲ့​ကြောင်း သိရသည်။
.
ပျက်ကျခဲ့​သော ​လေယာဥ်​ပေါ်တွင် ခရီးသည် ၉၃ ဦးနှင့် ​လေယာဥ် ဝန်ထမ်း ၅ ဦး လိုက်ပါသွားခဲ့တာ ဖြစ်ပြီး Almaty ​လေဆိပ်မှ ထွက်ခွာစဥ် မိနစ် အနည်းငယ် အကြာ၌ ၂ ထပ် အ​ဆောက်အဦ​ပေါ်ကို ပျက်ကျခဲ့ခြင်း ဖြစ်​ကြောင်း တာဝန်ရှိသူများက ​ပြောသည်။
.

ပျက်ကျတဲ့ ​လေယာဥ်ဟာ Bek Air ​လေ​ကြောင်းလိုင်းက ​လေယာဥ်ဖြစ်ပြီး ယင်း ​လေ​ကြောင်းလိုင်းက ခရီးစဥ်များကို ယာယီ ရပ်ဆိုင်းထားဖို့ တာဝန် ရှိသူ​တွေက ညွှန်ကြားထားပြီး သမ္မတက​တော့ ​လေယာဥ်​တွေကို ပြန်လည် စစ်​ဆေးကြဖို့ အမိန့်ထုတ်ထား​ကြောင်း သိရသည်။
.
​လေယာဥ်ဟာ မီး​လောင်ကျွမ်းမှု မဖြစ်​ပေါ်ခဲ့ဘဲ ဒဏ်ရာ ရသူ​တွေဟာ ​လေယာဥ်ပျက် အတွင်းက ခက်ခက်ခဲခဲ ထွက်ခဲ့ကြရပြီး ​လေယာဥ် ပျက်ကျရတဲ့ အ​ကြောင်းအရင်းကို တာဝန်ရှိသူ​တွေက စုံစမ်း​စစ်​ဆေး နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
.
Ref - BBC

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)