နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာအနီးတွင် လက်နက် ၁၇၀ နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, November 23, 2019

နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာအနီးတွင် လက်နက် ၁၇၀ နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာအနီးတစ်ဝိုက်တွင် လက်နက် ၁၇၀ လက်နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၂၃ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
.
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
.

နမ့်ဆန်မြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တာဟိုပ္လါင်၏ ဇာတိဖြစ်သော ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာနှင့် အနီးတစ်ဝိုက်အား ဝင်ရောက်ရှင်းလင်းခဲ့ရာ ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး TNLA လက်နက်ကိုင်များမှ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
.

ထို့နောက် နိုဝင်ဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းက ဟိုမိန်းကျေးရွာအနီးတစ်ဝိုက်ဒေသအား ဆက်လက်ရှာဖွေရှင်းလင်းရာ အရှေ့တောင်ဘက်တွင် TNLA လက်နက်ကိုင်တပ်ဖွဲ့၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းသိုဝှက်ထားသည့် နေရာ ၃ ခုအား ရှာဖွေဖော်ထုတ် တွေ့ရှိခဲ့ပြီး ပထမနေရာမှ  FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁ လက်၊ လက်ပစ်ဗုံး ၃၇ လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့် အိတ်အကြီး ၇၇ အိတ်တို့အား လည်းကောင်း၊ ဒုတိယနေရာမှ M-22 သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉ လက်၊ M-16 သေနတ် ၉ လက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ (၇) ၁၆ လက်၊ အာရ်ပီဂျီ (၂) ၅ လက်၊ ၁၂ ဗို့ဆလိုက် ၂ လက် တို့အား လည်းကောင်း၊ တတိယနေရာမှ ၇.၆၂ မီလီမီတာ ကျည် ၄၃၁၆၀ တောင့်၊ ဒသမ ၅ ကျည် ၃၀၀၀ တောင့်၊ M-22 ကျည် ၁၀၅ တောင့်၊ M-22 ကျည်အိမ် ၁၄၀၀ ခု၊ ယမ်းပျော့ ၂၀ ပုံး၊ လက်ပစ်ဗုံး ၈၄၃ လုံး၊ ၆ဝ မမဗုံးသီး ၉၈ လုံး၊ ၆ဝ မမ ထိပ်ဖူး ၉၀ လုံး၊ ၄ဝ မမဗုံးသီး ၁၄၈ လုံး၊ အားမြင့်ယမ်းဘူး ၈၈၅ ဘူးတို့အား လည်းကောင်း အသီးသီး သိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ဟိုမိန်းကျေးရွာအနီး နိုဝင်ဘာလ ၂၂ ရက်နေ့၌ ရှာဖွေဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည့် လက်နက်၊ ခဲယမ်းများမှာ K-12  ပခုံးထမ်းလေယာဉ်ပစ်လက်နက် ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး၊ ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဘူး ၈၈၅ ဘူးနှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
.
.
ထို့အပြင် တပ်မတော်၏ အပစ်ရပ်ကာလအတွင်း TNLA မှ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်မြို့နယ် အနီးဝင်းကျင် ဒေသများတွင် စခန်းတိုးချဲ့မှု စုစုပေါင်း ၇၈ ခု ရှိခဲ့ပြီး တပ်မတော်မှ စခန်းပေါင်း ၄၁ ခုအား တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီး ဖြစ်ကြောင်းနှင့် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)