မိုင်းမော (တြိဂံနယ်မြေ)
.
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်
ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချ၊
အဆင်ပြေ ချောမွေ့စွာဖြင့် သွားရောက်လည်ပတ်နိုင်ရေးတို့အတွက် ဆောင်ရွက် ပေးလျက်ရှိရာ
ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝ အလှအပများ၊
တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်
ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့်သာမက
နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်/ဆိုင်ကယ်များဖြင့် လည်းကောင်း၊
ပြည်တွင်း အပျော်စီး သင်္ဘောများဖြင့်လည်းကောင်း ပြည်တွင်းသို့ လာရောက်လည်ပတ်လျက်ရှိ
ကြောင်း သိရသည်။
.
.
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Traventure Travel & Tours
Co.,Ltd စီစဉ်ဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံသား ၂ ဦးသည် နိုဝင်ဘာ
၇ ရက်နေ့တွင် ၎င်းတို့၏
ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၂ စီးဖြင့် တမူး နယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ဝင်ရောက်၍
တမူး-ဂန့်ဂေါ-ပုဂံ-ညောင်ရွှေ-နမ့်စန်-ကျိုင်းတုံ- တာချီလိတ်မြို့များသို့
သွားရောက်လည်ပတ်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင် တာချီလိတ်နယ်စပ်ဂိတ်မှ
ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။
အလားတူ Myanmar
Senses Family Travel & Tours Co.,Ltd စီစဉ်ဆောင်ရွက်မှုဖြင့်
မလေးရှားနိုင်ငံသားဧည်သည် ၅ ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၅ စီးဖြင့်
နိုဝင်ဘာ ၆ ရက်မှ ၁၃ ရက်အထိ မြဝတီ-ကျိုက်ထီးရိုး-ပုဂံ-ဂန့်ဂေါ-တမူး-ကလေး-ပုဂံ-အင်းလေး-ကျိုင်းတုံ-
တာချီလိတ်မြို့ ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တာချီလိတ်နယ်စပ်ဂိတ်မှ
ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
.
၎င်းတို့သည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာ၀
ရှုမျှော်ခင်းများကို ပကတိလေ့လာနိုင်စေရန်၊ နယ်မြေဒေသ အသီးသီးရှိ အထင်ကရ ခရီးစဉ်နေ
ရာများ၊ ဒေသတစ်ခုနှစ် တစ်ခု ကွဲပြားခြားနားသော ရိုးရာယဉ်ကျေးမှုဓလေ့စရိုက် များနှင့်
လူနေမှု ဘဝပုံစံများကို ကိုယ်တိုင်လေ့လာ သိရှိခံစားနိုင် စေရန်အတွက်
ဝင်ထွက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
.
ယခုအခါ ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ
နိုင်ငံခြားသားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြင့်ဝင်ရောက်နိုင်ရေးအတွက်
ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့
ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့
စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment