တောင်ကြီးမြို့ရှိ 199 Call Center သို့ ဖုန်းဆက်တိုင်ကြားမှု ၁၅ မှုသာ ရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, December 7, 2019

တောင်ကြီးမြို့ရှိ 199 Call Center သို့ ဖုန်းဆက်တိုင်ကြားမှု ၁၅ မှုသာ ရှိသေး


စုလှိုင်
.
တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၌ တပ်ဆင်ထားသည့် အရေးပေါ် တယ်လီဖုန်း ဆက်သွယ် ရေးနံပါတ် 199 Call Center ကို ပြီး ခဲ့သည့် မေလကုန်မှ စတင်၍ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန် အ ထိ ၆ လတာအတွင်း ဆက်သွယ် တိုင်ကြားမှု ၁၅ မှုသာ ရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။
.
 
.
စုစုပေါင်း ၁၅ မှုလောက် ရှိပါ တယ်။ ကျွန်တော်တို့ဆီကို လှမ်းအကူ အညီတောင်းတာပေါ့။ 199 က အကူ အညီတောင်းခံတဲ့ စင်တာတစ်ခုပါ။ ရဲအရေးမပိုင်တဲ့ အမှုတွေကိုတော့ ရှင်းပြပေးလိုက်တယ်။ တချို့က လင် မယား ရန်ဖြစ်တာက အစ ဖုန်းဆက် တယ်။ ခေါင်းရင်းအိမ်က ရန်ဖြစ်ရင် ခြေရင်းအိမ်က ဖုန်းဆက်တာမျိုးပေါ့ဟု Call Center တာဝန်ရှိသူ တစ် ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ Call Center အပြင်ရပ် ရွာတည်ငြိမ်းအေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးအတွက် တောင်ကြီး မြို့ ပေါ်ရှိ နေရာ ၂၁ ခုတွင် CCTV လုံ ခြုံ ရေးကင်မရာ အလုံး ၈၀ ကျော် ကို တပ်ဆင်ထားပြီး ၂၄ နာရီစောင့် ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရ သည်။
.
199 Call Center ကို တောင်ကြီး မြို့အပြင် ကျိုင်းတုံနှင့် လားရှိုးမြို့တို့ တွင်လည်း တပ်ဆင်ထားရှိပြီးဖြစ် ကြောင်း သိရသည်။
.
တောင်ကြီးမြို့ရှိ 199 Call Center သို့ ဆက်သွယ်လိုပါကကိုင် ဆောင်သူ၏ ဆင်းမ်ကတ်အား ရှမ်း ပြည်နယ်အတွင်း၌ မှတ်ပုံတင်ပြုလုပ် ထားရန်လိုအပ်ပြီး အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် မှတ်ပုံတင် ပြုလုပ်ထားသော ဆင်းမ်ကတ်ဖြင့် ခေါ်ဆိုပါက မှတ်ပုံတင်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ 199 Call Center သို့ ဝင်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင် ၊ မြို့နယ် စခန်းများ ၏ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ် များကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ ထုတ်ပြန်ပေးထားသော်လည်း အ ချို့ တယ်လီဖုန်းများမှာ ခေါ်ဆို၍မရ ခြင်း ဖုန်းဝင်သော်လည်း လက်ခံဖြေ ကြားမှု မရှိခြင်းများရှိနေကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats