မိုင်းတုံတွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, December 2, 2019

မိုင်းတုံတွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်ရှိ နေအိမ်၀န်းအတွင်းမှ သစ်ပင်တွင် ဒီဇင်ဘာလ ၂ ရက်၊ နံနက် ၆ နာရီခန့်က ကြိုးဆွဲချ သေဆုံးနေသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
.
သေဆုံးသူမှာ လွယ်ခမ်းလုံအုပ်စု၊ ၆ မိုင်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ထောမေ ဆိုသူဖြစ်ပြီး ၄င်း လာရောက် တည်းခိုသော နေအိမ်၏ အနောက်ဖက်ရှိ ပိန္နဲပင်၏ ပေ ၂၀ ခန့် မြင့်သော သစ်ကိုင်းတွင် နိုင်လွန်ကြိုးအား အသုံးပြု၍ ကြိုးဆွဲချ သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
“ သူ့ရဲ့ သားက သူ့ အဖေအနေနဲ့ ဒီအိမ်ကို မိုင်းတုံ လာတိုင်း အမြဲလို လာရောက် တည်းခိုနေတာပါ၊ မနေ့က ညနေပိုင်း အပြင် သွားနေတယ်ပဲ ထင်တာ၊ ဒီမနက်မှာ အိမ်ဘေးက မြင်လို့ သူ သေနေတာကို သိရတယ်လို့ ပြောတယ်” ဟု မိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

သေဆုံးသူသည် ကြိုးဆွဲချ သေဆုံးခဲ့သော သစ်ပင်ဘက်သို့ အချိန် အတော်ကြာ ထိုင်ကြည့်နေခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး မည်သည့်အချိန်၌ သတ်သေသွားသည်ကို မသိရှိရကြောင်း သားဖြစ်သူက ပြောသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မိုင်းတုံဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေမှုသေခင်း ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats