နမ္မရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအား ပြည်နယ်လျှပ်စစ်ဝန်ကြီး သွားရောက်တွေ့ဆုံ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, November 27, 2019

နမ္မရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအား ပြည်နယ်လျှပ်စစ်ဝန်ကြီး သွားရောက်တွေ့ဆုံ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ဆိုင်းလှိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နမ္မရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက နမ္မတူရေအားလျှပ်စစ်စီမံကိန်း ကို ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒေသအတွက် ထိခိုက် နစ်နာမှု မရှိစေရေး အသေးစိတ်ဆန်းစစ်လေ့လာပြီးမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် Uni Energy ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာတို့က နမ္မရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် နမ္မရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် လျာထားသည့် နမ္မချောင်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
နမ္မရေအားလျှပ်စစ်စီမံကိန်းကို သီပေါမြို့နယ်၊ နမ္မချောင်းပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး စက်တပ်အင်အား ၂၅ မဂ္ဂဝပ်ရှိသည့် အသေးစား ရေအားလျှပ်စစ်စီမံကိန်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာ ဦးသိန်းထွန်း၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းခမ်းမောင်နှင့် ဒေါ်စန်းစန်းအေး၊ Uni Energy ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးသန်းဝင်းစိုး၊ သီပေါမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မခေါ်ကျေးရွာအုပ်စု၊ ဆိုင်းလှိုင်ကျေးရွာအုပ်စု၊ နမ္မကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)