တာချီလိတ်တွင် ထိုင်းနိုင်ငံသားတစ်ဦးထံမှ ငွေကျပ် ၅၂၈ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, November 13, 2019

တာချီလိတ်တွင် ထိုင်းနိုင်ငံသားတစ်ဦးထံမှ ငွေကျပ် ၅၂၈ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းရှိ ပြည်သူ့စစ်ဂိတ်အနီးတွင် နိုဝင်ဘာလ ၁၂ ရက်၊ ညနေပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးထံမှ ကျပ် ၅၂၈ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာလ ၁၂ ရက်၊ ညနေ ၆ နာရီခန့်က ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဧရာဝဏ်ဟိုတယ်ဘက်မှ မြန်မာ--ထိုင်းနယ်စပ်၊ မယ်ဆိုင်ချောင်း ပြည်သူ့စစ်ဂိတ်ဘက်သို့ လမ်းလျှောက်လာသူ ထိုင်းနိုင်ငံသား Mr.Chuen Khwa Sae Wun အား စစ်ဆေးရာ ၎င်းထံမှ ဘိန်းဖြူဘလောက်တုံး အလေးချိန် ၃၃၀ ဂရမ်ပါ တစ်တုံး၊ ကာလတန်ဖိုးငွေကျပ် ၅၂၈ သိန်းခန့်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာ-ထိုင်း အမှတ် (၁၁) ချစ်ကြည်ရေးတံတားကနေ တာချီလိတ်ကို ဝင်ရောက်ခဲ့တာပါ။ တာချီလိတ်မှာရှိတဲ့ သူ့အသိ ထိုင်းနိုင်ငံသူက သယ်ဆောင်ခိုင်းတဲ့အချိန် ပူးပေါင်းအဖွဲ့နဲ့တွေ့ပြီး ဖမ်းဆီးရမိတာပါ။ ကွင်းဆက်ဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား Mr.Chuen Khwa Sae Wun (၄၆ နှစ်)၊ ဂမ်စလောင်ရွာ၊ ချင်းရိုင်းခရိုင်၊ ထိုင်းနိုင်ငံနေသူအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁၄၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats