တာချီလိတ်တွင် ပထမအကြိမ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, November 8, 2019

တာချီလိတ်တွင် ပထမအကြိမ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည်


မိုင်းမော (တြိဂံနယ်မြေ)
.
မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် ပထမအကြိမ်အဖြစ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ 1G1 ဟိုတယ် ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က အဖွင့်အမှာစကားပြောကြားပြီး ပွဲတော်ကျင်းပရေးကော်မတီနာယကအဖွဲ့ ဦးစန်သိန်း က မီးပုံပျံပွဲတော်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် တက်ရောက်လာသူများက မိမိတို့တာဝန်ယူထားသည့် အခန်းကဏ္ဍအလိုက် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို အပြန်အလှန်ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
.
ပွဲတော်ကို တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်ရှိ ရှမ်းယဉ်ကျေးမှုကွင်းပြင်၌ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညလွှတ်မီးကြီး တစ်လုံးနှင့် ပံ့သကူ မီးပုံပျံအလုံး ၂၀၀ ခန့် လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
''မြို့ရဲ့စည်းလုံးမှုကို ပြသလို့၊ မြို့ရဲ့ ပြရုပ်တစ်ခုကို ဖော်ဆောင်တဲ့ အနေအထားတစ်ခုလည်းဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံကိုလည်း ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့ ပြချင်တယ်။ မီးပုံပျံကိုလည်း ကျွန်တော်တို့ နိုင်ငံက စခဲ့တယ်ဆိုတာကိုလည်း ကမ္ဘာက သိစေချင်တယ်။ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ နယ်စပ်ဖြစ်တဲ့အတွက် ကမ္ဘာကို ချပြတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
.
ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့မမြိုဖများ၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)နှင့် ကော်မတီဝင်များ၊ ပူးပေါင်းပါဝင်မည့် ဆပ်ကော်မတီဝင်များ၊ မီးပုံပျံပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဖိတ်ကြားထား သူများ စုစုပေါင်း ၆၀ ဦးခန့်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats