မိုင်း​ယောင်းမြို့နယ်၌ ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, December 20, 2019

မိုင်း​ယောင်းမြို့နယ်၌ ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံး

စိုင်း​ယောင်းခမ်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒီဇင်ဘာ ၂၀ ရက် နံနက်က ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ မော်တော်ယာဉ် တစ်စီး ထိုးကျတိမ်းမှောက် ခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.

မိုင်းဖြတ်မြို့မှ မိုင်းယောင်းမြို့သို့ ကိုရဲမင်း မောင်းနှင်ပြီး ဒေါ်နန်းခမ်းတစ်နှင့် မဝတ်ရည်စံတို့ လိုက်ပါလာသည့် 4L-7929၊ Vegio (ခဲရောင်) လိုင်စင်ရှိ ​မော်​တော်ယာဉ်သည် မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ဖတ္တူကျေးရွာအနီးရှိ မိုင်းဖြတ်-မိုင်းယောင်း ကားလမ်း၊ မိုင်တိုင်အမှတ်(၃၆၅)အနီး လမ်းအကွေ့နေရာ အရောက်တွင် လမ်းချော်၍ လမ်းမ၏ ဝဲဘက်ရှိ ပေ ၁၅၀ ခန့် နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
ယာဥ် တိမ်း​မှောက်မှု​ကြောင့် ဒေါ်နန်းခမ်းတစ်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိ​သော ဒဏ်ရာဖြင့် လမ်းတွင် သေဆုံးခဲ့ရ​ကြောင်း သိရသည်။
.
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ရဲမင်းအား မိုင်းယောင်းမြို့မရဲစခန်းက ယာဉ်(ပ) ၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇-၃၃၈(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)