ဝာာချီလိတ်တွင် CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, November 9, 2019

ဝာာချီလိတ်တွင် CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်သွားမည်


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ ၁၀၉ ဒသမ ၉၀၇ သန်းဖြင့် အများ ပြည်သူ သွားလမ်းများနှင့် မီးပွိုင့်များ တွင် CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရ သည်။
.

.
"တာချီလိတ်မြို့မှာ CCTV တွေ တပ်ဖို့အတွက် ငွေလည်း ကျနေပါပြီ။ ဒီလကနေစပြီး အကောင်အထည် ဖော်ရမှာပေါ့။ Control Center လုပ် ဖို့အတွက်ကတော့ အခုလိုမျိုး တစ် နှစ်ထက်တစ်နှစ် ဘတ်ဂျက်ထပ် တင်ပြီး လုပ်သွားမှာပါ။ CCTV တပ် ဆင်ဖို့ကို ရှမ်းပြည်နယ် အစိုးရက တင်ဒါခေါ်ပြီး အောင်မြင်တဲ့ ကုမ္ပဏီ က တပ်ဆင်သွားရမှာပါ" ဟု ရှမ်း ပြည်နယ်လွှတ်တော် ဒေသန္တရ စီမံ ကိန်းနှင့် ရသုံးဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်တင့်က ပြော သည်။
.
လက်ရှိတွင် တာချီလိတ်မြို့ပေါ် ရှိ အဓိကကျသည့် ဟောင်လိတ်လမ်း ဆုံမီးပွိုင့်၊ အာခါစျေးမီးပွိုင့်၊ ပါလျံမီး ပွိုင့်၊ မြန်မာ-ထိုင်းအမှတ်(၂)တံတား မီးပွိုင့်၊ ရှမ်းရိုးမကွင်း မီးပွိုင့်စသည့် ဗိုလ်ချုပ်လမ်းမပေါ်က မီးပွိုင့် ၅ နေ ရာကို အလှူရှင်များ၏ ထည့်ဝင် ငွေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက CCTV  လုံခြုံရေး ကင်မ ရာများ တပ်ဆင်ထားပြီး ကျန်ရှိသည့် မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ဟွေခိုက် ရွာလမ်းအကွေ့၊ ကာလေး ကွင်းရှေ့၊ အာခါစျေး နောက်ဝိန်း  ကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့၊ ပါလျှံ (၁) ဘုရားကြီးကျောင်း ရှေ့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပုံလို့လမ်း ဆုံနေရာ၊ ပုံလို့လမ်းနှင့် လားဟူစျေး သွားလမ်းထောင့်၊ ဆန်ဆိုင်း ဟိုတယ် နှင့် ဆန်ဆိုင်စျေးသွားလမ်းထောင့်၊ မြို့ရှောင်လမ်းနှင့် ကြက်ခြေနီရုံး အ နီး တံတားလမ်းထောင့်၊ အမှတ် (၁) တံတား အဝိုင်းပတ်လည်နေရာ၊ အ မှတ် (၁)ချစ်ကြည်ရေး တံတားပေါ်၊ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေး ရေးဂိတ်၊ လေယာဉ်ကွင်း လမ်းဆုံ နေရာ၊ ရွှေတိဂုံဘုရား အောက်ခြေ လမ်းဆုံနေရာနှင့် ရွှေတိဂုံရင်ပြင် တော်နေရာနှင့် ဟွေရဲ ပူးပေါင်းစစ် ဆေးရေးဂိတ် စသည့်နေရာများတွင် လုံခြုံရေးကင်မရာ (CCTV)များကို တင်ဆင်သွားရန် ရှိကြောင်း သိရ သည်။
.
တာချီလိတ်မြို့တွင် လုယက်မှု၊ ခိုးမှု၊ လူသတ်မှု၊ ရွှေဆိုင်များအား ဓါးပြတိုက်/လုယက်မှု၊ သေနတ်ပစ် ခတ်မှု၊ ယာဉ်တိုက်ပြီး ထွက်ပြေး လွတ်မြောက်မှု စသည့် မှုခင်းကျ ဆင်းရေး အထောက်အကူ ဖြစ်စေ ရန်နှင့် အများပြည်သူ သွားလာရာ တွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လုံခြုံရေးကင်မရာများအား တပ်ဆင်ခြင်း ဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats