နိုင်ငံတကာ အဆင့်မီ အတွေ့အကြုံနှင့် နည်းပညာများ ရယူဆောင်ရွက်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆောက်လုပ်ရေး လုပ်ငန်းရှင်များအား တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, November 7, 2019

နိုင်ငံတကာ အဆင့်မီ အတွေ့အကြုံနှင့် နည်းပညာများ ရယူဆောင်ရွက်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆောက်လုပ်ရေး လုပ်ငန်းရှင်များအား တိုက်တွန်း


မောင်မောင်သန်း(တောင်ကြီး)
.
ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် ဒေသ တွင်း အတွေ့အကြုံများဖြင့်သာ ကျေနပ်မနေကြဘဲ နိုင်ငံတကာ အဆင့်မီ အတွေ့အကြုံများ၊ နည်းပညာများအား ရယူပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တိုက်တွန်းပြောကြားခဲ့ သည်။
.
.
မြန်မာနိုင်ငံ လိုင်စင်ရကန်ထ ရိုက်တာများအသင်း (ရှမ်းပြည်နယ်)အသင်းရုံးဖွင့်ပွဲကို နိုင်ဝင်ဘာလ ၂ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းရုံး၌ ကျင်းပရာ အဆိုပါအခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။
.
အသင်းရုံးဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးလှဦး၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင် သန်းမောင်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် ဒုတိယဥက္ကဌ ဦးတင်မောင်ဝင်းတို့မှ ဖဲ ကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကုမ္ပဏီ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်က အဖွင့် အမှာစကား ပြောကြားရာတွင် တည် ဆောက်ရေးလုပ်ငန်းများသည် တိုင်း ပြည်၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံအ ဆောက်အဦများ ဖွံ့ဖြိုးရေး၊ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အ လမ်းသစ်များ ဖန်တီး ရရှိရေးတို့တွင် အလွန်အရေးပါသော အခန်းကဏ္ဍ တစ်ခုအဖြစ်ပါဝင် ပါကြောင်း၊ ဒေသ တွင်း ကန်ထရိုက်တာများ အနေဖြင့် လည်း ဒေသတွင်းအတွေ့အကြုံများ ဖြင့် ကျေနပ်မနေဘဲ နိုင်ငံတကာအ ဆင့်မီ အတွေ့အကြုံများ နည်းပညာ များ ရယူပြီးပိုမို ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်နှင့် ကုမ္ပဏီ များအနေဖြင့် တည်ဆောက်ရေးလုပ် ငန်းများ ဆောင်ရွက်ရာတွင် ကောင်း မွန်အောင် ဆောင်ရွက်သဖြင့် လုပ် ငန်းများ ပိုမိုလုပ်ကိုင်နိုင်လျှင် ကုမ္ပ ဏီကို မှီခိုနေကြသည့်ဒေသခံ ပြည် သူလုပ်သားများအတွက် အလုပ်အ ကိုင် အခွင့်အလမ်းများ အထောက် အကူဖြစ်မည်ဖြစ်ကြောင်း၊ မိမိတို့ ရှမ်းပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများတွင် ပြည်နယ်အစိုး ရအဖွဲ့နှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
.
ဆောက်လုပ်ရေး ဆိုင်ရာ အခက် အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်၊ နည်းပညာသစ်များကို ဖြန့်ဝေပေးနိုင်ရန် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက် ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ နိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်း (ရှမ်းပြည်နယ်)ကို ဖွဲ့စည်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats