ရပ်စောက်ရှိ ကေသရာဇာဆီ အရောင်းဆိုင်၌ မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, December 25, 2019

ရပ်စောက်ရှိ ကေသရာဇာဆီ အရောင်းဆိုင်၌ မီးလောင်မှု ဖြစ်ပွား

ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ ကန်တလက်ကျေးရွာ၊ ရပ်စောက် ပင်းတယကားလမ်းဘေးရှိ “ကေသရာဇာဆီ” အရောင်းဆိုင်၌ ဒီဇင်ဘာလ ၂၄ ရက်၊ ည​နေပိုင်းတွင် ဆီသိုလောင်ကန်အတွင်း ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

ရွှေညောင်မြို့ “ရွှေနဂါး” စက်သုံးဆီရောင်းအရောင်းဆိုင်မှ ဒီဇယ်ပီပါ ၁၈ လုံး၊ 92 ဆီပေပါ ၁၅ လုံး၊ 95 ပီပါ ၃ လုံး၊ စုစုပေါင်းပီပါ ၃၆ လုံးအား၊ ရောင်းချရန် ယာဉ်မောင်း ဦးကျော်မြင့်၊ ယာဉ် နောက်လိုက် သက်မင်းထွေးတို့ နှစ်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် CDW 757 SINOTRUK (အဝါရောင်)သည် ရပ်စောက်မြို့နယ်၊ ကန်တလက်ကျေးရွာ၊ ပိုင်ရှင်ဦးအောင်မြင့်စိန်ပိုင် “ကေသရာဇာ” စက်သုံးဆီအရောင်းဆိုင်သို့ ရောက်ရှိ၍ ဆီလှောင်ကန်အတွင်း ဆီဖြည့်စဉ် ပူသောဆီပီပါ အဖုံးနှင့် ဆီငွေ့တို့ စတင်ထိတွေ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဌာန ဦးစီးမှူးထံမှ သိရသည်။
.
မီးလောင်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်တည်း ယာဉ်မောင်း ဦးကျော်မြင့်မှ ကားကို ရပ်စောက် ပင်းတယသွား လမ်းအပါ်သို့ မောင်းတက်၍ ကားပေါ်ကျန် ဆီတိုင်ကီများအား ဟိုက်ဒရောလစ်ဖြင့် လှန်ချခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာမှ မီးသတ်ယာဥ်များဖြင့် ရောက်ရှိထိန်းသိမ်းခဲ့ခြင်းတို့ကြောင့် အနီး ပတ်ဝန်းကျင်တစ်ဝိုက်သို့ မီးကူးစက် လောင်ကျွမ်းမှု မရှိကြောင်း မျက်မြင် သက်သေများမှ ပြောသည်။
.
စက်သုံးဆီပီပါ ၃၆ လုံးအနက် ၃၄ လုံး ပျက်စီးခဲ့ပြီး၊ ကာလတန်ဖိုး​ငွေ တစ်ပီပါလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈ သိန်းဆုံးရှုံးခဲ့သည့်အတွက် ဆီဖြည့်စဉ် ပေါ့ဆစွာပြုလုပ်ခဲ့သူ ရွှေညောင်မြို့ သုခ ချမ်းသာရပ်ကွက်နေ ယာဉ် နောက်လိုက် သက်မင်းထွေးအား ရပ်စောက်မြို့မရဲစခန်းမှ (ပ) ၁၅၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)