တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ယာဉ်ရပ်နားခ ပိုမိုကောက်ခံခြင်းမပြုရန် ညွှန်ကြားထားသော်လည်း ကောက်ခံမှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, November 11, 2019

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ယာဉ်ရပ်နားခ ပိုမိုကောက်ခံခြင်းမပြုရန် ညွှန်ကြားထားသော်လည်း ကောက်ခံမှုများ ရှိနေ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ ပြိုင်ပွဲကာလအတွင်း ယာဉ်ရပ်နားစခန်း ၃ နေရာ သတ်မှတ်ချပေးထားပြီး ယင်း ယာဉ်ရပ်နားစခန်းများတွင် မော်တော်ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၁၀၀၀ နှင့် မော်တော်ယာဉ်တစ် စီးလျှင် ကျပ် ၃၀၀၀ သာ  ကောက်ခံရန် စည်းကမ်း သတ်မှတ်ထားသော်လည်း ပိုမိုကောက်ခံမှုများ ရှိနေကြောင်း သိရသည်။
.
.
"လေလံ ဆွဲတဲ့သူက ဈေးပေါပေါနဲ့ ဆွဲတယ်။ ပြီးရင် တခြားသူကို ဈေးကြီးကြီးနဲ့ ပြန် ရောင်းတာလေ။ အဲဒါတွေကို သက်ဆိုင်ရာတွေ မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလား။ ဝန်ကြီး​တွေ Facebook သုံးရက်နဲ့ မသိဘူး ဆိုရင်​တော့ ပြောစရာ မရှိ​တော့ဘူး"ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပွဲ​တော် ဘဏ္ဍာ​ရေး​ကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံအား ဆက်သွယ် ​မေးမြန်းရာ "အရပ်သားကနေလည်း သတင်းအတိအကျနဲ့ သူတို့ဒီလောက် ကောက်နေပါတယ်။ ဗီဒီယိုဖိုင်လေးတွေနဲ့ တင်ပြပေးဖို့ လိုတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
နှစ်တိုင်းလည်း အဲဒီလိုပဲ အဆမတန် ကောက်နေတာပါပဲ။ အရေးယူသွားမယ်လို့ ပြောပေမယ့်လည်း တစ်ခါမှ အရေးယူတာ မကြားဖူးဘူး။ တိုင်ရင်ကော တကယ်အရေးယူမှာလား၊ ဘယ်လိုအရေးယူမှာလည်း ဆိုတာက ရှိပါသေးတယ်။ လက် မှတ်ထိုးခိုင်းရုံလောက်နဲ့တော့ ဘာမှ ထူးလာမှာမဟုတ်ပါဘူး” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ယာဉ်ရပ်နားခ ပိုမို ကောက်ခံမှုနှင့် ပတ်သက်၍ ရှမ်းပြည် နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က "ယာဉ် ရပ်နားခ ပိုမို ကောက်ခံရင် စားသုံးသူရေးရာကို တိုင်ကြားလို့ရပါတယ်။ တိုင်ကြားတဲ့ နေရာမှာ တိုင်ကြားတဲ့သူရဲ့ အချက် အလက်တွေတော့ လိုပါမယ်။ ဒီအ ချက်အလက်တွေကို ကျွန်တော်တို့ က မထုတ်ပြန်ဘူး၊ မဖော်ထုတ်ပါ ဘူး၊ လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။ စားသုံးသူရေးရာ ဦးစီးဌာနက စား သုံးသူ အကာအကွယ်ပေးရေး လုပ် ငန်းကို လုပ်တဲ့အခါမှာ ကုန်စည်နဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ကုန်စည် ဆိုတာက ကုန်အားလုံးပါဝင်ပါတယ်။ ဝန်ဆောင်မှု ဆိုတာက လေကြောင်း ဝန်ဆောင်မှု၊ ငွေကြေး ဝန်ဆောင်မှု၊ ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင် မှု၊ ဘာသာတရားနဲ့ သော်လည်း ကောင်း၊ ယဉ်ကျေးမှုနဲ့ သော်လည်း ကောင်း ဆန့်ကျင်တဲ့ ကြော်ငြာတွေ ကို တိုင်ကြားမယ်ဆိုရင် အကျုံးဝင်ပါ တယ်။" ဟု ကမ္ဘောဇတိုင်းသို့ ပြော ဆိုထားသည်၊။
.
ယာဉ်ရပ်နားခ ပိုမိုကောက်ခံပါ က ရုံးဖွင့် ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ လည်း ကောင်း၊ ရုံးပိတ်ရက်များတွင် နံ နက် ၁၀ နာရီမှ ညနေ ၃ နာရီထိ လည်းကောင်း ဖုန်း နံပါတ် ၀၈၁ ၂၀၆၈၀၄ သို့ ဆက်သွယ် တိုင် ကြားနိုင်သည့်အပြင် စားသုံးသူရေး ရာ ဦးစီးဌာန၏ လူမှုကွန်ရက် (Facebook) အကောင့် Mes-sengerများနှင့် www.doca.gov.-mm တွင်လည်း နည်းလမ်းပေါင်းစုံ ဖြင့် တိုင်ကြားနိုင်ကြောင်းသိရသည်။
.
အဆိုပါ ယာဉ်ရပ်နားစခန်း လုပ် ပိုင်ခွင့် ၃ နေရာအား ဦးဇော်ထွန်းမှ ကျပ်သိန်း ၁၂၀၊ ဦးစိုးနိုင်မှ ငွေကျပ် ၁၃၅ သိန်း၊ ဦးဝင်းဇော်မှ ငွေကျပ် ၁၅၅ သိန်းဖြင့် လေလံအနိုင်ရရှိထား ကြောင်း သိရသည်။
.
ပွဲလာသူ ပရိသတ်များ မဖြစ်မနေ ထိတွေ့ဆက်ဆံရသော ယာဉ်ရပ်နားခ ကောက်ခံမှုအခြေအနေများနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရာတွင် အမှန်တကယ် ယာဉ်ရပ်နားစခန်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးမှာ ငွေကျပ် ၁၃၅ ဖြင့် လေလံ အောင်မြင်သူထံမှ ငွေကျပ် သိန်း ၁၇၀ ဖြင့် တစ်ဆင့် ပြန်လည်ဝယ်ယူ၍ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats