ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် မြေဧက ၃ သောင်းကျော်အား သက်ဆိုင်ရာ တောင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် မြေဧက ၃ သောင်းကျော်အား သက်ဆိုင်ရာ တောင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ဟု ဆို


မောင်မောင်သန်း(တောင်ကြီး)
.
ယခုလက်ရှိ ရှမ်းပြည်နယ် လယ် ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ လက်ထက်တွင် သက် ဆိုင်ရာ တောင်သူများလက်ဝယ်သို့ မြေဧက ၃ သောင်းကျော် ပြန်လည် လွှဲပြောင်းပေးအပ် နိုင်ခဲ့ပြီး ကျန်မြေ ဧရိယာ ဧက ၁ သောင်းကျော်ကို ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၉)ကို အောက်တို ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုး ရရုံး အစည်းအဝေး ခန်းမတွင် ကျင်း ပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ လင်းထွဋ်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က ရှမ်းပြည်နယ် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မ တီအနေဖြင့် ရှမ်းပြည်နယ်အတွင်း ရှိ မြေယာကိစ္စ တင်ပြတိုင်ကြားမှု များအပေါ် စိစစ်ဖြေရှင်းဆောင်ရွက် ခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြန်လည်စွန့် လွှတ်သည့် မြေယာများကို သက် ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း လုပ်ငန်းများကို လယ် ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ် ရေး ကော်မတီမှ ချမှတ်ထားသော မူ ဝါဒများ၊ လုပ်ငန်းစဉ်များနှင့် အညီ စိစစ်ဖြေရှင်း ဆောင်ရွက်လျက် ရှိပါ ကြောင်း အဖွင့်အမှာစကား ပြော ကြားခဲ့သည်။
.
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ၊ တွဲဖက်အတွင်း ရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေး မှူးဦးဆန်းဝင်းက အမှုတစ်မှုချင်းအ လိုက် ဆွေးနွေးပြောကြားပြီး၊ တက် ရောက်လာသည့် ပြည်နယ်မြေ စစ် ကော်မတီဝင်များနှင့် ခရိုင်မြေစစ် ကော်မတီ ဥက္ကဌ၊ တွဲဖက်အတွင်း ရေးမှူးများက ဆွေးနွေးတင်ပြ၍ အ ထွေထွေဆွေးနွေးကြကြောင်း သိရ သည်။
.
ယခုလယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ လက်ထက် သက်ဆိုင်ရာဝန်ကြီးဌာ နများနှင့် အဖွဲ့အစည်းများမှ ပြန် လည် စွန့်လွှတ်သည့် အမှုကိစ္စပေါင်း ၁၅၉ မှု၊ မြေဧရိယာ ၃၁၃၇၁ ဒသမ ၀၉၈ ဧကအနက် သက်ဆိုင်သူများ ထံသို့ ပြန်လည် လွှဲပြောင်းပေးအပ် ရန် စွန့်လွှတ်သည့် အမှုကိစ္စပေါင်း ၆၅ မှု၊ မြေဧရိယာ ၃၇၉၇ ဒသမ ၈၉၆ ဧက၊ အသုံးမပြု၍ ပိုလျှံသဖြင့် ပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စ ပေါင်း ၇၈ မှု၊ မြေဧရိယာ ၁၅၉၉၂ ဒသ ၆၃၂ ဧက၊ အခြားဝန်ကြီး ဌာန များသို့ လွှဲပြောင်းရန်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း ၁၆ မှု၊ မြေဧရိယာ ၁၁၅၈၀ ဒသမ ၅၇၀ ဧကဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြန်လည်စွန့်လွှတ်မြေ များမှ တောင်သူများထံ ပြန်လည်လွှဲ အပ်နိုင်သော မြေဧရိယာ ၃၁၃၇၁ ဒသမ ၀၉၈ ဧကအနက် မြေဧရိယာ ၃၀၃၂၆ ဒသမ ၆၉၆ ဧကကို သက် ဆိုင်ရာလက်ဝယ်သို့ လွှဲပြောင်းပေး အပ်နိုင်ခဲ့ပြီး ကျန်မြေဧရိယာ ၁၀၀၃ ဒသမ ၄၆၂ ဧကကို တောင်သူများ ထံ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင် ရေးအတွက် စိစစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် ယခု လယ် ယာ မြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေး ဗဟိုကော်မတီမှ ပေးပို့ လာ သော မြေယာကိစ္စ တိုင်ကြားစာ ပေါင်း ၆၂၄ မှုရှိသည့်အနက် ၄၈၅ မှုကို စိစစ်ဖြေ ရှင်း ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ၁၃၉) မှုကိုလည်း အ မြန်ဆုံး ပြီးပြတ် စေရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်း ခံရ မှုများ ပြန်လည် စိစစ်ရေး ကော်မတီ အဆင့်ဆင့် က ဗဟိုကော်မတီ၏ မူဝါဒနှင့် လုပ် ငန်းစဉ် (၅၂)ချက်၊ ညွှန်ကြားချက် များ၊ လုပ်ထုံး လုပ်နည်းများနှင့် အ ညီ စိစစ်ဖြေရှင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ ပြန်လည်စွန့်လွှတ်သည့် စုစု ပေါင်း အမှုကိစ္စပေါင်း ၃၃၂ မှု၊ မြေ ဧရိယာ ၈၁၄၄၂ ဒသ ၁၅၇ ဧက တွင် လွှဲပြောင်းပေးအပ်ပြီး ဧရိယာ ၈၀၃၉၃ ဒသမ ၇၅၅ ဧက၊ လွှဲပြောင်း ပေးရန်ကျန်ဧရိယာ ၁၀၀၇ ဒသမ ၄၆၂ ဧကနှင့် မြေပြင်စိစစ် လျော့ နည်းဧရိယာ ၄၀ ဒသမ ၉၄၀ ဧက ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats