တာချီလိတ်နယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ကျွန်းသစ်ခွဲသား တန် ၁ဝဝဝ ကျော်အား ပထမဆုံးအကြိမ်အဖြစ် တင်ပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 25, 2019

တာချီလိတ်နယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ကျွန်းသစ်ခွဲသား တန် ၁ဝဝဝ ကျော်အား ပထမဆုံးအကြိမ်အဖြစ် တင်ပို့


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နယ်စပ် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ကျွန်းသစ်ခွဲသား တန် ၁၀၀၀ ကျော်အား ပထမဆုံးအ ကြိမ်အဖြစ် တင်ပို့နိုင်ခဲ့ကြောင်း သိရ သည်။
.
.
သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦး မြင့်နိုင်၊ ခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရီ ထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် နိုဝင်ဘာလ ၂၁ ရက်က တင် မြင့်ရီကုမ္ပဏီမှ မြန်မာ့သစ်လုပ်ငန်း နှင့် ချုပ်ဆိုဝယ်ယူထားသော ကျွန်း သစ်ခွဲသား ဆိုဒ်စုံ ၁၁၁၂ ဒသမ ၉၆၅၇ တန်အနက် ပထမအကြိမ်အဖြစ် ထိုင်းနိုင်ငံသို့ ၉၉ ဒသမ ၇၈၃၀ တန် အား မြန်မာ- ထိုင်း အမှတ် (၂) ချစ် ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ ပို့ ဆောင်ရန် မော်တော်ယာဉ် ၈ စီးဖြင့် တင်ဆောင်ထားမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
.
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ဝဏ္ဏသိန်း သန်း ကုမ္ပဏီလုပ်ငန်းခွင်၌ မဂ္ဂနီးမိုင်း တွင်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မယ်ခေါင်ရပ်ကွက်ရှိ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဌာနစု အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ ရာတွင် တာဝန်ရှိသူများက ကဏ္ဍအ လိုက် လက်ရှိဆောင်ရွက်နေသည့် အခြေအနေနှင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဆောင်ရွက်မည့်အခြေ အ နေများကို ရှင်းလင်းတင်ပြရာ ပြည် ထောင်စုဝန်ကြီးက လိုအပ်သည်များ ကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရ သည်။
.
အဆိုပါ နယ်စပ်ဖြတ်ကျော် တင်ပို့မည့် သစ်များကို ပြည်ထောင်စု အ စိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၈ ရက်စွဲပါ ညွှန်ကြားချက်အ ရ မြန်မာ့သစ်လုပ်ငန်းဌာနမှ TLO ၁၃/၂၉၁၄/ ၂၀၁၅ ဖြင့် တင်မြင့်ရီ ကုမ္ပဏီမှ စာချုပ်ချုပ်ဆို၍ ဝယ်ယူ ခွင့် ရရှိထားသော ကျွန်း သစ်လုံး ၂၈၁၈ တန်အား တာချီလိတ်မြို့တွင် ခွဲသားအဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်း ခွဲသားများကို မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေး တံတားမှ ထိုင်း နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်တင်ပို့ နိုင်ရေးအတွက် သစ်တောဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကုန်သွယ်ရေး၊ လဝကနှင့် အကောက်ခွန်ဌာနတို့ ပါ ဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် စနစ်တကျ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats