တစ်ဆင့်ခံ လေလံများကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားခဈေးနှုန်းများ မြင့်တက်နေရ ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, November 7, 2019

တစ်ဆင့်ခံ လေလံများကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားခဈေးနှုန်းများ မြင့်တက်နေရ ဟုဆို


ခွန်သက်ထူး
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၊ ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပရာ အ​ဝေရာ မီးပုံးပျံကွင်းအတွင်းရှိ ယာဉ်ရပ်နားစခန်း မျာ၌ ရပ်နားခ ကောက်ခံရာတွင် သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံမှုများ ရှိနေပြီး တစ်ဆင့်ခံလေလံများကြောင့် ယင်းကဲ့သို့ ယာဉ်ရပ်နားခ ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရသည်။
.
.
"လေလံ ဆွဲတဲ့သူက ဈေးပေါပေါနဲ့ ဆွဲတယ်။ ပြီးရင် တခြားသူကို ဈေးကြီးကြီးနဲ့ ပြန် ရောင်းတာလေ။ အဲဒါတွေကို သက်ဆိုင်ရာတွေ မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလား။ ဝန်ကြီး​တွေ Facebook သုံးရက်နဲ့ မသိဘူး ဆိုရင်​တော့ ပြောစရာ မရှိ​တော့ဘူး"ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။
.
ထို့အတူ ပွဲလာသူ အမျိုးသမီး တစ်ဦးကလည်း " တိုင်လို့ ရတယ်တဲ့။ တိုင်ရ​အောင် ဘယ်သူက ကိုယ့်ထမင်း ကိုယ် စားပြီး အလုပ်ရှုပ်ခံ တိုင်မှာတုန်း။ သူတို့​တွေက ဒါလုပ်ဖို့ လစာယူထားတာ မဟုတ်ဘူးလား။ စုံစမ်း​လေ၊ တကယ် ​စျေးကြီး​နေတာ သိလိမ့်မယ်။" ဟု ​ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပွဲ​တော် ဘဏ္ဍာ​ရေး​ကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံအား ဆက်သွယ် ​မေးမြန်းရာ "တစ်ဆင့်ခံ လေလံကတော့ မပေးထားဘူး။ ဘယ်လို တစ်ဆင့်ခံတွေ လုပ်ထားလဲဆိုတာ စုံစမ်းပေးလေ။ သက်သေအပြည့်အစုံနဲ့ ကျွန်တော့်ဆီကို ပို့ပေးပေါ့။ ပြီးရင် မှန်/မမှန် ပြန် စုံစမ်းရ မှာလေ။ သူတို့ တစ်ဆင့်ခံ လုပ်တာ သေချာတယ်ဆိုရင်တော့ Blacklist ထည့်ရင် ထည့်မယ်။ မထည့်ရင် ဒဏ်ငွေ ဆောင်ရမယ်။ အရပ်သားကနေလည်း သတင်းအတိအကျနဲ့ သူတို့ဒီလောက် ကောက်နေပါတယ်။ ဗီဒီယိုဖိုင်လေးတွေနဲ့ တင်ပြပေးဖို့ လိုတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
လက်ရှိ ကျင်းပဆဲဖြစ်သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း မော်တော်ယာဉ်များအား ယာဉ်ရပ်နားခ ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ်အထိ ဈေးနှုန်းအမျိုးမျိုးဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။
.
တန်ဆောင်တိုင် ပွဲတော်အတွင်း ကုမ္ပဏီ ဈေးဆိုင်ခန်း ပွဲဈေး ပျံကျလုပ်ပိုင်ခွင့် လေလံကို ကျပ်သိန်း ၃၈၆၂ သိန်းဖြင့် ဦးကျော်လင်းမှ လည်းကောင်း၊ ယာဉ် ရပ်နားခနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့် နေရာ ၃ ခုအတွက် ဦးဇော်ထွန်းဦးမှ ကျပ်သိန်း ၁၂၀ ဖြင့် လည်းကောင်း၊ ဦးစိုးနိုင်မှ ၁၃၅ သိန်းဖြင့် လည်းကောင်း၊ ဦးဝင်းဇော်မှ ကျပ် ၁၅၅ သိန်းဖြင့် လည်းကောင်း အသီးသီး ရရှိ ထားသည်။
.
ပွဲလာသူ ပရိသတ်များ မဖြစ်မနေ ထိတွေ့ဆက်ဆံရသော ယာဉ်ရပ်နားခ ကောက်ခံမှုအခြေအနေများနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရာတွင် အမှန်တကယ် ယာဉ်ရပ်နားစခန်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးမှာ ငွေကျပ် ၁၃၅ ဖြင့် လေလံ အောင်မြင်သူထံမှ ငွေကျပ် သိန်း ၁၇၀ ဖြင့် တစ်ဆင့် ပြန်လည်ဝယ်ယူ၍ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရှိရသည်။
.
သိန်း ၁၇၀ နဲ့ ပြန်ဝယ်ထားတာပါ။ ဘဏ်ကနေ ငွေလွှဲပေးထားတယ်” ဟု ယာဉ်ရပ်နားစခန်းလေလံ တဆင့်ပြန်လည် ဝယ်ယူထားသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
"အစိုးရ ကိုယ်တိုင်ကိုက လေလံ ဖွင့်ပြီး ရောင်းတယ်။ လေလံ ဝယ်တဲ့ သူကလည်း သူ့အတွက် တွက်ခြေ ကိုက်အောင် လုပ်ကြမှာပဲ။ ဒါကတော့ စီမံခန့်ခွဲမှု အပေါ်မှာ မူတည်ပါတယ်။ ဘယ်သူတွေ ရေးရေး/ပြောပြော ဈေးနှုန်း တင်ရမှာပါပဲ။ ဒါကတော့ တောင်ကြီးတန်ဆောင်တိုင်ပွဲ လုပ်တဲ့ သူတွေတိုင်း သိပါတယ်။ ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
၂၀၁၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်မှ ၁၂ ရက်အထိ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး ပွဲတော်အတွင်း ယာဉ်ရပ်နားခ ကောက်ခံမှုများနှင့် ပတ်သက်၍ ဒေသခံများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats