စုလှိုင်
.
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းမှ
အုတ်ရေကန်အတွင်း နိုဝင်ဘာလ ၂၇ ရက်က အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.
ရေအေးကွင်းရပ်ကွက်၊ ဟော်နန်းလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌
ဆောက်လုပ်ထားသော ရေကန်အတွင်း နိုဝင်ဘာလ ၂၇ ရက်က အလောင်းတစ်လောင်း တွေ့ရှိကြောင်း
သတင်းရရှိသဖြင့် တောင်ကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဌေးလှိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ အုတ်ရေကန်အတွင်း၌ အသက် ၄၀ ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးအား
ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါနေအိမ်မှ ခြံစောင့်ဖြစ်သူသည် ယင်းနေ့
မွန်းလွဲပိုင်းတွင် စည်ပင်ရေပိုက်လိုင်းမှ ရေလာသဖြင့် အုတ်ရေကန် ရေဖြည့်ရန် သွားရောက်စဉ်
အမျိုးသားအလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ အဆိုပါအမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍
ဓမ္မတာအတိုင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီးနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်
၁၆/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment