တောင်ကြီးတွင် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတကာ ရှမ်းသုတေသန စာတမ်းဖတ်ပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, November 26, 2019

တောင်ကြီးတွင် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတကာ ရှမ်းသုတေသန စာတမ်းဖတ်ပွဲ ကျင်းပ


စုလှိုင်
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမတွင် နိုဝင်ဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ ပထမအကြိမ် နိုင်ငံတကာ ရှမ်းသုတေသနစာ တမ်းဖတ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည် ဟု သိရသည်။
.
.
“ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းတိုင်း ရင်းသားလူမျိုးတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာရေး၊ သမိုင်းကြောင်း စတာတွေကို လေ့လာတင်ပြတဲ့ စာတမ်းဖတ်ပွဲဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အနေနဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ နောက်လည်း အဆင်ပြေရင် အခုလို စာတမ်းဖတ်ပွဲတွေ ဆက်ပြီး လုပ် သွားဖို့ ရှိပါတယ်” ဟု စာတမ်းဖတ်ပွဲ အခမ်းအနားစီစဉ်သူ တောင်ကြီး တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ပါ မောက္ခဌာနမှူး အငြိမ်းစား ဒေါ်နန်း ဗိုလ်ခမ်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
စာတမ်းဖတ်ပွဲ ဖွင့်ပွဲကို နိုဝင် ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက စတင်ကျင်းပရာ တောင်ကြီးမြို့၊ ရှမ်း ပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခ ချုပ်ဆရာတော် ဒေါက်တာ အရှင် ဓမ္မသာမိ (အောက်စဖို့ဆရာတော်)မှ အဖွင့်ဩဝါဒစကား မြွက်ကြားခဲ့ပြီး နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အ တိုင်ပင်ခံ ဝန်ဆောင်မှု (စင်္ကာပူ)မှ ဒေါက်တာယဉ်ယဉ်နွယ်က အမှာစ ကားပြောကြားကာ ရှမ်းသုတေသန စင်တာမှ ဒါရိုက်တာ စိုင်းခမ်းမိုင်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြော ကြားခဲ့သည်။
.
ထို့နောက် စာတမ်းဖတ်ပွဲ ပထ မနေ့ဖြစ်သော နိုဝင်ဘာလ ၂၃ ရက် တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မာသာမိ၊ ဒေါက်တာ ယဉ်ယဉ်နွယ်၊ ဒေါက်တာပြည့်ဖြိုး ကျော်၊ ဒေါက်တာ စဝ်ခွန်ထီး (လဲ ချား)၊ စိုင်းခမ်းမောင် (ဩစတေးလျ အမျိုးသားတက္ကသိုလ်) ဦးဆောင် သော စာတမ်းရှင်များမှ ရှမ်းတိုင်းရင်း သားများ၏ စာပေ၊ ယုံကြည်ကိုးကွယ် မှုနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ သု တေသန စာတမ်းများကို ဖတ်ကြား ခဲ့ပြီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဒေါက်တာကလျာလု (မန္တလေးတက္က သိုလ်)၊ ဒေါက်တာ စဝ်ခွန်ထီး(လဲ ချား)၊ စိုင်းခမ်းမောင်(ဩစတေးလျ အမျိုးသားတက္ကသိုလ်)၊ ဒေါက်တာ စိုးစိုးဦး၊ ဒေါက်တာစိုင်းစံအိုက် ဦး ဆောင်သော စာတမ်းရှင်များမှ ရှမ်း တိုင်းရင်းသားများ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနယ်ပယ် ဆိုင် ရာ သုတေသနစာတမ်းများကို ရှင်း လင်းဖတ်ကြားကာ စာတမ်းတစ်ခု ချင်းစီအလိုက် အပြန်အလှန် ဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သုတေသနစာတမ်း ဖတ်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ မှ ကြီးမှူး၍ ရှမ်းပြည်နယ် ဗုဒ္ဓတက္က  သိုလ်နှင့် ရှမ်းသုတေသန စင်တာတို့ မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စာတမ်း ဖတ်ပွဲသို့ ပြည်တွင်းရှိ ရှမ်းတိုင်းရင်း သား စာတမ်းရှင်များအပြင် အင်္ဂလန်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဩစတေးလျ စသည့်နိုင်ငံများမှ ရှမ်းတိုင်းရင်းသား ရေးရာဆိုင်ရာ ပညာရှင်များက သု တေသနဆိုင်ရာ စာတမ်းအသီးသီး ကို ဖတ်ကြား ဆွေးနွေးခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats