တာချီလိတ် NLD ရုံးတွင် အမျိုးသမီးများ နိုင်ငံရေးကို စိတ်ပါဝင်စားမှု ရှိစေရန်အတွက် အမျိုးသမီးနှင့် နိုင်ငံရေး စွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, November 24, 2019

တာချီလိတ် NLD ရုံးတွင် အမျိုးသမီးများ နိုင်ငံရေးကို စိတ်ပါဝင်စားမှု ရှိစေရန်အတွက် အမျိုးသမီးနှင့် နိုင်ငံရေး စွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်


စုလှိုင်
.
အမျိုးသမီးများ နိုင်ငံရေးကို စိတ်ပါဝင်စားမှု ရှိလာစေရန်အတွက် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၂၁ ရက်က အမျိုးသမီးလူ့အခွင့်အရေးနှင့် နိုင်ငံရေးစွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
.
ရန်ကုန်၊ နေပြည်တော်မှာသင်လိုက်တဲ့ အမျိုးသမီးနဲ့ နိုင်ငံရေးသင်တန်းကို သွားတက်တဲ့သူတွေပဲ ဒီမှာပြန် ပို့ချတာပါ။ ကျွန်တော်တို့ ပါတီတွင်းပါပဲ။ အမျိုးသီးတွေ နိုင်ငံရေးကို စိတ်ပါဝင်စားမှုရှိအောင် လိုပါ။ ၂၀၂၀ ကျရင်လည်း အလုပ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်း နှင့် ပြန်ကြားရေးအဖွဲ့မှ ဦးသက်မိုးထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါသင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသီးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဒေါ်အယ်လီစဘက် က တာဝန်ယူပို့ချခဲ့ပြီး သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကာ သင်တန်းကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက် ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''ကိုယ်စီမှာရှိနေတဲ့ အရည်အချင်းကို ပိုပြီးတိုးတက်မြင့်မားလာအောင် လုပ်ဆောင်ပြီး ကိုယ့်နိုင်ငံအတွက် အတူတကွ ဝိုင်းဝန်း ချီးတက် လုပ်ဆောင်နိုင်ဖို့အတွက် သင်တန်းပို့ချခဲ့တာပါ"ဟု သင်တန်းနည်းပြ ဒေါ်အယ်လီ စဘက်က ပြောသည်။
.
သင်တန်းဖွင့်ပွဲသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် အရှေ့ပိုင်း ဥက္ကဋ္ဌ ဦးစိုင်းရှဲန်တွီ၊ အဖွဲ့ဝင် ဦးကျရင်၊ ခရိုင်အတွင်းရေးမှူး ဦးမိုးမင်းနှင့် EC အဖွဲ့ ဝင်များ၊ အမျိုးသမီးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats