​အောင်ပန်းတွင် လိုင်စင်မဲ့အရက် ရောင်းသူများကို ဖမ်းဆီး - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, December 28, 2019

​အောင်ပန်းတွင် လိုင်စင်မဲ့အရက် ရောင်းသူများကို ဖမ်းဆီး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် လိုင်စင်မဲ့အရက်များအား ရှာဖွေ့တွေ့ရှိသဖြင့် ဖမ်းဆီး အရေးယူမှု ၅ မှု ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
ကလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ဒီဇင်ဘာလ ၂၅ ရက်က လိုင်စင်မဲ့အရက်များအား စိစစ်ဖမ်းဆီးရန် ညွှန်ကြားချက်အရ ပြုလုပ်ရခြင်း ဖြစ်ပြီး ယခင်ကလည်း ဥပဒေအတိုင်း ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း အောင်ပန်း နယ်မြေရဲစခန်းမှ စခန်းမှူးက ပြောသည်။
.

" အမှုအရ တစ်ဦးကို ကျပ် ၁၀ သိန်းနဲ့ အာမခံ ပေးထားပါတယ်" ဟု ရဲအုပ် စိုးဝင်း က ပြောသည်။
.
အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ လိုင်စင်မဲ့အရက်များဖမ်းဆီးရန် ညွှန်ကြားချက်အရ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခွဲတွင် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်ရှိ ရမ်မူရက်ပိုင် လက်ချ်မီး ကုန်စုံဆိုင်သို့ ဝင်​ရောက် ရှာဖွေရာ Grand Royal စာတမ်းပါ အရက် ၁၂ လုံး၊ မိုးနဲကွန်ကီအရက် ၁၄ လုံးနှင့် Dagon ဘီယာစာတမ်းပါ သံဘူး ၂၄ ဘူးတို့အား တွေ့ရှိသဖြင့် (ပ) ၁၇၂/၂၀၁၉၊ ယစ်မျိုးအက်ဥပဒေပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့် အ​ရေးယူထား​ကြောင်း သိရသည်။
.
ထို့အတူ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျော်သူဝင်း ပိုင်ဆိုင်သည့် ဆန်းဖလားဝါး စားသောက်ဆိုင်၊ ရွာသစ်ရပ်ကွက်၊ ပင်မှီလမ်းဘေးရှိ ဆိုင်ရှင်မြတ်ထွန်းဝင်း ပိုင်ဆိုင်သည့် မကေသီ ကုန်စုံဆိုင်၊ အမှတ်(၂) ရပ်ကွက်၊ သစ္စာလမ်းရှိ ဆိုင်ရှင် ကြည်လွင် ပိုင်ဆိုင်​သော ရှုခင်းသာ စားသောက်ဆိုင်နှင့်ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာအောက်ဈေးရှိ ဆိုင်ရှင် မဌေး ပိုင်ဆိုင်​သော ဆည်းဆာ စားသောက်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ လိုင်စင်မဲ့အရက်များကို ​တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းပြီး ယစ်မျိုးအက်ဥပဒေပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ လိုင်စင်မဲ့ အရက်များအား ​ရောင်းချသူ ၅ ဦးအား ဖမ်းဆီးပြီး​နောက် အာမခံပေးဆောင်ရွက်ခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
​အောင်ပန်းမြို့သည် ရှမ်းပြည်နယ်​တောင်ပိုင်း၏ စီးပွား​ရေး အချက်အခြာဖြစ်သည့် မြို့ ဖြစ်ပြီး စင်တင်​တေးဂီတ၊ ​ကေတီဗွီ၊ အနှိပ်ခန်း များစွာ တည်ရှိ​သော မြို့တစ်ခုလည်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)