တောင်ကြီးအဆင်းလမ်းတွင် သစ်မှောင်ခိုကား တိမ်းမှောက်ကာ ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 1, 2019

တောင်ကြီးအဆင်းလမ်းတွင် သစ်မှောင်ခိုကား တိမ်းမှောက်ကာ ၂ ဦး ဒဏ်ရာရ


ခွန်သက်ထူး
.
တောင်ကြီး-အေးသာယာအဆင်းလမ်း၊ ပစောက်ကွေ့အနီးတွင် ယနေ့ နိုဝင်ဘာလ ၁ ရက်၊ နေ့လယ်ပိုင်းက သစ် မှောင်ခို တင်ဆောင်လာသည့် ၆ ဘီးမော်တော်ယာဉ်သည် လမ်းချော်ကာ တောင်နံရံအား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်ခဲ့သဖြင့် အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
"ကားမှောက်တာဟုတ်တယ်။ ထိခိုက်မှုအခြေအနေကတော့ သာမာန်ဒဏ်ရာ ပွန်းပဲ့ရုံပါ။ ကားကချော်ပြီး နံရံကိုတိုက်တယ်၊ ကန့်လန့်ခံနေတယ်"ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးအောင်မိုးက ကမ္ဘောဇတိုင်း သို့ပြောသည်။
.

တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ ယာဉ်မောင်း ဇေယျာလင်းထိုက် မောင်းနှင်၍ သစ်မျိုးစုံ ၇ တန်ခန့်အား ပြောင်းဖူးခွံအိတ်များဖြင့် ဖုံအုပ်သယ်ဆောင်လာသော ၆ ဘီးမော်တော်ယာဉ်သည် တောင်ကြီး-အေးသာယာ အဆင်းလမ်းတွင် ဘရိတ်ပေါက်၍ ကားလမ်းဘေးရှိ ကျောက်ဆောင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယဉ်မောင်း ဇေယျာလင်းထိုက်တွင် ခြေထောက်နှစ်ဘက် ပေါက်ပြဲ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် အောင်ကိုလတ်တွင် ခြေနှစ်ဘက်နှင့် ယာဘက်ဦးခေါင်း ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) အသီးသီး ရရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တရားမဝင်သစ်များ သယ်ဆောင်ကာ ယာဉ်မဆင်မခြင်မောင်းနှင်တိမ်းမှောက်စေမှုနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats