ရှမ်းပြည်နယ်တွင် ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အအုံ ၂ လုံး တည်ဆောက်နိုင်ရန် တင်ပြထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, November 21, 2019

ရှမ်းပြည်နယ်တွင် ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အအုံ ၂ လုံး တည်ဆောက်နိုင်ရန် တင်ပြထား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တွင် သဘာဝဘေး အန္တရာယ် ကျရောက်လာပါက ပြည်သူများ အသုံးပြုခိုလှုံနိုင်ရန်အတွက် ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အအုံ ၂ လုံး တည်ဆောက်နိုင်ရန် ရှမ်းပြည်နယ် ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနမှ အထက်ဌာနများသို့ တင်ပြထားကြောင်း သိရသည်။
.
.
အဆိုပါ ဘက်စုံသုံး ဘေးဒဏ် ခံအဆောက်အအုံများကို ရှမ်းပြည် နယ်မြောက်ပိုင်းရှိ ကျောက်မဲနှင့် သီပေါ မြို့နယ်များတွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန မှ သိရသည်။
.
မီးဘေး၊ရေဘေး၊ နောက်တိုက် ပွဲရှောင်ဘေးကအစ ခိုလှုံနိုင်အောင် အဆောက်အဦဆောက်ဖို့ တင်ပြ ထား ပါတယ်။ ဘက်စုံသုံး ဘေးဒဏ် ခံ အဆောက်အအုံကတော့ သဘာ ဝဘေး ကျရောက်တဲ့အခါမှာ ပြည် သူတွေ ခိုလှုံဖို့ အဆောက်အဦ ဆောက်မှာဖြစ်ပါတယ်။ ရှမ်းပြည် နယ်မှာတော့ အခုလက်ရှိ သဘာဝ ဘေးဒဏ်ဆိုရင် မုန်တိုင်းဘေးကျဖို့ သိပ်မရှိပါဘူး။ တခြားသဘာဝဘေး ဒဏ်တွေ ကျရောက်လာပြီဆိုရင် သုံး လို့ရအောင် ဘက်စုံသုံးစွဲနိုင်အောင် ဖြစ်တယ်” ဟု ရှမ်းပြည်နယ် ဘေး အန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တွင် သဘာဝဘေး အန္တရာယ် ကျရောက်မှု အနေဖြင့် ယခုနှစ်အတွင်း အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လေပြင်းဘေး အန္တရာယ်နှင့် တိုက်ပွဲရှောင်ဘေး အန္တရာယ်သည် အများပြားဆုံး ဖြစ် ကြောင်း ရှမ်းပြည်နယ် ဘေးအန္တ ရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရ သည်။
.
လက်ရှိတွင် သဘာဝဘေးအန္တ ရာယ် ကျရောက်လာပါက ဘက်စုံ သုံး ဘေးဒဏ်ခံ အဆောက်အအုံ တစ်လုံးအား ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့်နှစ်က ဆောက်လုပ်ထား ပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အဆောက်အအုံများသည် သဘာဝအန္တရာယ်ကျရောက် ခြင်းအတွက် အသုံးပြုရုံသာမက ခန်းမသော် လည်းကောင်း၊ စာသင် ကျောင်း သော်လည်းကောင်း၊ ဆေး ပေးခန်းသော်လည်းကောင်း အသုံး ပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည် နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာနမှ သိရသည်။
.
ထို့အပြင် လားရှိုးမြို့နယ်တွင် သဘာဝဘေး အန္တရာယ်ကျရောက် လာပါက အသုံးပြုနိုင်ရန်အတွက် ဘက်စုံသုံး ဘေးဒဏ်ခံအဆောက် အအုံ ဆောက်လုပ်နိုင်ရန် ထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော်အဆင့် ငလျင်ဘေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့ပြီး အမျိုးသားအဆင့် ငလျင်ဘေးအန္တ ရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း နှင့် တုံ့ပြန်ရေး စီမံချက်ကို ၂၀၁၈ ခုနှစ်တွင် ရေးဆွဲခဲ့ကာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အ ကြံပေးပညာရှင်များအဖွဲ့ ဖွဲ့စည်း၍ အကြံဉာဏ်များ ရယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats