အခြေခံပညာကျောင်းများတွင် လှူဒါန်းမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ ပညာရေးမှူးရုံးများ၏ ခွင့်ပြုချက် ယူရမည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, November 9, 2019

အခြေခံပညာကျောင်းများတွင် လှူဒါန်းမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ ပညာရေးမှူးရုံးများ၏ ခွင့်ပြုချက် ယူရမည်


ခွန်သက်ထူး
.
အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ကျောင်းများတွင် လှူဒါန်း မှုများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ပညာရေးမှူးရုံးများ၏ ခွင့်ပြုချက်ရ ရှိရန် လိုအပ်ပြီး မည်သည့်အဖွဲ့ အ စည်း သို့မဟုတ် လူပုဂ္ဂိုလ်မဆို ခွင့်ပြု ချက် မရှိဘဲ လှူဒါန်းခွင့် မပြုကြောင်း သိရသည်။
.
.
အဓိကကတော့ ပြဿနာမဖြစ် အောင်လို့ပါ။ အဆောက်အဦ တစ်ခု လှူမယ်ဆိုရင် အဆောက်အဦကို ပြီးအောင်လှူပါ့မယ်၊ ဌာနကငွေမ တောင်းပါဘူး အဲဒီလိုတွေ ဆောင် ရွက်ရတာဖြစ်ပါတယ်။ ဘာပဲလှူချင် ချင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်နဲ့ ညွှန်ကြားရေးမှူးချုပ်ကို တင် ပြပြီးမှ လှူခွင့်ပြုပါတယ်။ သာမန် အသေးအမွှား လှူတာဆိုရင်တော့ သိပ်ပြဿနာ မရှိပေမယ့် အကြီးအ မား လှူတာဆိုရင်တော့ သေချာပြန် တင်ပြပေးရပါတယ်။ ဌာနကနေ အလှူခံတယ်ဆိုတာမျိုး ဖြစ်မှာစိုးလို့ လှူဒါန်းလိုတဲ့သူကနေ ကျွန်တော်တို့ ဆီကို တင်ပြရင် ခွင့်ပြုပေးပါတယ်” ဟု ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ခုတွင် အဖွဲ့အစည်းတစ်ခုမှ ကျောင်းသား/သူများအား စက်ဘီး အစီး ၅၀၀ လှူဒါန်းမည်ဟု ပြောဆို ကာ မြို့နယ်ပညာရေးမှူးနှင့်ကျောင်း အုပ်တို့ထံမှ ငွေကြေး လိမ်လည်မှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကန့်သတ်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် အ တွင်းရှိ အခြေခံပညာ ကျောင်းများ တွင် စာအုပ်/ စာပေများကို လိုက်လံ လှူဒါန်းပေးနေသော စာပေ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ ကျောင်းတစ်ကျောင်းကို စာအုပ်လှူတိုင်း ပညာ ရေးရုံးတွေကို စာလိုက်တင်နေရရင် မဟုတ်သေးဘူးလေ။ စာပေ ဟော ပြောပွဲလုပ်ဖို့ မြို့နယ်ပညာ ရေးမှူး ရုံးကို စာတင်တယ်။ သူတို့က ပြည် နယ်ကိုပဲ တင်ဖို့ပြောနေတော့ တာ ဝန်မယူနိုင်တဲ့ ပုံစံဖြစ်နေတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
မမှန်ကန်သော အဖွဲ့အစည်း များမှ လှူဒါန်းမှုများကို အကြောင်းပြု ၍ ငွေကြေးလိမ်လည်တောင်းခံမှုများ မဖြစ်ပွား စေရေးအတွက် အခြေခံပ ညာ ကျောင်းများအနေဖြင့် တိုက်ရိုက် လှူဒါန်းမှုများကို လက်မခံရန် အသိ ပေး အကြောင်းကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats