တောင်ကြီးမြို့၊ စူဠာမုနိဘုရားရားရင်ပြင်တော်တွင် မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ စုပေါင်း လှူဒါန်းပွဲ ပြုလုပ်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, November 17, 2019

တောင်ကြီးမြို့၊ စူဠာမုနိဘုရားရားရင်ပြင်တော်တွင် မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ စုပေါင်း လှူဒါန်းပွဲ ပြုလုပ်မည်


စုလှိုင်
.
ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့၊ စူဠာမုနိဘုရား ရင်ပြင်တော်တွင် နိုဝင်ဘာလ ၂၁ ရက်၌ မျက်ကြည် လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ စုပေါင်းလှူဒါန်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
သေသွားရင် သင်္ချိုင်းမှာပစ်ရမယ့် ခန္ဓာကိုယ်၊ မီးရှို့လိုက်ရင် ပြာဖြစ်မယ့်ခန္ဓာကိုယ်ကို လူများစွာ အလင်းရစေ ပြီး အသက်ဆက်ရင်သန်ခွင့်ရမယ်၊ နောက်မျိုးဆက်တွေကို ဆေးကုသဖို့အတွက် ဆေးပညာသင်ကြားရေးမှာ လှူဒါန်း ခွင့်ရမယ်ဆိုရင် အရမ်းမွန်မြတ်တာပေါ့။ ကိုယ်တိုင်လည်း ကုသိုလ်ရမှာဖြစ်ပြီး မိသားစုလည်း ဒါနပါရမီတွေ ရရှိမှာဖြစ် တာကြောင့် လှူဒါန်းဖို့ တိုက်တွန်းချင်ပါတယ်” ဟု အဆိုပါ လှူဒါန်းပွဲအား ဦးဆောင်စီစဉ်ပြုလုပ်သူ တန်ဖိုးရှိသော လူသားများအသင်းချုပ် ဥက္ကဋ္ဌ ဦးဇေသူကိုကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ လှူဒါန်းရာတွင် သေဆုံးသူ၏ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများဖြစ်သော မျက်ကြည်လွှာ၊ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ် အစရှိသည်တို့ကို လှူဒါန်းနိုင်ပြီး လှူဒါန်းလိုသူများအနေဖြင့် လိုင်စင်ဓါတ်ပုံ ၄ ပုံနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တစ်စောင်ယူဆောင်၍ အသိသက်သေနှင့်အတူ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
.
မျက်ကြည်လွှာ လှူဒါန်းလိုသူများအနေဖြင့် မျက်ကြည်လွှာ ခွဲစိတ်ထားခြင်းမရှိပါက အသက် ၉၀ အထိ လှူဒါန်းနိုင်ပြီး ခန္ဓာကိုယ်လှူဒါန်းလိုသူများအနေဖြင့် အသက်အရွယ်မရွေး လှူဒါန်းနိုင်ကာ ကိုယ်တွင်းအင်္ဂါ လှူဒါန်း လိုသူများမှာ အသက် ၄၀ အောက်သာ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
တောင်ကြီးမြို့တွင် ယင်းကဲ့သို့ စုပေါင်းလှူဒါန်းပွဲ ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း ရှိ ဆေးတက္ကသိုလ်ရှိရာ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ မကွေးမြို့တို့တွင်လည်း လှူဒါန်းမှု စုစုပေါင်း ၆ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကာ အလှူရှင် ၆၀၀ ကျော်ခန့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
.
တန်ဖိုးရှိသောလူသားများအသင်းချူပ်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယင်းကဲ့သို့ ခန္ဓာကိုယ်နှင့် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း လှူဒါန်းနိုင်ရေးအတွက် စည်းရုံးအလှူခံ၍ သက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင် ရွက်လျက်ရှိပြီး အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးအတွက် ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)